ဂုဏ္ထူးေတြနဲ႔ (၁၀)တန္းေအာင္ထားတဲ့ စစ္ကိုင္းက (၁၉)ႏွစ္အ႐ြယ္ PDF ရဲေဘာ္တစ္ဦး က်ဆုံး၊
မိုင္းေဖာက္ခြဲဖို႔ ႀကိဳးစားေနရင္း စစ္အုပ္စုနဲ႔ ပစ္ခတ္မႈျဖစ္ကာ က်ဆုံးဟုဆို၊
MFP ၊ ေအာက္တိုဘာ – ၂၆
စစ္ကိုင္း – မုံ႐ြာလမ္းတေလွ်ာက္ စစ္အုပ္စုရဲ႕ ခိုးရာပါ ပစၥည္းသယ္ကားေတြကို အၿမဲမျပတ္ မိုင္းေထာင္ေဖာက္ခြဲ တိုက္ခိုက္ေနတဲ့ Moe Nyo Revolution Force M.N.R.F တပ္ဖြဲ႕က အထူးကြန္မန္ဒိုရဲေဘာ္၊ မိုင္းကြၽမ္းက်င္ ပညာရွင္ အသက္(၁၉)ႏွစ္အ႐ြယ္ ျပည္သူ႔ရဲေဘာ္တစ္ဦး ေအာက္တိုဘာ(၂၄)ရက္က တိုက္ပြဲမွာ က်ဆုံးခဲ့တယ္လို႔ MNRF က သတင္း ထုတ္ျပန္ပါတယ္
က်ဆုံးရဲေဘာ္ အီးဇီးဟာ (၁၀)တန္းစာေမးပြဲကို ဂုဏ္ထူး ႏွစ္ဘာသာနဲ႔ ေအာင္ျမင္ထားသူ ျဖစ္ၿပီး ဖက္ဆစ္တပ္ အျမစ္ျဖတ္ေရး တိုက္ပြဲဝင္ရင္း ေအာက္တိုဘာ(၂၄)ရက္ ေန႔လည္ပိုင္းက စစ္ကိုင္း – မုံ႐ြာလမ္း၊ ျမင္းမူနယ္ထဲမွာ စစ္အုပ္စုကို မိုင္းေထာင္ေဖာက္ခြဲဖို႔ ႀကိဳးစားရင္း တိုက္ပြဲျဖစ္ၿပီး က်ဆုံးတာလို႔ ဆိုပါတယ္
“ေခြးအင္အား (၁၅၀)ေက်ာ္ စစ္ေၾကာင္းအား မိုင္းဆြဲတိုင္ခိုက္ရန္ အသင့္ေစာင့္ေနစဥ္ မိုင္းကြင္းထဲသို႔ မဝင္ဘဲ ေခြးေတြသည္ မိုင္းဆြဲရန္ အသင့္ေစာင့္ေနသည့္ ရဲေဘာ္မ်ား၏ ေနာက္ေက်ာမွ ေရာက္လာၿပီး ႏွစ္ဖက္ထိေတြ႕ တိုက္ပြဲ ျဖစ္ခဲ့သည္။ ထိုတိုက္ပြဲတြင္ ကြၽႏ္ုပ္တို႔ Moe Nyo Revolution Force M.N.R.F တပ္ဖြဲ႕မွ အထူးကြန္မန္ဒို တစ္ေယာက္လည္း ျဖစ္သလို မိုင္းကြၽမ္းက်င္ ပညာရွင္တစ္ဦးလည္းျဖစ္သည့္ အသက္(၁၉)ႏွစ္ တပ္ခြဲ (၂) တပ္စု (၃) တပ္စုမႈး ရဲေဘာ္ အီးဇီး သည္ ႐ြပ္႐ြပ္ခြၽန္ခြၽန္ တိုက္ပြဲဝင္ၿပီး ျမင့္ျမတ္စြာ က်ဆုံး ခဲ့ရသည္” လို႔ MNRF က ေဖာ္ျပပါတယ္
တိုက္ပြဲအတြင္း ရဲေဘာ္အီးဇီးက အျခားရဲေဘာ္ႏွစ္ဦး လြတ္ေျမာက္ေအာင္ ကူညီႏိုင္ခဲ့တယ္လို႔လည္း MNRF က ဆိုပါတယ္
“ရဲေဘာ္ အီးဇီးသည္ သူ၏ ရဲေဘာ္ႏွစ္ဦး မလြတ္ေတာ့မည့္ အေျခေနတြင္ အေယာင္ျပ မွ်ားေခၚၿပီး က်ဆုံးခဲ့ရျခင္း ျဖစ္ပါသည္။ ပထမတစ္ခ်က္ လက္ေမာင္းကို မွန္ခ်ိန္တြင္ သူ၏ လက္လုပ္ေသနတ္ အတိုျဖင့္ ျပန္လည္ပစ္ခတ္ခဲ့ၿပီး ေျပးရာ ဒုတိယ တစ္ခ်က္ ဒူးကိုမွန္၍ လမ္းမေလ်ာက္ႏိုင္ေတာ့ဘဲ ေခြးမ်ား၏ ဝိုင္းပစ္ခတ္ ဖမ္းဆီးျခင္းကို ခံခဲ့လိုက္ရသည္။ ေခြးမ်ား၏ ဖမ္းဆီးျခင္းကို ခံလိုက္ရၿပီး ေမးတာကို မေျဖ၍ လူမဆန္စြာ သတ္ျဖတ္ခဲ့သည္” လို႔ MNRF ရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပပါတယ္
