သမီးလေးရေ သမီးလေးတို့အနာဂတ်တွေက အေးအေးချမ်းချမ်းနဲ့လှပတော့မှာပါ


ကိုယ်တိုင်မင်္ဂလာဆောင်ပေးခဲ့တဲ့ ရဲဘော်လေးရဲ့မွေးလာတဲ့ကလေးလေးကို ကြည့်ပြီးကြည်နူးနေတဲ့ ကိုပေါက်

ပရိသတ်ကြီး‌ရေ ဒါရိုက်တာ ကိုပေါက် ကတော့ ရုပ်ရှင်ကားတွေမှာ ဇာတ်ပို့သရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ရုံတင်မက ရုပ်ရှင်ဇာတ်ကားတွေကို ‌ပုံဖော်ရိုက်ကူးတဲ့နေရာမှာလဲ တော်လွန်းတဲ့ဒါရိုက်တာတစ်ဦးဖြစ်ပါတယ်။

ကာရိုက်တာမျိုးစုံကို ‌‌သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေမသိသူမရှိလောက်အောင် ချစ်ခင်အားပေးရသူတစ်ဦးပဲဖြစ်ပါတယ်။

ဒါရိုက်တာ ကိုပေါက် ဟာလက်ရှိမှာ လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေပြီး မိသားစုနဲ့ခွဲခွာနေရတာပဲဖြစ်ပါတယ်။

ပုဒ်မ ၅၀၅ ကနဲ့တရားစွဲဆိုခံထားရတဲ့ ကိုပေါက် ဟာ ဘေးကင်းရာတိမ်းရှောင်နေရတာကြောင့် တစ်ခါတလေ အိမ်နဲ့ မိသားစုကို လွမ်းနေတဲ့အကြောင်းတွေ ရေးသားလေ့ရှိပါတယ်။

ဒါရိုက်တာ ကိုပေါက် ဟာခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေပြီး ကျရာတာဝန်ကို အကောင်းဆုံးကြိုးစား‌ထမ်းဆောင်နေတာပဲဖြစ်ပါတယ်။

ဒါရိုက်တာ ကိုပေါက် ကတော့ ကိုယ်တိုင်မင်္ဂလာဆောင်ပေးခဲ့တဲ့ ရဲဘော်လေးရဲ့မွေးလာတဲ့ကလေးလေးကို ကြည့်ပြီးကြည်နူးနေတဲ့အကြောင်းကို

” ဒီတပတ်ထဲမှာ စစ်ရေး နိုင်ငံရေး ပေါင်းစည်းမှုရလာဒ် တွေပိုကောင်းလာတဲ့ EAOs နဲ့ NUG။မျှော်လင့်နေတာကြာပြီဖြစ် တစ်နေရာစာအတွက် လက်ခံလိုက်လို့ အပျော်ဆုံးသတင်းတပတ်ဟာ ဒီသတင်းပတ်ပဲ။

အကာင်းဆုံးနားလည်မှုတွေနဲ့အတူ အောင်ပွဲတွေသယ်ဆောင်လာမယ့်နေ့တွေအတွက် ဝမ်းသာလို့မဆုံးဘူး။ အရင်ကထက် ရောင်နီလာရာလမ်းတွေ တလမ်းပြီးတလမ်းပေါ်လာတာဟာ

တော်လှန်ရေးတကယ်အောင်ချင်သူတွေရဲ့ကြိုးပမ်းမှုဖြစ်တယ်။ ဒါနဲ့စကားမစပ် ပြီးခဲ့တဲ့နှစ်က ကိုယ်တွေမင်္ဂလာဆောင်ပေးခဲ့တဲ့ရဲဘော်အတွဲလေးတောင် သမီးလေးမွေးလို့လာပြကြတယ်။

သမီးလေးရေ သမီးလေးတို့အနာဂတ်တွေက အေးအေးချမ်းချမ်းနဲ့လှပတော့မှာပါ” လို့ ဒါရိုက်တာ ကိုပေါက် ကတော့ လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။

Crd CeleOnly

ZAWGYI VERSION

ကိုယ်တိုင်မင်္ဂလာဆောင်ပေးခဲ့တဲ့ ရဲဘော်လေးရဲ့မွေးလာတဲ့ကလေးလေးကို ကြည့်ပြီးကြည်နူးနေတဲ့ ကိုပေါက်











Crd CeleOnly

Leave a Reply

Your email address will not be published. Required fields are marked *