႐ိုးသားတဲ့ ေရခဲမုန႔္သည္ ဦးေလးႀကီးနဲ႔ တေသာင္းတန္အတု အျဖစ္အပ်က္ (ဝမ္းနည္းဖို႔ ေကာင္းပါတယ္)
လုပ္စရာပစ္မွတ္က မရွိဆင္းရဲသား ေစ်းသည္ကိုေတာင္ မေရွာင္ေတာ့ဘူး။ ျဖစ္စဥ္က ဒီလိုပါ … ယေန႔ ေမာ္လၿမိဳင္ၿမိဳ႕ ပန္းဘဲတန္းရပ္ကြက္က ေဆးခန္း တခုေရွ႕မွာ ပုံထဲကဦးေလးက တြန္းလွည္းေလးနဲ႔ေရခဲမုန္႔ ေရာင္းေနပါတယ္။
အဲအခ်ိန္မွာ ဆိုင္ကယ္နဲ႔လူတေယာက္က ေရခဲမုန္႔သည္ ဦးေလးေရွ႕မွာရပ္ၿပီး “ေရခဲမုန္႔တခြက္ဝယ္မယ္ ဘယ္ေလာက္လဲ”လို႔ ေမးတယ္ ေရခဲမုန္႔သည္ ဦးေလးက တခြက္ (၅၀၀) လို႔ ေျဖေတာ့ အဲဒီဆိုင္ကယ္နဲ႔လူက လက္ထဲက (၁)ေသာင္းတန္ကို ျပၿပီး တခြက္ဝယ္မယ္ ျပန္အမ္းႏိုင္လားလို႔ ေမးပါတယ္ ( ပိုက္ဆံကိုေတာ့ ျပပဲျပၿပီး မေပးပဲ သူကိုင္ထားပါတယ္)
႐ိုးသားတဲ့ ေရခဲမုန္႔သည္ ဦးေလးႀကီးကလဲ ေရခဲမုန္႔နဲ႔ အမ္းေငြ ပိုက္ဆံ(၉၅၀၀)ျပည့္ေအာင္ ေရတြက္ၿပီး လွမ္းေပးလိုက္ေတာ့ အဲလူက ဆိုင္ကယ္ေပၚမွ ပိုက္ဆံ ၁ ေသာင္းတန္ကို လွမ္းေပးတယ္။ သူေပးတဲ့ (၁)ေသာင္းတန္ကို ၾကည့္လိုက္ေတာ့ အကြက္ေတြကြက္ၿပီး သိသိသာသာထူထူႀကီးနဲ႔ ပုံမမွန္တာ ေတြ႕လို႔ လွမ္းေအာ္ေျပာေတာ့ ဆိုင္ကယ္ကို အတင္းေမာင္း ၿပီး ထြက္ေျပးသြားပါတယ္။
ျဖစ္စဥ္ကို ျမင္တဲ့ ေဆးခန္းက ဆရာဝန္မႀကီးနဲ႔ မိတၱဴ ဆိုင္က လူေတြလဲ ထြက္လာၿပီး ပိုက္ဆံ(၁)ေသာင္း တန္ကို စစ္ေဆးၾကည့္ေတာ့ ေဆးသားေတြကြက္ၿပီး ထူထူေခါက္ေခါက္ႀကီးနဲ႔ ျဖစ္ေနတာကို ေတြ႕ရပါတယ္။ ေသခ်ာစဥ္းစားၾကည့္ပါ။ ေရခဲမုန္႔သည္ ဦးေလးႀကီးက တေန႔လုံးေရာင္းမွ (၉၅၀၀)ဖိုး ရခ်င္မွ ရပါမယ္။ ဒီေရခဲမုန္႔ ေရာင္းရမွ မိသားစု အိမ္စာရိတ္ ထမင္းဖိုး ရမယ္ဆိုရင္ ဘယ္လိုလုပ္မလဲ။ ကိုယ္ခ်င္းစာတရားေတာင္ မထားၾကေတာ့ဘူး။ လမ္းေဘး ေရခဲမုန္႔သည္ကိုေတာင္ မခ်န္ေတာ့ဘူး။