ရဲေဘာ္အီးဇီးဟာ ေမာင္းျပန္မရွိေပမယ့္ ဇြဲ၊သတၱိအျပည့္နဲ႔ တိုက္ပြဲဝင္ခဲ့သူ ျဖစ္တယ္လို႔ MNRF က ဆိုပါတယ္
“ရဲေဘာ္၏ ေပးဆပ္မႈသည္ ကြၽႏ္ုပ္တို႔ M.N.R.F တစ္ဖြဲလုံးတင္မက တစ္ႏိုင္ငံလုံးရွိ ျပည္သူလူထု ရင္ထဲတြင္ ေႏြဦးေတာ္လွန္ေရး၏ သူရဲေကာင္း အျဖစ္ အၿမဲကမၼည္းထိုး မွတ္ေက်ာက္တင္ထားၿပီး ျဖစ္သည္။ရဲေဘာ္၏ ေပးဆပ္မူ႔ကို အလကား မျဖစ္ေစရဟု ကြၽႏ္ုပ္တို႔ အဖြဲ႕သားမ်ားမွ ရဲေဘာ္ အီးဇီး ႏွင့္
ျပည္သူလူထု တစ္ရပ္လုံးအား ျမန္မာႏိုင္ငံတြင္ စစ္အာဏာရွင္စနစ္ ခ်ဳပ္ၿငိမ္းၿပီး စစ္မွန္ေသာ ဖက္ဒရယ္ ဒီမိုကေရစီ ရသည္အထိ တိုက္ပြဲဝင္သြားမည္ဟု ကတိသစၥာျပဳပါသည္။ ရဲေဘာ္ႀကိဳက္တဲ့ Minn Thwin ရဲ႕စာသားေလး Gun တစ္လက္ Campaign ေတြထက္ ယမ္းGame ေတြ ကစားခ်င္တယ္ အေရွ႕ေတာင္အာရွမွာ အေသခံဗုံးခြဲသူဟာ အညာသားေတြ ျဖစ္ေၾကာင္း ကမာၻႀကီးကို သတင္းစကားပါးခ်င္တယ္
ကဗ်ာထဲက စာသားေလးအတိုင္ပါပဲ ကြၽႏ္ုပ္တို႔ M.N.R.F ရဲေဘာ္ေတြ ေမာင္းျပန္ တစ္လက္မွ မကိုင္ႏိုင္ပါဘူး ေမာင္းျပန္ Campaign ဘာညာေတြလဲ တစ္ခါမွ မလုပ္ဖူးပါဘူး လက္လုပ္ေသနတ္နဲ႔ ယမ္းGame ကစားရင္း ( မိုင္းဆြဲတိုက္ခိုက္ရင္း) မေပးသင့္သည့္ တန္ဖိုးရွိလွသည့္ အသက္တစ္ေခ်ာင္း ႏိုင္ငံ၏ အနာဂတ္ ပညာတက္လူငယ္ ဆယ္တန္း ဂုဏ္ထူး(၂)ဘာသာ ျဖင့္ ေအာင္ၿပီးသား သူ၏ ရည္မွန္းခ်က္ေတြကို ေမ့ထားၿပီး တိုင္းျပည္ႏွင့္ ျပည္သူမ်ား အတြက္ လက္လုပ္ေသနတ္ကိုင္ ေတာ္လွန္ေရးလုပ္ရင္း (၁၉)ႏွစ္ အ႐ြယ္ လူငယ္ရဲေဘာ္ေလး အီးဇီး တိုင္းျပည္တာဝန္ကိုေက်ပြန္စြာ ထမ္းေဆာင္ခဲ့ၿပီးျဖစ္သည္
ကဗ်ာဆရာ မိုးအိမ္သစ္ရဲ႕ ကဗ်ာစာသားေလး အတိုင္းေပါ့ “ေရေပၚဆီကေလးေတြ ေအာင္ပြဲခံဖို႔ အေျခခံ လူတန္းစားေတြ ေသေပးေနရတာကို ေတာ္လွန္ေရးလို႔ ေခၚပါတယ္” လို႔ Moe Nyo Revolution Force M.N.R.F က ေဖာ္ျပပါတယ္
MNRF တပ္ဖြဲ႕ဟာ စစ္ကိုင္း – မုံ႐ြာလမ္းတေလွ်ာက္ စစ္အုပ္စုရဲ႕ ခိုးရာပါ ပစၥည္းသယ္ကားေတြနဲ႔ ျပည္သူကို ဖမ္းဆီးေငြညႇစ္ေနတဲ့ စစ္အုပ္စုကို ရရာလက္နက္နဲ႔ ခုခံတိုက္ခိုက္ေနတဲ့ အဖြဲ႕ တစ္ဖြဲ႕ ျဖစ္ပါတယ္
============
