ကော့ကရိတ် မြို့သိမ်းတိုက်ပွဲ ဆင်နွဲနေပြီဖြစ်၍ ပြည်သူများ ကူညီထောက်ပံ့ကြရန် Lion Battalion Commando စစ်ကြောင်းက အရေးပေါ် မေတ္တာရပ်ခံ
ရန်ကုန်၊ အောက်တိုဘာ ၂၁
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ်များကို ထိုးစစ်ဆင် တိုက်ခိုက်နေပြီး မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေပြီဖြစ်၍ ပြည်သူများအနေဖြင့် ထောက်ပံ့ကူညီကြရန် Lion Battalion Commando က တရားဝင် မေတ္တာ ရပ်ခံ ကြေညာ သည်။
Lion Battalion Commando -ဗျူဟာစစ်ကြောင်း၏ ဗျူဟာမှူး ဗိုလ်အယ်စေးဝါး ဦးဆောင်ကာ မဟာမိတ် တော်လှန်ရေးတပ်ဖွဲ့များနှင့်အတူ မြို့သိမ်း တိုက်ပွဲကို စတင်ဆင်နွဲနေပြီဖြစ်ကြောင်း၊ မြို့ပြအနီးကပ်တိုက်ပွဲဖြစ်သည့်အ တွက် တိုက်ပွဲဝင် ရဲဘော်များအတွက် ကျည်ကာအပါအဝင် စစ်ရေးအ ထောက် အပံ့ပစ္စည်းများလည်း လိုအပ်လျက်ရှိပါသဖြင့် မိဘပြည်သူများအနေဖြင့် မိမိတတ်နိုင်သည့် ဘက်မှ ပါဝင်ကူညီပေးကြပါရန် မေတ္တာရပ်ခံလိုကြောင်း သတင်း ထုတ်ပြန်သည်။
Lion Battalion – ဗျူဟာစစ်ကြောင်း နှင့်သက်ဆိုင်သော စစ်ရေးသတင်းများကို စစ်ကြောင်း၏ တရားဝင်လူမှု့ ကွန်ယက်စာမျက်နှာဖြစ်သော Lion Battalion Commando Special Force ၏ Facebook Page မှ အချိန်နှင့်တပြေးညီထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း၊
သတင်းမီဒီယာများအနေဖြင့်လည်း LionBattalion-ဗျူဟာစစ်ကြောင်း ၏စစ်ဆင်ရေးနှင့်သက်ဆိုင်သောသတင်းများဖော်ပြရေးသားရာတွင်လည်းLion Battalion Commando Special Force ၏ Facebook Page မှ တရားဝင်ထုတ်ပြန်မှသာ အတည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာသည်။
ဆက်သွယ်လှူဒါန်းလိုသော ပြည်သူများအနေဖြင့် https://web.facebook.com/profile.php?id=100084085624522 ကို ဆက်သွယ်၍ မြို့သိမ်းတိုက်ပွဲအတွက် အမြန်ဆုံးထောက်ပံ့ကူညီကြရန် ကြေညာထားသည်။
ပြည်သူများအနေဖြင့် Signal phone number +66944256431 သို့ ဆက်သွယ်ပြီး မည်သို့ မည်ပုံ ငွေလှူဒါန်း ထောက်ပံ့နိုင်သည်ကို စုံစမ်းမေးမြန်းနိုင်ကြောင်း Lion Battalion Commando မှ တာဝန်ခံက ပြောဆိုသည်။

Crd