မုံရွာ FFP တပ်ဖွဲ့စခန်း စီးနင်းခံရစစ်အုပ်စုက ဓ-ာတုဗုံ-း အသုံးပြုတာကြောင့်…

မုံ႐ြာ FFP တပ္ဖြဲ႕စခန္း စီးနင္းခံရၿပီး ရဲေဘာ္တစ္ဦး က်ဆုံးကာ လက္နက္ခဲယမ္းေတြ ဆုံးရႈံး၊စစ္အုပ္စုက ဓာတုဗုံး အသုံးျပဳတာေၾကာင့္ မူးေဝေအာ့အန္ၿပီး မေျပးႏိုင္ဘဲ က်ဆုံးရတာလို႔ဆို၊

MFP ၊ ေအာက္တိုဘာ – ၂၂

မုံ႐ြာခ႐ိုင္ ျပည္သူကာကြယ္ေရး တပ္မေတာ္ (Chindwin Attack Force) တပ္ရင္း (၂)၊ တပ္ခြဲ(၄) Fight For People – F.F.P ရဲ႕ အေျခစိုက္စခန္း ဒီမနက္ (၆)နာရီမွာ ႐ုတ္တရက္ စီးနင္းခံရၿပီး စစ္အုပ္စုက ဓာတုဗုံးအသုံးျပဳကာ ပစ္ခတ္တဲ့အတြက္ ရဲေဘာ္တစ္ဦး မူးေဝေအာ့အန္ကာ မေျပးႏိုင္ေတာ့တဲ့အခ်ိန္ ဖမ္းဆီး သတ္ျဖတ္ ခံလိုက္ရတယ္လို႔ FFP တပ္ဖြဲ႕ ျပန္ၾကားေရး တာဝန္ခံက MFP ကို ေျပာပါတယ္

ဒီေန႔ ေအာက္တိုဘာ(၂၂)ရက္ မနက္(၆)နာရီမွာ FFP တပ္ဖြဲ႕ရဲ႕ အေျခစိုက္စခန္း စီးနင္းခံရတာ ျဖစ္ၿပီး စစ္အုပ္စုက ဓာတုဗုံး အသုံးျပဳခဲ့တယ္လို႔ FFP ျပန္ၾကားေရးတာဝန္ခံက အခိုင္အမာ ေျပာၾကားပါတယ္။

“မနက္(၆)နာရီေလာက္ စခန္းဝင္စီးခံရတယ္။ အဲဒါကို လက္နက္ႀကီးနဲ႔ ခုခံတယ္။ ႏွစ္ေယာက္ ထိတယ္။ အေသစားဒဏ္ရာမို႔ တြဲေခၚၿပီး ဆုတ္လာခ်ိန္ ဓာတုဗုံးက ငါးေယာက္ၾကား က်တာ။ ငါးေယာက္စလုံး မူးေဝ့အန္ေအာ့ၿပီး ဆက္တြဲမေခၚႏိုင္ေတာ့ဘူး။ တြဲေခၚေနရင္း ဓာတုဗုံးက်တာဆိုေတာ့က်တဲ့ ရဲေဘာ္က က်န္ေနခဲ့တာ။ နယ္ေျမရွင္းလင္းမွ အေလာင္းရတာဗ်ာ” လို႔ FFP ျပန္ၾကားေရး တာဝန္ခံက MFP ကို ေျပာပါတယ္။

စစ္အုပ္စု အသုံးျပဳတဲ့ ဗုံးဟာ ႐ိုး႐ိုးဗုံးမဟုတ္ဘဲ မူးေဝေအာ့အန္ၿပီး အားအင္ကုန္ခမ္းေစတယ္လို႔ ဆိုပါတယ္။မူးေဝေအာ့အန္ၿပီး မေျပးႏိုင္ေတာ့တဲ့အခ်ိန္ စစ္အုပ္စုရဲ႕ ဖမ္းဆီး သတ္ျဖတ္ျခင္း ခံလိုက္ရတဲ့ ရဲေဘာ္ဟာ အသက္(၁၉)ႏွစ္အ႐ြယ္ ရဲေဘာ္ ေဝယံ ျဖစ္ၿပီး ၎အတြက္ ဝမ္းနည္းေၾကာင္း FFP က ထုတ္ျပန္ပါတယ္

