ကမ္ဘာ့အထူးဆန်းဆုံး ရန်ကုန်လေဆိပ်ရဲ့ ကမ္ဘာကျော် ရိုက်စားခွင်များ အကြောင်း

ကမ္ဘာ့အထူးဆန်းဆုံး ရန်ကုန်လေဆိပ်ရဲ့ ကမ္ဘာကျော် ရိုက်စားခွင်များ အကြောင်း

လူမှုကွန်ရက်မှာ ယနေ့ လူပြောများနေတဲ့ အကြောင်းကတော့ လေဆိပ်ထဲဝင်ချင်ရင် ပိုက်ဆံကောက်တဲ့ ကမ္ဘာ့အထူးဆန်းဆုံး ရန်ကုန် လေဆိပ်အကြောင်းပဲ ဖြစ်ပါတယ်။ ရန်ကုန်လေဆိပ်ထဲကို လေယာဉ် လက်မှတ်ရှိသူများမှအပ ကျန်လူများ ဝင်ချင်ပါက ပိုက်ဆံ သုံးသောင်း ပေးရတဲ့ သတင်းထွက်ပေါ်လာပြီး မကြာမီမှာ လူတယောက်ကို ငါးသောင်း ပေးမှ ဝင်ခွင့်ရတယ်ဆိုတဲ့ သတင်းတွေ အွန်လိုင်းပေါ်မှာ ပျံ့နှံ့လာပါတယ်။

အာဏာသိမ်းပြီးနောက်မှာ ရန်ကုန်လေဆိပ်ဟာ ရိုက်စားခွင်ဆင်ဖို့ အကောင်းဆုံး နေရာတခု ဖြစ်လာတာ ငြင်းလို့ မရပါဘူး။ လေဆိပ်အဝင်တင် မကဘဲ ကျန်းမာရေး၊ လဝက၊ အကောက်ခွန်ကအစ နောက်ဆုံး လှည်းတွန်းသမား အထိ အပြိုင်အဆိုင် ခွင်တွေ ဆင်နေကြတာပဲ ဖြစ်ပါတယ်။ အဆိုပါ ရိုက်စားခွင် တခုချင်းစီရဲ့ အကြောင်းကို ဆက်လက် ဖော်ပြသွားမှာ ဖြစ်ပါတယ်။

လူတိုင်းသိပြီးသား ရိုက်စားခွင်ကတော့ လေဆိပ်ဝင်ကြေး ရိုက်စားခွင်ပါပဲ။ လေယာဉ်လက်မှတ်ရှိသူသာ လေဆိပ်ထဲ ဝင်ခွင့်ရှိပြီး လိုက်ပို့ချင်တဲ့သူ၊ အကြောင်းကိစ္စရှိလို့ ခေတ္တဝင်ချင်တဲ့သူမှန်သမျှ လုံခြုံရေး အကြောင်းပြကာ တယောက် ငါးသောင်းတောင်းတာပဲ ဖြစ်ပါတယ်။ ပိုက်ဆံတောင်းတဲ့ အဖွဲ့အစည်းက အရပ်ဝတ်နဲ့ လေဆိပ်လုံခြုံရေးအမည်ခံ အဖွဲ့ဖြစ်ပါတယ်။ သက်ဆိုင်ရာ လေဆိပ်ရဲနဲ့ အခြားအဖွဲ့အစည်းတွေပါ အကျိုးအမြတ် မျှဝေခံစားကြတယ်လို့ သိရပါတယ်။

နောက်တခွင်ကတော့ ကျန်းမာရေးခွင်ပါပဲ။ ကမ္ဘာမှာ ကိုဗစ်စည်းမျဉ်း ဘယ်လောက်အထိ လျှော့ပေးပေး မြန်မာပြည် လေဆိပ်ကို ဝင်တဲ့သူမှန်သမျှ ကိုဗစ်စစ်ရမယ်ဆိုပြီး ထုတ်ထားတဲ့ အမိန့်ကို အခုထိ မဖြုတ်သေးပါဘူး။ ဟိုဖက်က လာတဲ့ လေဆိပ်ကနေ စစ်တဲ့ စာရွက်ပါ ယူလာရမယ်လို့ ထပ်မံ အမိန့်ထုတ်ပြီး ခရီးသည်တွေကို နှစ်ခါကုန်အောင် လုပ်ပါတယ်။