ဂုဏ်ထူးတွေနဲ့ (၁၀)တန်းအောင်ထားတဲ့ စစ်ကိုင်းက (၁၉)နှစ်အရွယ် PDF ရဲဘော်တစ်ဦး ကျဆုံး၊
မိုင်းဖောက်ခွဲဖို့ ကြိုးစားနေရင်း စစ်အုပ်စုနဲ့ ပစ်ခတ်မှုဖြစ်ကာ ကျဆုံးဟုဆို၊
MFP ၊ အောက်တိုဘာ – ၂၆
စစ်ကိုင်း – မုံရွာလမ်းတလျှောက် စစ်အုပ်စုရဲ့ ခိုးရာပါ ပစ္စည်းသယ်ကားတွေကို အမြဲမပြတ် မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်နေတဲ့ Moe Nyo Revolution Force M.N.R.F တပ်ဖွဲ့က အထူးကွန်မန်ဒိုရဲဘော်၊ မိုင်းကျွမ်းကျင် ပညာရှင် အသက်(၁၉)နှစ်အရွယ် ပြည်သူ့ရဲဘော်တစ်ဦး အောက်တိုဘာ(၂၄)ရက်က တိုက်ပွဲမှာ ကျဆုံးခဲ့တယ်လို့ MNRF က သတင်း ထုတ်ပြန်ပါတယ်
ကျဆုံးရဲဘော် အီးဇီးဟာ (၁၀)တန်းစာမေးပွဲကို ဂုဏ်ထူး နှစ်ဘာသာနဲ့ အောင်မြင်ထားသူ ဖြစ်ပြီး ဖက်ဆစ်တပ် အမြစ်ဖြတ်ရေး တိုက်ပွဲဝင်ရင်း အောက်တိုဘာ(၂၄)ရက် နေ့လည်ပိုင်းက စစ်ကိုင်း – မုံရွာလမ်း၊ မြင်းမူနယ်ထဲမှာ စစ်အုပ်စုကို မိုင်းထောင်ဖောက်ခွဲဖို့ ကြိုးစားရင်း တိုက်ပွဲဖြစ်ပြီး ကျဆုံးတာလို့ ဆိုပါတယ်
“ခွေးအင်အား (၁၅၀)ကျော် စစ်ကြောင်းအား မိုင်းဆွဲတိုင်ခိုက်ရန် အသင့်စောင့်နေစဉ် မိုင်းကွင်းထဲသို့ မဝင်ဘဲ ခွေးတွေသည် မိုင်းဆွဲရန် အသင့်စောင့်နေသည့် ရဲဘော်များ၏ နောက်ကျောမှ ရောက်လာပြီး နှစ်ဖက်ထိတွေ့ တိုက်ပွဲ ဖြစ်ခဲ့သည်။ ထိုတိုက်ပွဲတွင် ကျွန်ုပ်တို့ Moe Nyo Revolution Force M.N.R.F တပ်ဖွဲ့မှ အထူးကွန်မန်ဒို တစ်ယောက်လည်း ဖြစ်သလို မိုင်းကျွမ်းကျင် ပညာရှင်တစ်ဦးလည်းဖြစ်သည့် အသက်(၁၉)နှစ် တပ်ခွဲ (၂) တပ်စု (၃) တပ်စုမှုး ရဲဘော် အီးဇီး သည် ရွပ်ရွပ်ချွန်ချွန် တိုက်ပွဲဝင်ပြီး မြင့်မြတ်စွာ ကျဆုံး ခဲ့ရသည်” လို့ MNRF က ဖော်ပြပါတယ်
တိုက်ပွဲအတွင်း ရဲဘော်အီးဇီးက အခြားရဲဘော်နှစ်ဦး လွတ်မြောက်အောင် ကူညီနိုင်ခဲ့တယ်လို့လည်း MNRF က ဆိုပါတယ်
“ရဲဘော် အီးဇီးသည် သူ၏ ရဲဘော်နှစ်ဦး မလွတ်တော့မည့် အခြေနေတွင် အယောင်ပြ မျှားခေါ်ပြီး ကျဆုံးခဲ့ရခြင်း ဖြစ်ပါသည်။ ပထမတစ်ချက် လက်မောင်းကို မှန်ချိန်တွင် သူ၏ လက်လုပ်သေနတ် အတိုဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး ပြေးရာ ဒုတိယ တစ်ချက် ဒူးကိုမှန်၍ လမ်းမလျောက်နိုင်တော့ဘဲ ခွေးများ၏ ဝိုင်းပစ်ခတ် ဖမ်းဆီးခြင်းကို ခံခဲ့လိုက်ရသည်။ ခွေးများ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရပြီး မေးတာကို မဖြေ၍ လူမဆန်စွာ သတ်ဖြတ်ခဲ့သည်” လို့ MNRF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်