“ရဲေဘာ္ကိုေဝယံ (အသက္-၁၉)သည္ ( ၂၂ – ၁၀ – ၂၀၂၂ )ရက္တြင္ စခန္းဝင္စီးသည့္ စစ္ေၾကာင္းအား ခုခံေနစဥ္အတြင္း စကစ ပစ္ခတ္ေသာ လက္နက္ႀကီး ထိမွန္ၿပီး ဒဏ္ရာရကာ စကစဘက္မွ ေနာက္ထပ္ ပစ္ခတ္သည့္ ဓာတုလက္နက္ ထိမွန္ၿပီး မေျပးႏိုင္ဘဲ ဖမ္းဆီး လုပ္ႀကံသတ္ျဖတ္ျခင္း ခံရၿပီး ႏိုင္ငံေတာ္အတြက္ အသက္ေပး၍ ျမင့္ျမတ္စြာ က်ဆုံးခဲ့ရပါသည္

စစ္အာဏာရွင္စနစ္ အျမစ္ျဖတ္ေခ်မႈန္းေရးတြင္ ႏိုင္ငံေတာ္ႏွင့္ ျပည္သူအတြက္ တိုက္ပြဲဝင္ရင္း က်ဆုံးသျဖင့္ ကြၽႏ္ုပ္တို႔ မုံ႐ြာခ႐ိုင္ျပည္သူကာကြယ္ေရး တပ္မေတာ္ (Chindwin Attack Force) တပ္ရင္း – ၂ တပ္ရင္း – ၃ တပ္ရင္း -၄ အေနျဖင့္ မိသားစုႏွင့္ ထပ္တူ ထပ္မွ် ဆိုနင့္ေၾကကြဲ ဝမ္းနည္းရပါသည္။

အာဇာနည္ရဲေဖာ္ ေဆာင္႐ြက္လက္စျဖစ္ေသ ာစစ္အာဏာရွင္စနစ္ အျမစ္ျဖတ္ေခ်မႈန္းေရး တာဝန္မ်ားကို က်န္ရစ္ေသာ ကြၽႏ္ုပ္တို႔ ရဲေဖာ္မ်ားက ဆက္လက္ ထမ္းေဆာင္တိုက္ပြဲဝင္သြားမည္ ျဖစ္ေၾကာင္း ဝန္ခံကတိျပဳပါသည္” လို႔ CAF က ေဖာ္ျပပါတယ္

စခန္း စီးနင္းခံရမႈ ျဖစ္စဥ္မွာ (၄၀မမ) ခုႏွစ္လက္၊ Shot-Gun ႏွစ္လက္ႏွင့္ စခန္းတဲ ႏွစ္လုံး ဆုံးရႈံးခဲ့ရတယ္လို႔ ဆိုပါတယ္။FFP တပ္ဖြဲ႕ဟာ ၿပီးခဲ့တဲ့ ရက္ပိုင္းက မုံ႐ြာ သာစည္ေထာင္ကို ေဆာက္လုပ္ေနတဲ့ ဗိုလ္ေလးအဆင့္ စစ္ေကာင္စီ သစၥာခံ ေထာင္ဝန္ထမ္း တစ္ေယာက္ကို ဖမ္းဆီး အေရးယူႏိုင္ခဲ့တဲ့ အဖြဲ႕ျဖစ္ပါတယ္

==========

မုံရွာ FFP တပ်ဖွဲ့စခန်း စီးနင်းခံရပြီး ရဲဘော်တစ်ဦး ကျဆုံးကာ လက်နက်ခဲယမ်းတွေ ဆုံးရှုံး၊စစ်အုပ်စုက ဓာတုဗုံး အသုံးပြုတာကြောင့် မူးဝေအော့အန်ပြီး မပြေးနိုင်ဘဲ ကျဆုံးရတာလို့ဆို၊

MFP ၊ အောက်တိုဘာ – ၂၂

မုံရွာခရိုင် ပြည်သူကာကွယ်ရေး တပ်မတော် (Chindwin Attack Force) တပ်ရင်း (၂)၊ တပ်ခွဲ(၄) Fight For People – F.F.P ရဲ့ အခြေစိုက်စခန်း ဒီမနက် (၆)နာရီမှာ ရုတ်တရက် စီးနင်းခံရပြီး စစ်အုပ်စုက ဓာတုဗုံးအသုံးပြုကာ ပစ်ခတ်တဲ့အတွက် ရဲဘော်တစ်ဦး မူးဝေအော့အန်ကာ မပြေးနိုင်တော့တဲ့အချိန် ဖမ်းဆီး သတ်ဖြတ် ခံလိုက်ရတယ်လို့ FFP တပ်ဖွဲ့ ပြန်ကြားရေး တာဝန်ခံက MFP ကို ပြောပါတယ်