တဖက် လေဆိပ်မှာ စစ်လာတဲ့ စာရွက်ကိုလည်း သေသေချာချာ မစစ်ပါဘူး။ ငွေသွင်းတဲ့နေရာကလည်း ပိုက်ဆံ တသောင်းခွဲသာ အဓိက လိုချင်ပြီး ၁၉၇၀ က နည်းလမ်းအတိုင်း လယ်ဂျာစာအုပ်ကြီးမှာပဲ စာရင်းသွင်းပါတယ်။ Swab ယူတဲ့သူကလည်း နှာခေါင်းအဝပဲ တေ့ယူပါတယ်။

အားလုံး negative ဖြစ်နေတဲ့ စာရွက်ကို နာမည်ခေါ်ပေးတဲ့သူက နာမည်ရှေ့မှာ လေးစားသမှုနဲ့ ဦး၊ ဒေါ် ထည့်မခေါ်ဘဲ အချုပ်ထဲမှာ နာမည်ခေါ်သလို တုံးတိ ခေါ်ပါတယ်။ အဆိုးဆုံးက ပြန်အထွက်မှာ အဖြေလွှာကို စစ်တဲ့သူက ညဖက်ဆို မူးနေတာပဲ ဖြစ်ပါတယ်။ အဲဒီလို ပစ္စလက္ခတ်လုပ်နေကြတာကို ကြည့်ရင် ရန်ကုန်လေဆိပ်ရဲ့ ကိုဗစ်စစ်ခြင်းဆိုတာ ရိုက်စားခွင် တခုပါပဲ။

နောက်တခွင်ကတော့ လဝကရဲ့ ရိုက်စားခွင် ဖြစ်ပါတယ်။ လဝကရဲ့ ခွင်နဲ့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ သင်္ဘောသားတယောက်ရဲ့ ရေးသားမှုကို ပြန်လည်ဖော်ပြလိုက်ပါတယ်။ ထူးဆန်းပါပေ့ မီယမ်မာ လဝက။ လဝက နဲ့ သင်္ဘောသား ရာထူးတိုး ထွက်ခွာနဲ့ ဘယ်လိုများပတ်သက်ပါသလဲ။

ရန်ကုန်လေဆိပ်အထွက် သင်္ဘောသားမှတ်ပုံတင် (CDC) ထဲမှ နောက်ဆုံးရာထူးနှင့် ထွက်ခွာရာထူး မတူပါက လဝက မှ ရာထူးတိုးထောက်ခံစာ တောင်းပါတယ်။ မပါရင် အဆင်ပြေအောင် သုံးသောင်း တောင်းနေပါတယ်။ ရေကြောင်းပို့ဆောင်ရေး ဌာန (DMA) က သတ်မှတ်ချက်တွေ ကိုက်ညီ လို့ ထွက်စာတောင် ထုတ်ပေးထားပြီး တာတောင် လဝက က ပိုက်ဆံတောင်းနေတာပါ။ သို့ဖြစ်ပါ၍ ရာထူးတိုးဖြင့် ထွက်ခွာမည့်သူများ ရာထူးတိုးထောက်ခံစာလေးတွေ လုပ်သွားကြပါ။ (U Than Win)

လဝကရဲ့ တခြားခွင်တွေကတော့ တက်တူးထိုးလာရင် အနည်းငယ်ရစ်တာ၊ မအူမလည် ပုံစံဆို ဖြဲခြောက်ပြီး ရစ်တာ စတဲ့ ခွင်အသေးစားတွေလည်း ရှိပါသေးတယ်။ အကောက်ခွန်ကတော့ ဝယ်လာတဲ့ ပစ္စည်းတွေအပေါ် မူတည်ပြီး ရစ်တာ၊ မထင်ရင် မထင်သလို ရစ်တာတွေ ပါပါတယ်။

