ဆင်ဖြူတော်တွေ့ဟုဆိုကာ စစ်ကောင်စီအဖွဲ့စုံမှတောနင်းရှာဖွေနေ

ရန်ကုန်၊အောက်တိုဘာ ၂၄

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်အတွင်း ဆင်ဖြူတော်တွေ့သည့်သတင်းကြောင့် စစ်ကောင်စီ ရန်ကုန်တိုင်းတိုင်းမှူး၏ ကြီးကြပ်မှုဖြင့် အဖွဲ့စုံမှတောနင်းရှာဖွေနေသည်ဟု သစ်တောနှင့် တပ်သတင်းရင်းမြစ်များ၏ ပြောဆိုချက်အရသိရသည်။

တိုက်ကြီးမြို့နယ် ကွမ်းသီးမြောင်ကျေးရွာ အနီးခရိုင်ချင်းဆက်လမ်းနှင့် မြောက်လှိုင်ရိုးမ ကြိုးဝိုင်းတဝိုက် တွင် စစ်ကောင်စီတပ်ဖွဲ့၊သစ်တောဝန်ထမ်း၊ထွေအုပ်ဝန်ထမ်းများဖြင့် ရှာဖွေနေခြင်းဖြစ်ကြောင်း သတင်း ရင်းမြစ်များမှပြောသည်။

ပြီးခဲ့သည့်စက်တင်ဘာ ၉ ရက်နှင့်အောက်တိုဘာ ၁၀ ရက်နေ့ ညနေပိုင်းတို့တွင် အကောင် ၁၀ကောင်နီးပါး ရှိသည့် ဆင်အုပ်တွင် ဆင်ဖြူတစ်ကောင်ပါလာသည်ဟု ဒေသခံများ သတင်းပေးပို့ချက်အရ ရန်ကုန်တိုင်း စစ်ကောင်စီဖွဲ့မှ တောနင်းရှာဖွေနေခြင်းဖြစ်ကြောင်း သိရသည်။

ကွမ်းသီးမြောင်ရွာအနီး စခန်းချ၍ ဒရုန်းများကိုပါအသုံးပြုပြီးရှာဖွေနေခြင်းဖြစ်ပြီး ယင်းအနီးတဝိုက် လယ်စောင့်တဲ ဥယာဉ်ခြံမြေစောင့်တဲများတွေ့ရင်လည်း အင်အားသုံးဖျက်ခိုင်းတာမျိုးများလည်း ပြုလုပ်နေခြင်းကြောင်းသိရသည်။

ယင်းဆင်ဖြူတော်ကို ရအောင်ဖမ်းပေးနိုင်သည့် ဝန်ထမ်းကို ရာထူးတိုးချီးမြှင့်မည်ဟုလည်း မက်လုံးပေးထားကြောင်း သိရသည်။

ပဒေသရာဇ် ခေတ်အဆက်ဆက်ကတော့ ဆင်ဖြူတော်ကို သာမန် တိရစ္ဆာန် အဖြစ် သဘော မထားဘဲ ဘုန်းကျက်သရေ တိုးစေသည့်အရာဟုဆိုကာ သတ်မှတ်ထားကြသည်ကိုတွေ့ရသည်။

မြန်မာနိုင်ငံက စစ်အုပ်စုခေါင်းဆောင်များသည်လည်း ပဒေသရာဇ် ခေတ်အဆက်ဆက် က အယူအဆ ဟောင်းကို ဆက်လက် စွဲကိုင် ထားကြပြီး ဆင်ဖြူများကို စုဆောင်းကာ ဂုဏ်ယူလေ့ရှိကြသည်။

နိုင်ငံတကာမှာတော့ သိပ္ပံပညာ ရှုထောင့်ကနေ လေ့လာ သုံးသပ်သူများက ဆင်ဖြူဆိုသည်မှာ Albino လို့ခေါ်သည့် မျိုးရိုးဗီဇ ဖောက်ပြန်မှု ကြောင့် ရောဂါ ဖြစ်ပွား နေသော သတ္တဝါ တမျိုးဟု ဆိုထားသည်။

crd

Leave a Reply

Your email address will not be published. Required fields are marked *