ေရာင္းအားႀကီးတဲ့ စားေသာက္ဆိုင္ႀကီးေတြမွာ သြားလုပ္လို႔ လြတ္သြားရင္ေတာင္ မေျပာေသးပါဘူး။ ခုက လုပ္ထြက္ၾကတယ္။ ဒီျဖစ္စဥ္ကို ျမင္တဲ့ ေဆးခန္းမွ ဆရာဝန္မႀကီးမွ ေရခဲမုန္႔သည္ကို စာနာစိတ္နဲ႔ ပိုက္ဆံစိုက္လႉ ေပးၿပီး ကုသိုလ္ျပဳ လႉ ဒါန္းေပးလိုက္ပါတယ္။
ေရခဲမုန္႔သည္ ဦးေလးႀကီးကလဲ စိတ္ထားေလးစားစရာပါ။ ဆရာဝန္မႀကီးကို ေက်းဇူးအထပ္ထပ္တင္ရင္း ျဖစ္စဥ္ကို အိမ္က သူ႔မိန္းမကို ျပန္ေျပာျပၿပီး ေငြကို မီးရႈိ႕လိုက္ ပါမယ္တဲ့။ တျခားသူေတြ သူ႔လို မျဖစ္ရေအာင္တဲ့။ ဒါကေတာ့ ယေန႔ ေမာ္လၿမိဳင္ၿမိဳ႕မွာ ျဖစ္သြားတဲ့ ျဖစ္စဥ္ တခုပါ။ ခုတေလာ တကယ္လဲ (၁)ေသာင္းတန္ ေငြတု ေတြ ျပန္႔ေနတာလဲ အားလုံးၾကားမိၾကမွာပါ။
က်န္တဲ့သူေတြလဲ သတိထားႏိုင္ေအာင္ ကာယကံရွင္ ေတြကို ေမးျမန္းခႊင့္ေတာင္းၿပီး တင္ေပးလိုက္ပါတယ္။ ခက္ခဲၾကပ္တည္းၾကတာခ်င္းအတူတူ လူသားခ်င္း ကိုယ္ခ်င္းစာတရာနဲ႔ စာနာႏိုင္ၾကပါေစ။ ေရခဲမုန္႔သည္ ဦးေလးႀကီးလို ေစ်းသည္ေတြလဲ သတိထားႏိုင္ၾကပါေစ။ (ဇင္မိုး၊ ေမာ္လၿမိဳင္ၿမိဳ႕)
Crd
Unicode
ရိုးသားတဲ့ ရေခဲမုန့်သည် ဦးလေးကြီးနဲ့ တသောင်းတန်အတု အဖြစ်အပျက် (ဝမ်းနည်းဖို့ ကောင်းပါတယ်)
လုပ်စရာပစ်မှတ်က မရှိဆင်းရဲသား ဈေးသည်ကိုတောင် မရှောင်တော့ဘူး။ ဖြစ်စဉ်က ဒီလိုပါ … ယနေ့ မော်လမြိုင်မြို့ ပန်းဘဲတန်းရပ်ကွက်က ဆေးခန်း တခုရှေ့မှာ ပုံထဲကဦးလေးက တွန်းလှည်းလေးနဲ့ရေခဲမုန့် ရောင်းနေပါတယ်။
အဲအချိန်မှာ ဆိုင်ကယ်နဲ့လူတယောက်က ရေခဲမုန့်သည် ဦးလေးရှေ့မှာရပ်ပြီး “ရေခဲမုန့်တခွက်ဝယ်မယ် ဘယ်လောက်လဲ”လို့ မေးတယ် ရေခဲမုန့်သည် ဦးလေးက တခွက် (၅၀၀) လို့ ဖြေတော့ အဲဒီဆိုင်ကယ်နဲ့လူက လက်ထဲက (၁)သောင်းတန်ကို ပြပြီး တခွက်ဝယ်မယ် ပြန်အမ်းနိုင်လားလို့ မေးပါတယ် ( ပိုက်ဆံကိုတော့ ပြပဲပြပြီး မပေးပဲ သူကိုင်ထားပါတယ်)
