ကားပေါ် ဖုန်းကျန်ခဲ့တာကို (၅) သိန်းနဲ့ ပြန်ရွေးခိုင်းတဲ့ Taxi သမား၊ ဦးထွန်းလင်းခြံလမ်းနား ဂိတ်ကပါ
ကားပေါ် ဖုန်းကျန်ခဲ့တာကို (၅) သိန်းနဲ့ ပြန်ရွေးခိုင်းတဲ့ Taxi သမား၊ လှည်းတန်း ဦးထွန်းလင်းခြံလမ်းနား ဂိတ်ကပါ..
မနေ့ကညီမနဲ့ ညီမသူငယ်ချင်းတို့နှစ်ယောက် လှည်းတန်းဦးထွန်းလင်းခြံနားက Taxi ဂိတ်က ပုံပါအတိုင်း
အဲ့ Taxi သမားကားကို ငှားစီးပါတယ်.. နောက်ညီမတို့ Junction Square အရှေ့မှာဆင်းပါတယ်..
ဆင်းခါနီး Ph ဆက်ပြီး အထုပ်တွေကများတေ့ာ Ph ကို သတိမထားမိပဲ ဘေးမှာချထားခဲ့မိတယ်..
နောက်တေ့ာ Center ထဲဝင်တေ့ာမှ Ph က Taxi ပေါ်ကျန်ခဲ့တယ်ထင်မိလို့ Ph ကိုလည်း ဆက်တိုက် ဆက်တာ ဝင်ပေမယ့် Ph မကိုင်ဘူး..
အဲ့ဒါနဲ့ ညီမတို့လည်း လှည်းတန်းနားက သူ့ဂိတ်ကိုလိုက်သွားပြီ ဂိတ်က သူနဲ့သိတဲ့ကားသမားကို ph ပါသွားတာသေချာ မသေချာ ph ဆက်ပြီးလှမ်းမေးခိုင်းတေ့ာ ကားထဲမှာလည်းစစ်ပြီးပြီ မတွေ့ဘူးလို့ ညာပြောပါတယ်။
အဲ့လိုနဲ့ ညီမတို့ Map ကနေ Location လှမ်းထောက်တေ့ာ တာမွေဘက်မှာတွေ့လို့ ညီမတို့လည်း တာမွေအထိလိုက်သွားပြီး နောက်သူက ph sim card ထုတ်လိုက်လို့လားမသိဘူး Location က တာမွေမှာတင် ရပ်သွားပါတယ်..
အဲ့လိုညီမတို့လည်း ပြန်လှည့်ခဲ့ရတယ်..
ည ၈ နာရီကျော်လောက် ညီမတို့ဆီ သူဆက်သွယ်လာပါတယ်.. သူ့ကားသိမ်းတော့မှ ph ကိုတွေ့တယ်လို့ ပြောပါတယ်..
ဒီညသူမှော်ဘီရောက်နေလို့ မနက်ဖြန်မှ Ph လာပေးမယ်လို့ပြောပါတယ်.. သေချာတာတစ်ခုကတော့ သူလိမ်ပြောနေတာပါပဲ.. မှော်ဘီကနေလှည်းတန်းထိ ဘယ်သူကမှ ကားလာမဆွဲလောက်ဘူး..
နောက်ပြီး ကားသိမ်းတော့မှ တွေ့တယ်ဆိုရင် သူ့ကားထဲမှာ တစ်ချိန်လုံးရှိနေတဲ့ ph ကသူ့အလိုလို စက်ပိတ်သွားစရာအကြောင်းမရှိပါဘူး..
ph ကလည်း Silent မချထားသလို အားအပြည့်ရှိပါတယ်.. ပြီးတော့ ph က IPhone ဖြစ်တဲ့အတွက်ကြောင့် password မသိရင်ဘာမှလုပ်လို့မရလို့ ညီမတို့ဆီပြန်ပြီးဆက်သွယ်ပြီး ငွေညှစ်ချင်လို့ပါ..
အစကလူကောင်းပုံစံနဲ့ ပြန်ပေးမလိုလိုပြောပြီး နောက်မနက်ရောက်တေ့ာ ပုံကအတိုင်း ညီမတို့ဆီငွေ ၅ သိန်းတောင်းပါတယ်..
ညီမတို့လည်း အဲ့လောက်မရှိကျတေ့ာ သူနဲ့စျေးညှိခဲ့ပါတယ်.. ၃ သိန်းလို့ သူတောင်းပါတယ်.. ညီမတို့မှာ ၂ သိန်းပဲရှိတေ့ာ ၂ သိန်းနဲ့ညှိခဲ့ပေမယ့် မရခဲ့ပါဘူး..
နောက်တေ့ာ သူချိန်းတဲ့နေရာကို ညီမတို့သွားခဲ့ပါတယ်.. သူ့ကားထဲဝင်ခိုင်းပြီး K pay ကနေတစ်ဆင့် သူ့ Wave ထဲလွဲခိုင်းပါတယ်..
ငွေလွဲပြီးတေ့ာ Ph ပြန်ရခဲ့ပေမယ့် Ph cover ကတေ့ာကွဲတဲ့နေရာက ကွဲဖြစ်နေပါပြီ.. တကယ်ဆိုသူများပစ္စည်းကို ပြန်မပေးပဲ ငွေညှစ်တောင်းတာမလုပ်သင့်ပါဘူး..
လူတိုင်းမှာ ကိုယ့်အခက်ခဲနဲ့ကိုယ် ရှိတာမှန်ပေမယ့်လည်း ဒါမျိုးက မလုပ်သင့်ပါဘူးနော်..
Ed-လှည်းတန်းဦးထွန်းလင်းခြံ နားက သူ့ Taxi ဂိတ်ကလူတွေကပြောပါတယ်.. “ဂိတ်ကကားထဲမှာ ပစ္စည်းတစ်ခုခုကျန်ခဲ့ရင် ကျွန်တော်တို့ဂိတ်က ပြန်ရပါတယ် ပြန်ပေးပါတယ်” လို့ပြောခဲ့ပေမယ့် ငွေတောင်ညှစ်တောင်းခဲ့ပါတယ်..
Ph က Iphone 13 Pro Max ပါ.. ကားနံပါတ်က DD9569 (明月)
crd