တရားသူကြီးများကို ဖေ့ဘွတ်ခ် မသုံးစွဲဖို့ စကစ မှ ယခုလို ခံဝန်ထိုးခိုင်း

တရားသူကြီးများကို ဖေ့ဘွတ်ခ် မသုံးစွဲဖို့ စကစ မှ ခံဝန်ထိုးခိုင်း

အောက်တိုဘာ(၂၄) ရက် – နွေဦးအသံ

တရားသူကြီးများကို လူမှုကွန်ရက် (ဖေ့ဘွတ်ခ်) မသုံးစွဲဖို့ အကြမ်းဖက်စစ်ကောင်စီက အမိန့်ထုတ် ခံဝန်ထိုးခိုင်းထားပါတယ်။

လူမှုကွန်ရက်(ဖေ့ဘွတ်ခ်) ကို အများပြည်သူအမြင်မှာ အကျင့်စာရိတ္တပျက်ပြားကြောင်း ၊သမာသမတ်ကျမှုကို ထိခိုက်စေကြောင်း ထင်မြင်စေနိုင်တဲ့ နိုင်ငံရေးဆိုင်ရာ ရေးသားထားသည့်

လူမှုကွန်ရက် ပို့စ်များ တင်ပြချက်များ အောက်မှာ မိမိထင်မြင်ယူဆချက်များ (ကွန့်မန့်) ကို လူသိရှင်ကြား မှတ်ချက်ပြု ရေးသားဆွေးနွေးတာ တွေ မပြုလုပ်ဖို့ ပါရှိပါတယ်။

တရားသူကြီးတွေ အနေနဲ့ တည်ဆဲဥပဒေ နိုင်ငံတော် မူဝါဒတွေကို ဆန့်ကျင်တဲ့ အရေးအသားတွေ ပြုလုပ်ရင် ဒါမှမဟုတ် လူပုဂ္ဂိုလ်တဦးချင်းရဲ့ လုံခြုံရေးကို ထိခိုက်စေနိုင်တဲ့ အပြုအမူတွေ ၊

ဌာနဆိုင်ရာ ဝတ်စုံတွေနဲ့ ပုံတင်ခြင်းတွေ ၊ဖြန့်ဝေခြင်းတွေကို လုံးဝ(လုံးဝ) မလုပ်ဆောင်ကြဖို့ ဝန်ခံကတိ ပြုလက်မှတ်ရေးထိုးရမယ်လို့ ပါဝင်တဲ့ ညွန်ကြားစာ ကို ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

Crd

Leave a Reply

Your email address will not be published. Required fields are marked *