စစ္ကိုင္း BLACK WOLF – ARMY တပ္ဖြဲ႕ဝင္ ရဲေဘာ္ႏွစ္ဦး မိုင္းမေတာ္တဆ ျဖစ္ကာ က်ဆုံး
ေအာက္တိုဘာ – ၂၆
စစ္ကိုင္းတိုင္း အေျချပဳ BLACK WOLF – ARMY တပ္ဖြဲ႕က ရဲေဘာ္ႏွစ္ဦး ေအာက္တိုဘာ(၂၄)ရက္က စစ္အုပ္စုကို နံနံသီးေႂကြးဖို႔ ႀကိဳးစားေနရင္း မေတာ္တဆျဖစ္ကာ က်ဆုံးခဲ့ရတယ္လို႔ BLACK WOLF – ARMY က သတင္း ထုတ္ျပန္ပါတယ္
စခစစ္ေၾကာင္းအား နံနံသီးေႂကြးရန္ ေထာင္ေနစဥ္ မေတာ္တဆ ေပါက္ကြဲမႈျဖစ္ပြားခဲ့ၿပီး ေပါက္ကြဲမႈေၾကာင့္ ရဲေဘာ္ ေစာေက်ာ္ေဇာ္ရွိန္း (ခ) ရာဇ ၊ ရဲေဘာ္ တီေကာင္ တို႔ အျပင္းအထန္ဒဏ္ရာ ရရွိခဲ့သည္
ရဲေဘာ္ တီေကာင္သည္ ေပါက္ကြဲမႈျဖစ္ပြားၿပီးေနာက္ ျမင့္ျမတ္စြာ က်ဆုံးၿပီး ရဲေဘာ္ ေစာေက်ာ္ေဇာ္ရွိန္း (ခ) ရာဇ သည္ ျပင္းထန္ေသာဒဏ္ရာအား ကုသေနစဥ္ ျမင့္ျမတ္စြာ က်ဆုံးခဲ့ရသည္ လို႔ BLACK WOLF – ARMY က ေဖာ္ျပပါတယ္
က်ဆုံးရဲေဘာ္ ႏွစ္ဦးစလုံးဟာ အသက္(၂၀)ေက်ာ္အရြယ္ေတြသာ ရွိေသးၿပီး စကစတပ္ အျမစ္ျဖတ္နိုင္ေရး ေႏြဦးေတာ္လွန္ေရးမွာ တက္ႂကြစြာ ပါဝင္တိုက္ခိုက္ေနသူေတြ ျဖစ္တယ္လို႔ နီးစပ္သူေတြက ဆိုပါတယ္
ရဲေဘာ္ ေစာေက်ာ္ေဇာရွိန္း (ခ) ရာဇ ၊ ရဲေဘာ္ တီေကာင္ သင္တို႔သည္ စစ္ေခြးစစ္ေၾကာင္းအားတိုက္ခိုက္ရန္ ဆင္ေနစဥ္ မေတာ္တဆေပါက္ကြဲ ၿပီး ျမင့္ျမတ္စြာ က်ဆုံးခဲ့ ၿပီျဖစ္သည္
သင္တို႔သည္ (BLACK WOLF – ARMY) ၌ ရဲရင့္ ၊ ထူးခၽြန္ ၊ ေျပာင္ေျမာက္စြာ တာဝန္ထမ္းေဆာင္ခဲ့သူမ်ား ျဖစ္ၾကပါသည္။ သင္တို၏ ရဲရင့္မႈ ၊ ထူးခၽြန္ေျပာင္ေျမာက္မႈ ၊ သတၱိရွိမႈ တို႔ကို ကၽြန္ုပ္တို BLACK WOLF – ARMY ရဲေဘာ္မ်ား ေအာက္ေမ့အမွတ္ရလ်က္ရွိပါမည္
” ရဲေဘာ္တို သင္တို႔သည္ ယေန႔မွ စ၍ BLACK WOLF – ARMY ႏွင့္ သက္ဆိုင္ျခင္း မရွိေတာ့ပါ။ သင္တို႔ သြားလိုရာသို႔ သြားနိုင္ၿပီ ျဖစ္သည္။ ” လို႔ BLACK WOLF – ARMY က အမိန႔္ျပန္တမ္း ထုတ္ျပန္ထားပါတယ္
ၿပီးခဲ့တဲ့ ေအာက္တိုဘာ(၈)ရက္ကလည္း ဝက္လက္ၿမိဳ႕နယ္မွာ BLACK WOLF – ARMY တပ္ဖြဲ႕ဝင္ စနိုက္ပါသမား ရဲေဘာ္တစ္ဦး က်ဆုံးခဲ့ပါေသးတယ္
Crd
Unicode
