ပျောက်ဆုံးနေသည့် ကျောင်းသား ၃ဦးဟု ယူဆရသည့် CCTV တွင်

ေပ်ာက္ဆုံးေနသည့္ ေက်ာင္းသား ၃ဦးဟု ယူဆရသည့္ CCTV တြင္ ေရနစ္၍ ေသဆုံးသြားသည့္ျမင္ကြင္း( ႐ုပ္သံ)

Western News – ေအာက္တိုဘာ၊ ၂၄ ရက္

ယခု CCTV တြင္ ျမင္ေတြ႕ရသည့္ ႐ုပ္သံဖိုင္သည္ စစ္ေတြမွ ေပ်ာက္ဆုံးေနသည့္ ေက်ာင္းသား ၃ဦး ဟုယူဆရသူမ်ားျဖစ္ၾကၿပီး စစ္ေတြကမ္းေျခတြင္ ေရကစားေနစဥ္ ေရနစ္ေသဆုံးသြားသည္ကို ျမင္ေတြ႕ရသည္။

ေပ်ာက္ဆုံးေနသည့္ ေက်ာင္းသား ၃ ဦးထဲမွ ၂ဦး၏ ႐ုပ္အေလာင္းအား ေတြ႕ရွိ၊ ေနာက္ထပ္ တစ္ဦးအား ဆက္လက္ရွာေဖြေန

ၿပီးခဲ့သည့္ ေအာက္တိုဘာ ၂၂ ရက္ေန႔ ကတည္းက ေပ်ာက္ဆုံးေနေသာ စတုတၳတန္းေက်ာင္းသား ၃ဦးထဲမွ ၂ဦး၏ ႐ုပ္အေလာင္းကို ယေန႔ ေအာက္တိုဘာ ၂၄ ရက္ေန႔ မနက္ပိုင္း ၁၀ နာရီႏွင့္ ၁၂ နာရီခြဲ အခ်ိန္ခန႔္တြင္ ေတြ႕ရွိခဲ့ၿပီး က်န္ရွိသူ တစ္ဦးအား ဆက္လက္ရွာေဖြေနေၾကာင္း ကူညီေဆာင္႐ြက္ေနသူမ်ားက ေျပာသည္။

ေပ်ာက္ဆုံးေနသည့္ စတုတၳတန္းေက်ာင္းသား ၃ဦးထဲမွ ေမာင္ဇြဲဘုန္းခန႔္၏ ႐ုပ္အေလာင္းအား စစ္ေတြၿမိဳ႕နယ္ ေက်းေတာ႐ြာမ ေခ်ာင္းနားတြင္ေတြ႕ရွိခဲ့ျဖစ္ၿပီး ၎မွာ ဝတ္ဆင္ထားသည့္ အက်ႌအစိမ္းေရာင္ႏွင့္ ေဘာင္းဘီခဲေရာင္ ဝတ္ဆင္ထားသည္ကိုေတြ႕ရွိရေၾကာင္း ေမတၱာေရာင္ျခည္ေဖာင္ေဒးရွင္း Western News ကိုေျပာသည္။

ေမာင္ဇြဲဘုန္းခန႔္၏ ႐ုပ္အေလာင္းအားကို စစ္ေတြၿမိဳ႕ရင္ခြဲ ႐ုံးသို႔ ပို႔ေဆာင္ထားၿပီး ေနာက္ေပ်ာက္ဆုံးေနသူမ်ားကို ဆက္လက္ ရွာေဖြေနေၾကာင္း ေမတၱာေရာင္ျခည္ေဖာင္ေဒးရွင္းမွ ဥကၠဌ ကိုလင္းလင္းက Western News ကို ေျပာသည္။

“သူက လႈိင္းႀကီးၿပီးေတာ့ ဒီဖက္ေက်းေတာဖက္ကို ေမွ်ာပါလာတာလို႔ထင္တယ္။ ဒီကေန႔ မနက္ပိုင္း ၁၀ နာရီေလာက္မွာ အေလာင္းကို ေတြ႕တာပါ။ ေတြ႕တဲ့သူကေတာ့ ေမာင္ဇြဲဘုန္းခန႔္၏ ႐ုပ္အေလာင္းကို ေတြ႕တာပါ။ အေလာင္းကိုေတာ့ စစ္ေတြရင္ခြဲ႐ုံကို ပို႔ထားပါတယ္” ဟုေျပာသည္။

ေနာက္ထပ္႐ုပ္အေလာင္းကို စစ္ေတြၿမိဳ႕နယ္ ေက်းေတာ႐ြာမ ေနဗီဆိပ္ကမ္းတြင္ ေတြ႕ရွိခဲ့ျခင္းျဖစ္ၿပီး အက်ႌအျပာေရာင္ဝတ္ဆင္ထားကာ ေဂ်ေဂ်ေဘာင္ဘီဝတ္ဆင္ထားေၾကာင္းႏွင့္ ေတြ႕ရွိခဲ့သည့္႐ုပ္အေလာင္း၏ နာမည္ကို အတည္ျပဳေနဆဲျဖစ္ေၾကာင္း ေ႐ႊေရာင္ေမတၱာေဖာင္ေဒးရွင္းမွ သတင္းႏွင့္ ျပန္ၾကားေရးတာဝန္ခံ ကိုေအာင္ေက်ာ္ၿဖိဳးက ေျပာသည္။

