အာဏာသိမ်းခေါင်းဆောင်ထံ ဗိုလ်ချုပ်ဂွန်မော် ပေးတဲ့ သတင်းစကား
ဧရာဝတီ၊ အောက်တိုဘာ ၂၅၊ ၂၀၂၂
အာဏာသိမ်းစစ်ကောင်စီက ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ၏ ၆၂ နှစ်ပြည့် အထိမ်းအမှတ် တေးဂီတပွဲအား တိုက်လေယာဉ်များဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားများအပါအဝင် လူ ၁၀၀ ကျော်သေဆုံးရမှုနှင့် ပတ်သက်ပြီး ဗိုလ်ချုပ်ဂွန်မော်က အာဏာသိမ်းခေါင်းဆောင်ထံ လူမှုကွန်ရက်ကတဆင့် သတင်းစကားပါးတုန့်ပြန်လိုက်သည်။
စစ်ကောင်စီဗုံးကြဲသည့် Anang Pa (အနန့်ပါ) နေရာသည် KIA စခန်းမဟုတ်ဘဲ ခရီးသွားများခေတ္တနားခိုသည့် ဈေးဆိုင်တန်း စခန်းငယ်လေးသာဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
KIO ဗဟိုကော်မတီအနေဖြင့် မြန်မာအစိုးရအဆက်ဆက်ကို ကူညီထောက်ခံသည့်သူများကိုပင်လျှင် ရန်သူအဖြစ်မသတ်မှတ်ခဲ့ပါ၊ ယခု အနန့်ပါသို့ လာရောက်သော ပြည်သူများ၊ ဒေသခံများကို စစ်ကောင်စီမှ ရန်သူသဖွယ်ပြုမူခဲ့ပြီဖြစ်သည်ဟုလည်း ဗိုလ်ချုပ်ဂွန်မော်က ပြောထားသည်။
၎င်းက “အားလုံးရဲ့ ဝမ်းနည်းကြေကွဲမှုနဲ့ မျက်ရည်တွေဟာ တန်ဖိုးမဖြတ်နိုင်တဲ့ ရင်းနှီးမှုတွေဖြစ်လာမှာပါ” ဟုလည်း ပြောထားသည်။

crd