ပရိသတ်ကြီးရေ တစ်ချိန်တုန်းက နာမည်ကြီးခဲ့တဲ့ သီးလေးသီး လူရွှင်တော်အဖွဲ့ကိုတော့ အားလုံးပဲ မှတ်မိကြအုန်းမယ် ထင်ပါတယ်။
နိုင်ငံရေးကိုပဲ အဓိကထား ဖျော်ဖြေခဲ့တဲ့ သီးလေးသီးအဖွဲ့ကတော့ နာမည်အရမ်းကြီးခဲ့ပြီး သူတို့ရဲ့ပြက်လုံးတွေဟာလဲ ပြောစမှတ်တွက်ခဲ့ပါတယ်။
သီးလေးသီးအဖွဲ့ကိုတော့ စိန်သီး၊ပန်းသီး၊ဇီးသီး၊ကြယ်သီး အစရှိတဲ့ လူရွှင်တော် အဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။
သီးလေးသီးအဖွဲ့ဝင်ထဲက လူရွှင်တော် စိန်သီး ဟာ လက်ရှိမှာ လွတ်မြောက်နယ်မြေကို ရောက်ရှိနေပြီး စစ်အာဏာရှင်ကို တိုက်ထုတ်ဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။
သီးလေးသီး ရဲ့ ကျန်တဲ့အဖွဲ့ဝင်တွေကတော့ သူတို့ရဲ့ယုံကြည်ရာနေရာကို ခွဲထုတ်သွားခဲ့ပြီး လက်တွဲပြုတ်သွားခဲ့ပါပြီ။
တရုတ်ထုတ် လိင်ဖျော်ဖြေရေးအရုပ်မ ၂ ခုကို မယ်တော်ကြီး ဟုအမည်တပ်ကာ ရွှေတိဂုံစေတီတော်ကားပါကင်တွင် လူအများ၏ ကန်တော့ခံနေမှု လူမှုကွန်ရက်မှုတွင် ဝေဖန်မှုများမြင့်တက်နေကြတဲ့အပေါ်
လူရွှင်တော် စိန်သီး ကတော့ တိုက်ပွဲသတင်းတွေဖုံးအောင် အာရုံလွှဲနေတဲ့နောက်ကို မလိုက်ကြပါနဲ့လို့ ပြည်သူတွေကို သတိပေးလိုက်ပါတယ်။
” အာရုံလွဲတဲ့နောက်ကို မလိုက်ကြပါနဲ့ ….. ဒါ အရူးကွက်နင်းပြီး အာရုံလွဲနေတာပါ …..အသိ သတိ ရှိကြပါ
ချစ်သောပြည်သူအပေါင်းတို့ ………..” လို့ စိန်သီး ဟာ လူမှု့ကွန်ယက်ပေါ်မှာ သတိပေးထားပါတယ်။
ဒီအကြောင်းနဲ့ပတ်သက်ပြီး အဆိုတော် ဖြိုးကျော်ထိုက် ကလဲ ” သာသနာ့နယ်မြေတောင် Sex doll တွေနဲ့ လူ့သမိုင်းမှာတောင် အမှားတွေနဲ့
မြန်မာပြည်ကြီးဒုက္ခပင်လယ်ဝေနေပြီ အနာဂတ်ကိုတော့ နိုင်သလောက်ပေါ့ဗျာ” လို့ ဖြိုးကျော်ထိုက် ရဲ့ လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားပါတယ်။
crd