ရိုးသားတဲ့ ရေခဲမုန့်သည် ဦးလေးကြီးကလဲ ရေခဲမုန့်နဲ့ အမ်းငွေ ပိုက်ဆံ(၉၅၀၀)ပြည့်အောင် ရေတွက်ပြီး လှမ်းပေးလိုက်တော့ အဲလူက ဆိုင်ကယ်ပေါ်မှ ပိုက်ဆံ ၁ သောင်းတန်ကို လှမ်းပေးတယ်။ သူပေးတဲ့ (၁)သောင်းတန်ကို ကြည့်လိုက်တော့ အကွက်တွေကွက်ပြီး သိသိသာသာထူထူကြီးနဲ့ ပုံမမှန်တာ တွေ့လို့ လှမ်းအော်ပြောတော့ ဆိုင်ကယ်ကို အတင်းမောင်း ပြီး ထွက်ပြေးသွားပါတယ်။
ဖြစ်စဉ်ကို မြင်တဲ့ ဆေးခန်းက ဆရာဝန်မကြီးနဲ့ မိတ္တူ ဆိုင်က လူတွေလဲ ထွက်လာပြီး ပိုက်ဆံ(၁)သောင်း တန်ကို စစ်ဆေးကြည့်တော့ ဆေးသားတွေကွက်ပြီး ထူထူခေါက်ခေါက်ကြီးနဲ့ ဖြစ်နေတာကို တွေ့ရပါတယ်။ သေချာစဉ်းစားကြည့်ပါ။ ရေခဲမုန့်သည် ဦးလေးကြီးက တနေ့လုံးရောင်းမှ (၉၅၀၀)ဖိုး ရချင်မှ ရပါမယ်။ ဒီရေခဲမုန့် ရောင်းရမှ မိသားစု အိမ်စာရိတ် ထမင်းဖိုး ရမယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ ကိုယ်ချင်းစာတရားတောင် မထားကြတော့ဘူး။ လမ်းဘေး ရေခဲမုန့်သည်ကိုတောင် မချန်တော့ဘူး။
ရောင်းအားကြီးတဲ့ စားသောက်ဆိုင်ကြီးတွေမှာ သွားလုပ်လို့ လွတ်သွားရင်တောင် မပြောသေးပါဘူး။ ခုက လုပ်ထွက်ကြတယ်။ ဒီဖြစ်စဉ်ကို မြင်တဲ့ ဆေးခန်းမှ ဆရာဝန်မကြီးမှ ရေခဲမုန့်သည်ကို စာနာစိတ်နဲ့ ပိုက်ဆံစိုက်လှူ ပေးပြီး ကုသိုလ်ပြု လှူ ဒါန်းပေးလိုက်ပါတယ်။
ရေခဲမုန့်သည် ဦးလေးကြီးကလဲ စိတ်ထားလေးစားစရာပါ။ ဆရာဝန်မကြီးကို ကျေးဇူးအထပ်ထပ်တင်ရင်း ဖြစ်စဉ်ကို အိမ်က သူ့မိန်းမကို ပြန်ပြောပြပြီး ငွေကို မီးရှို့လိုက် ပါမယ်တဲ့။ တခြားသူတွေ သူ့လို မဖြစ်ရအောင်တဲ့။ ဒါကတော့ ယနေ့ မော်လမြိုင်မြို့မှာ ဖြစ်သွားတဲ့ ဖြစ်စဉ် တခုပါ။ ခုတလော တကယ်လဲ (၁)သောင်းတန် ငွေတု တွေ ပြန့်နေတာလဲ အားလုံးကြားမိကြမှာပါ။
ကျန်တဲ့သူတွေလဲ သတိထားနိုင်အောင် ကာယကံရှင် တွေကို မေးမြန်းခွှင့်တောင်းပြီး တင်ပေးလိုက်ပါတယ်။ ခက်ခဲကြပ်တည်းကြတာချင်းအတူတူ လူသားချင်း ကိုယ်ချင်းစာတရာနဲ့ စာနာနိုင်ကြပါစေ။ ရေခဲမုန့်သည် ဦးလေးကြီးလို ဈေးသည်တွေလဲ သတိထားနိုင်ကြပါစေ။ (ဇင်မိုး၊ မော်လမြိုင်မြို့)
Crd