စစ်ကိုင်း BLACK WOLF – ARMY တပ်ဖွဲ့ဝင် ရဲဘော်နှစ်ဦး မိုင်းမတော်တဆ ဖြစ်ကာ ကျဆုံး
အောက်တိုဘာ – ၂၆
စစ်ကိုင်းတိုင်း အခြေပြု BLACK WOLF – ARMY တပ်ဖွဲ့က ရဲဘော်နှစ်ဦး အောက်တိုဘာ(၂၄)ရက်က စစ်အုပ်စုကို နံနံသီးကြွေးဖို့ ကြိုးစားနေရင်း မတော်တဆဖြစ်ကာ ကျဆုံးခဲ့ရတယ်လို့ BLACK WOLF – ARMY က သတင်း ထုတ်ပြန်ပါတယ်
စခစစ်ကြောင်းအား နံနံသီးကြွေးရန် ထောင်နေစဉ် မတော်တဆ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုကြောင့် ရဲဘော် စောကျော်ဇော်ရှိန်း (ခ) ရာဇ ၊ ရဲဘော် တီကောင် တို့ အပြင်းအထန်ဒဏ်ရာ ရရှိခဲ့သည်
ရဲဘော် တီကောင်သည် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် မြင့်မြတ်စွာ ကျဆုံးပြီး ရဲဘော် စောကျော်ဇော်ရှိန်း (ခ) ရာဇ သည် ပြင်းထန်သောဒဏ်ရာအား ကုသနေစဉ် မြင့်မြတ်စွာ ကျဆုံးခဲ့ရသည် လို့ BLACK WOLF – ARMY က ဖော်ပြပါတယ်
ကျဆုံးရဲဘော် နှစ်ဦးစလုံးဟာ အသက်(၂၀)ကျော်အရွယ်တွေသာ ရှိသေးပြီး စကစတပ် အမြစ်ဖြတ်နိုင်ရေး နွေဦးတော်လှန်ရေးမှာ တက်ကြွစွာ ပါဝင်တိုက်ခိုက်နေသူတွေ ဖြစ်တယ်လို့ နီးစပ်သူတွေက ဆိုပါတယ်
ရဲဘော် စောကျော်ဇောရှိန်း (ခ) ရာဇ ၊ ရဲဘော် တီကောင် သင်တို့သည် စစ်ခွေးစစ်ကြောင်းအားတိုက်ခိုက်ရန် ဆင်နေစဉ် မတော်တဆပေါက်ကွဲ ပြီး မြင့်မြတ်စွာ ကျဆုံးခဲ့ ပြီဖြစ်သည်
သင်တို့သည် (BLACK WOLF – ARMY) ၌ ရဲရင့် ၊ ထူးချွန် ၊ ပြောင်မြောက်စွာ တာဝန်ထမ်းဆောင်ခဲ့သူများ ဖြစ်ကြပါသည်။ သင်တို၏ ရဲရင့်မှု ၊ ထူးချွန်ပြောင်မြောက်မှု ၊ သတ္တိရှိမှု တို့ကို ကျွန်ုပ်တို BLACK WOLF – ARMY ရဲဘော်များ အောက်မေ့အမှတ်ရလျက်ရှိပါမည်
” ရဲဘော်တို သင်တို့သည် ယနေ့မှ စ၍ BLACK WOLF – ARMY နှင့် သက်ဆိုင်ခြင်း မရှိတော့ပါ။ သင်တို့ သွားလိုရာသို့ သွားနိုင်ပြီ ဖြစ်သည်။ ” လို့ BLACK WOLF – ARMY က အမိန့်ပြန်တမ်း ထုတ်ပြန်ထားပါတယ်
ပြီးခဲ့တဲ့ အောက်တိုဘာ(၈)ရက်ကလည်း ဝက်လက်မြို့နယ်မှာ BLACK WOLF – ARMY တပ်ဖွဲ့ဝင် စနိုက်ပါသမား ရဲဘော်တစ်ဦး ကျဆုံးခဲ့ပါသေးတယ်
Crd