ရဲဘော်အီးဇီးဟာ မောင်းပြန်မရှိပေမယ့် ဇွဲ၊သတ္တိအပြည့်နဲ့ တိုက်ပွဲဝင်ခဲ့သူ ဖြစ်တယ်လို့ MNRF က ဆိုပါတယ်
“ရဲဘော်၏ ပေးဆပ်မှုသည် ကျွန်ုပ်တို့ M.N.R.F တစ်ဖွဲလုံးတင်မက တစ်နိုင်ငံလုံးရှိ ပြည်သူလူထု ရင်ထဲတွင် နွေဦးတော်လှန်ရေး၏ သူရဲကောင်း အဖြစ် အမြဲကမ္မည်းထိုး မှတ်ကျောက်တင်ထားပြီး ဖြစ်သည်။ရဲဘော်၏ ပေးဆပ်မူ့ကို အလကား မဖြစ်စေရဟု ကျွန်ုပ်တို့ အဖွဲ့သားများမှ ရဲဘော် အီးဇီး နှင့်
ပြည်သူလူထု တစ်ရပ်လုံးအား မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီ ရသည်အထိ တိုက်ပွဲဝင်သွားမည်ဟု ကတိသစ္စာပြုပါသည်။ ရဲဘော်ကြိုက်တဲ့ Minn Thwin ရဲ့စာသားလေး Gun တစ်လက် Campaign တွေထက် ယမ်းGame တွေ ကစားချင်တယ် အရှေ့တောင်အာရှမှာ အသေခံဗုံးခွဲသူဟာ အညာသားတွေ ဖြစ်ကြောင်း ကမ္ဘာကြီးကို သတင်းစကားပါးချင်တယ်
ကဗျာထဲက စာသားလေးအတိုင်ပါပဲ ကျွန်ုပ်တို့ M.N.R.F ရဲဘော်တွေ မောင်းပြန် တစ်လက်မှ မကိုင်နိုင်ပါဘူး မောင်းပြန် Campaign ဘာညာတွေလဲ တစ်ခါမှ မလုပ်ဖူးပါဘူး လက်လုပ်သေနတ်နဲ့ ယမ်းGame ကစားရင်း ( မိုင်းဆွဲတိုက်ခိုက်ရင်း) မပေးသင့်သည့် တန်ဖိုးရှိလှသည့် အသက်တစ်ချောင်း နိုင်ငံ၏ အနာဂတ် ပညာတက်လူငယ် ဆယ်တန်း ဂုဏ်ထူး(၂)ဘာသာ ဖြင့် အောင်ပြီးသား သူ၏ ရည်မှန်းချက်တွေကို မေ့ထားပြီး တိုင်းပြည်နှင့် ပြည်သူများ အတွက် လက်လုပ်သေနတ်ကိုင် တော်လှန်ရေးလုပ်ရင်း (၁၉)နှစ် အရွယ် လူငယ်ရဲဘော်လေး အီးဇီး တိုင်းပြည်တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်ခဲ့ပြီးဖြစ်သည်
ကဗျာဆရာ မိုးအိမ်သစ်ရဲ့ ကဗျာစာသားလေး အတိုင်းပေါ့ “ရေပေါ်ဆီကလေးတွေ အောင်ပွဲခံဖို့ အခြေခံ လူတန်းစားတွေ သေပေးနေရတာကို တော်လှန်ရေးလို့ ခေါ်ပါတယ်” လို့ Moe Nyo Revolution Force M.N.R.F က ဖော်ပြပါတယ်
MNRF တပ်ဖွဲ့ဟာ စစ်ကိုင်း – မုံရွာလမ်းတလျှောက် စစ်အုပ်စုရဲ့ ခိုးရာပါ ပစ္စည်းသယ်ကားတွေနဲ့ ပြည်သူကို ဖမ်းဆီးငွေညှစ်နေတဲ့ စစ်အုပ်စုကို ရရာလက်နက်နဲ့ ခုခံတိုက်ခိုက်နေတဲ့ အဖွဲ့ တစ်ဖွဲ့ ဖြစ်ပါတယ်
crd