“ေနာက္ထပ္ တစ္ေလာင္း ထပ္ေတြ႕ပါတယ္။ ၁၂ နာရီခြဲေလာက္မွာ ေတြ႕တာပါ၊ ေနဗီဆိပ္မွာ အေလာင္းကိုေတြ႕တာပါ။ ဘယ္သူဆိုတာကေတာ့ မသိရေသးပါဘူး။ အက်ႌ အျပာေရာင္ႏွင့္ ဝတ္ထားၿပီး ေဂ်ေဂ်ေဘာင္ဘီဝတ္ဆင္ထားတယ္”ဟုေျပာသည္။

၎ ကေလးသုံးဦးမွာ ရခိုင္ျပည္၊ စစ္ေတြၿမိဳ႕ ျပည္ေတာ္သာရပ္ကြက္မွျဖစ္ၿပီး ၿပီးခဲ့သည့္ ေအာက္တိုဘာ ၂၂ ရက္ေန႔ ကတည္းက ေနအိမ္မွ ထြက္သြားခဲ့ရာကေန ေပ်ာက္ဆုံးေနျခင္းျဖစ္ကာ ယေန႔ မနက္ပိုင္းတြင္ အဆိုပါ သုံးဦးထဲမွ ၂ဦးကို ေတြ႕ရွိခဲ့ျခင္းျဖစ္သည္။

ေအာက္တိုဘာ ၂၂ရက္ေန႔ ညေနပိုင္းက စစ္ေတြၿမိဳ႕ ပြိဳင့္အေရွ႕ရွိ CCTV မွတ္တမ္းကိုWestern News က ၾကည့္ရႈခြင့္ရရွိခဲ့ၿပီး အဆိုပါ ကေလးငယ္ ၃ဦးမွာ စစ္ေတြၿမိဳ႕ ပြိဳင့္အေရွ႕ရွိ ပြိဳင့္အနီး ေက်ာက္ေဆာင္တြင္ ေရစကားေနရာ သူတို႔ ၃ဦးမွ ၁ဦးေရနစ္၍ က်န္၂ ဦးက လိုက္ဆြဲရာ ၃ဦးစလုံးေရထဲက်သြားေၾကာင္းကို ေတြ႕ရွိရသည္။

ေပ်ာက္ဆုံးေနသည့္ ေနာက္ထပ္တစ္ဦးကို ဆက္လက္ရွာေဖြေနၿပီး ယေန႔ ေန႔လယ္ပိုင္းအထိ ေမတၱာေရာင္ျခည္ေဖာင္ေဒးရွင္း၊ ေ႐ႊေရာင္ေမတၱာ ေဖာင္ေဒရွင္းတို႔က ဆက္လက္ ရွာေဖြမႈမ်ား ျပဳလုပ္ေနၾကသည္။

Western News- WN

=========

ပျောက်ဆုံးနေသည့် ကျောင်းသား ၃ဦးဟု ယူဆရသည့် CCTV တွင် ရေနစ်၍ သေဆုံးသွားသည့်မြင်ကွင်း( ရုပ်သံ)

Western News – အောက်တိုဘာ၊ ၂၄ ရက်

ယခု CCTV တွင် မြင်တွေ့ရသည့် ရုပ်သံဖိုင်သည် စစ်တွေမှ ပျောက်ဆုံးနေသည့် ကျောင်းသား ၃ဦး ဟုယူဆရသူများဖြစ်ကြပြီး စစ်တွေကမ်းခြေတွင် ရေကစားနေစဉ် ရေနစ်သေဆုံးသွားသည်ကို မြင်တွေ့ရသည်။

ပျောက်ဆုံးနေသည့် ကျောင်းသား ၃ ဦးထဲမှ ၂ဦး၏ ရုပ်အလောင်းအား တွေ့ရှိ၊ နောက်ထပ် တစ်ဦးအား ဆက်လက်ရှာဖွေနေ

ပြီးခဲ့သည့် အောက်တိုဘာ ၂၂ ရက်နေ့ ကတည်းက ပျောက်ဆုံးနေသော စတုတ္ထတန်းကျောင်းသား ၃ဦးထဲမှ ၂ဦး၏ ရုပ်အလောင်းကို ယနေ့ အောက်တိုဘာ ၂၄ ရက်နေ့ မနက်ပိုင်း ၁၀ နာရီနှင့် ၁၂ နာရီခွဲ အချိန်ခန့်တွင် တွေ့ရှိခဲ့ပြီး ကျန်ရှိသူ တစ်ဦးအား ဆက်လက်ရှာဖွေနေကြောင်း ကူညီဆောင်ရွက်နေသူများက ပြောသည်။