ဒီနေ့ အောက်တိုဘာ(၂၂)ရက် မနက်(၆)နာရီမှာ FFP တပ်ဖွဲ့ရဲ့ အခြေစိုက်စခန်း စီးနင်းခံရတာ ဖြစ်ပြီး စစ်အုပ်စုက ဓာတုဗုံး အသုံးပြုခဲ့တယ်လို့ FFP ပြန်ကြားရေးတာဝန်ခံက အခိုင်အမာ ပြောကြားပါတယ်။

“မနက်(၆)နာရီလောက် စခန်းဝင်စီးခံရတယ်။ အဲဒါကို လက်နက်ကြီးနဲ့ ခုခံတယ်။ နှစ်ယောက် ထိတယ်။ အသေစားဒဏ်ရာမို့ တွဲခေါ်ပြီး ဆုတ်လာချိန် ဓာတုဗုံးက ငါးယောက်ကြား ကျတာ။ ငါးယောက်စလုံး မူးဝေ့အန်အော့ပြီး ဆက်တွဲမခေါ်နိုင်တော့ဘူး။ တွဲခေါ်နေရင်း ဓာတုဗုံးကျတာဆိုတော့ကျတဲ့ ရဲဘော်က ကျန်နေခဲ့တာ။ နယ်မြေရှင်းလင်းမှ အလောင်းရတာဗျာ” လို့ FFP ပြန်ကြားရေး တာဝန်ခံက MFP ကို ပြောပါတယ်။

စစ်အုပ်စု အသုံးပြုတဲ့ ဗုံးဟာ ရိုးရိုးဗုံးမဟုတ်ဘဲ မူးဝေအော့အန်ပြီး အားအင်ကုန်ခမ်းစေတယ်လို့ ဆိုပါတယ်။မူးဝေအော့အန်ပြီး မပြေးနိုင်တော့တဲ့အချိန် စစ်အုပ်စုရဲ့ ဖမ်းဆီး သတ်ဖြတ်ခြင်း ခံလိုက်ရတဲ့ ရဲဘော်ဟာ အသက်(၁၉)နှစ်အရွယ် ရဲဘော် ဝေယံ ဖြစ်ပြီး ၎င်းအတွက် ဝမ်းနည်းကြောင်း FFP က ထုတ်ပြန်ပါတယ်

“ရဲဘော်ကိုဝေယံ (အသက်-၁၉)သည် ( ၂၂ – ၁၀ – ၂၀၂၂ )ရက်တွင် စခန်းဝင်စီးသည့် စစ်ကြောင်းအား ခုခံနေစဉ်အတွင်း စကစ ပစ်ခတ်သော လက်နက်ကြီး ထိမှန်ပြီး ဒဏ်ရာရကာ စကစဘက်မှ နောက်ထပ် ပစ်ခတ်သည့် ဓာတုလက်နက် ထိမှန်ပြီး မပြေးနိုင်ဘဲ ဖမ်းဆီး လုပ်ကြံသတ်ဖြတ်ခြင်း ခံရပြီး နိုင်ငံတော်အတွက် အသက်ပေး၍ မြင့်မြတ်စွာ ကျဆုံးခဲ့ရပါသည်

စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေးတွင် နိုင်ငံတော်နှင့် ပြည်သူအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးသဖြင့် ကျွန်ုပ်တို့ မုံရွာခရိုင်ပြည်သူကာကွယ်ရေး တပ်မတော် (Chindwin Attack Force) တပ်ရင်း – ၂ တပ်ရင်း – ၃ တပ်ရင်း -၄ အနေဖြင့် မိသားစုနှင့် ထပ်တူ ထပ်မျှ ဆိုနင့်ကြေကွဲ ဝမ်းနည်းရပါသည်။

အာဇာနည်ရဲဖော် ဆောင်ရွက်လက်စဖြစ်သေ ာစစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေး တာဝန်များကို ကျန်ရစ်သော ကျွန်ုပ်တို့ ရဲဖော်များက ဆက်လက် ထမ်းဆောင်တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း ဝန်ခံကတိပြုပါသည်” လို့ CAF က ဖော်ပြပါတယ်

စခန်း စီးနင်းခံရမှု ဖြစ်စဉ်မှာ (၄၀မမ) ခုနှစ်လက်၊ Shot-Gun နှစ်လက်နှင့် စခန်းတဲ နှစ်လုံး ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။FFP တပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက မုံရွာ သာစည်ထောင်ကို ဆောက်လုပ်နေတဲ့ ဗိုလ်လေးအဆင့် စစ်ကောင်စီ သစ္စာခံ ထောင်ဝန်ထမ်း တစ်ယောက်ကို ဖမ်းဆီး အရေးယူနိုင်ခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်

crd

Leave a Reply

Your email address will not be published. Required fields are marked *