ပျောက်ဆုံးနေသည့် စတုတ္ထတန်းကျောင်းသား ၃ဦးထဲမှ မောင်ဇွဲဘုန်းခန့်၏ ရုပ်အလောင်းအား စစ်တွေမြို့နယ် ကျေးတောရွာမ ချောင်းနားတွင်တွေ့ရှိခဲ့ဖြစ်ပြီး ၎င်းမှာ ဝတ်ဆင်ထားသည့် အင်္ကျီအစိမ်းရောင်နှင့် ဘောင်းဘီခဲရောင် ဝတ်ဆင်ထားသည်ကိုတွေ့ရှိရကြောင်း မေတ္တာရောင်ခြည်ဖောင်ဒေးရှင်း Western News ကိုပြောသည်။

မောင်ဇွဲဘုန်းခန့်၏ ရုပ်အလောင်းအားကို စစ်တွေမြို့ရင်ခွဲ ရုံးသို့ ပို့ဆောင်ထားပြီး နောက်ပျောက်ဆုံးနေသူများကို ဆက်လက် ရှာဖွေနေကြောင်း မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းမှ ဥက္ကဌ ကိုလင်းလင်းက Western News ကို ပြောသည်။

“သူက လှိုင်းကြီးပြီးတော့ ဒီဖက်ကျေးတောဖက်ကို မျှောပါလာတာလို့ထင်တယ်။ ဒီကနေ့ မနက်ပိုင်း ၁၀ နာရီလောက်မှာ အလောင်းကို တွေ့တာပါ။ တွေ့တဲ့သူကတော့ မောင်ဇွဲဘုန်းခန့်၏ ရုပ်အလောင်းကို တွေ့တာပါ။ အလောင်းကိုတော့ စစ်တွေရင်ခွဲရုံကို ပို့ထားပါတယ်” ဟုပြောသည်။

နောက်ထပ်ရုပ်အလောင်းကို စစ်တွေမြို့နယ် ကျေးတောရွာမ နေဗီဆိပ်ကမ်းတွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး အင်္ကျီအပြာရောင်ဝတ်ဆင်ထားကာ ဂျေဂျေဘောင်ဘီဝတ်ဆင်ထားကြောင်းနှင့် တွေ့ရှိခဲ့သည့်ရုပ်အလောင်း၏ နာမည်ကို အတည်ပြုနေဆဲဖြစ်ကြောင်း ရွှေရောင်မေတ္တာဖောင်ဒေးရှင်းမှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုအောင်ကျော်ဖြိုးက ပြောသည်။

“နောက်ထပ် တစ်လောင်း ထပ်တွေ့ပါတယ်။ ၁၂ နာရီခွဲလောက်မှာ တွေ့တာပါ၊ နေဗီဆိပ်မှာ အလောင်းကိုတွေ့တာပါ။ ဘယ်သူဆိုတာကတော့ မသိရသေးပါဘူး။ အင်္ကျီ အပြာရောင်နှင့် ဝတ်ထားပြီး ဂျေဂျေဘောင်ဘီဝတ်ဆင်ထားတယ်”ဟုပြောသည်။

၎င်း ကလေးသုံးဦးမှာ ရခိုင်ပြည်၊ စစ်တွေမြို့ ပြည်တော်သာရပ်ကွက်မှဖြစ်ပြီး ပြီးခဲ့သည့် အောက်တိုဘာ ၂၂ ရက်နေ့ ကတည်းက နေအိမ်မှ ထွက်သွားခဲ့ရာကနေ ပျောက်ဆုံးနေခြင်းဖြစ်ကာ ယနေ့ မနက်ပိုင်းတွင် အဆိုပါ သုံးဦးထဲမှ ၂ဦးကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အောက်တိုဘာ ၂၂ရက်နေ့ ညနေပိုင်းက စစ်တွေမြို့ ပွိုင့်အရှေ့ရှိ CCTV မှတ်တမ်းကိုWestern News က ကြည့်ရှုခွင့်ရရှိခဲ့ပြီး အဆိုပါ ကလေးငယ် ၃ဦးမှာ စစ်တွေမြို့ ပွိုင့်အရှေ့ရှိ ပွိုင့်အနီး ကျောက်ဆောင်တွင် ရေစကားနေရာ သူတို့ ၃ဦးမှ ၁ဦးရေနစ်၍ ကျန်၂ ဦးက လိုက်ဆွဲရာ ၃ဦးစလုံးရေထဲကျသွားကြောင်းကို တွေ့ရှိရသည်။

ပျောက်ဆုံးနေသည့် နောက်ထပ်တစ်ဦးကို ဆက်လက်ရှာဖွေနေပြီး ယနေ့ နေ့လယ်ပိုင်းအထိ မေတ္တာရောင်ခြည်ဖောင်ဒေးရှင်း၊ ရွှေရောင်မေတ္တာ ဖောင်ဒေရှင်းတို့က ဆက်လက် ရှာဖွေမှုများ ပြုလုပ်နေကြသည်။

Western News- WN

crd

Leave a Reply

Your email address will not be published. Required fields are marked *