အာဏာသိမ်းပြီးတဲ့နောက်မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးဟာ လူပေါင်းစုံ ခွင်ရိုက်ရာ နေရာတခု ပြန်ဖြစ်သွားခဲ့ပါပြီ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကလို တဂိတ်ဖြတ်ရင် ပိုက်ဆံတခါပေးရ၊ လက်ထဲ ဒေါ်လာတွေ့ရင် ရစ်လွန်းလို့ ဖိနပ်ထဲကို ဒေါ်လာ ထည့်ဖွက်သွားရတဲ့ အဖြစ်တွေ ပြန်ဖြစ်လာနိုင်ပါတယ်။ ဝန်ဆောင်မှုနဲ့ လေဆိပ်အရည်အသွေးတွေက တခြားလေဆိပ်တွေနဲ့ လုံးဝ မယှဉ်နိုင်ဘဲ ရိုက်စားခွင်မှာတော့ ကမ္ဘာ့နံပါတ်တစ် စွဲတဲ့ ရန်ကုန်လေဆိပ်ကြီး အဖြစ် နာမည်တွင်နေပြီ ဖြစ်ပါတယ်။

Crd

Zawgyi

ကမ္ဘာ့အထူးဆန်းဆုံး ရန်ကုန်လေဆိပ်ရဲ့ ကမ္ဘာကျော် ရိုက်စားခွင်များ အကြောင်း

လူမႈကြန္ရက္မွာ ယေန႔ လူေျပာမ်ားေနတဲ့ အေၾကာင္းကေတာ့ ေလဆိပ္ထဲဝင္ခ်င္ရင္ ပိုက္ဆံေကာက္တဲ့ ကမာၻ႔အထူးဆန္းဆုံး ရန္ကုန္ ေလဆိပ္အေၾကာင္းပဲ ျဖစ္ပါတယ္။ ရန္ကုန္ေလဆိပ္ထဲကို ေလယာဥ္ လက္မွတ္ရွိသူမ်ားမွအပ က်န္လူမ်ား ဝင္ခ်င္ပါက ပိုက္ဆံ သုံးေသာင္း ေပးရတဲ့ သတင္းထြက္ေပၚလာၿပီး မၾကာမီမွာ လူတေယာက္ကို ငါးေသာင္း ေပးမွ ဝင္ခြင့္ရတယ္ဆိုတဲ့ သတင္းေတြ အြန္လိုင္းေပၚမွာ ပ်ံ႕ႏွံ႔လာပါတယ္။

အာဏာသိမ္းၿပီးေနာက္မွာ ရန္ကုန္ေလဆိပ္ဟာ ႐ိုက္စားခြင္ဆင္ဖို႔ အေကာင္းဆုံး ေနရာတခု ျဖစ္လာတာ ျငင္းလို႔ မရပါဘူး။ ေလဆိပ္အဝင္တင္ မကဘဲ က်န္းမာေရး၊ လဝက၊ အေကာက္ခြန္ကအစ ေနာက္ဆုံး လွည္းတြန္းသမား အထိ အၿပိဳင္အဆိုင္ ခြင္ေတြ ဆင္ေနၾကတာပဲ ျဖစ္ပါတယ္။ အဆိုပါ ႐ိုက္စားခြင္ တခုခ်င္းစီရဲ႕ အေၾကာင္းကို ဆက္လက္ ေဖာ္ျပသြားမွာ ျဖစ္ပါတယ္။

လူတိုင္းသိၿပီးသား ႐ိုက္စားခြင္ကေတာ့ ေလဆိပ္ဝင္ေၾကး ႐ိုက္စားခြင္ပါပဲ။ ေလယာဥ္လက္မွတ္ရွိသူသာ ေလဆိပ္ထဲ ဝင္ခြင့္ရွိၿပီး လိုက္ပို႔ခ်င္တဲ့သူ၊ အေၾကာင္းကိစၥရွိလို႔ ေခတၱဝင္ခ်င္တဲ့သူမွန္သမွ် လုံၿခဳံေရး အေၾကာင္းျပကာ တေယာက္ ငါးေသာင္းေတာင္းတာပဲ ျဖစ္ပါတယ္။ ပိုက္ဆံေတာင္းတဲ့ အဖြဲ႕အစည္းက အရပ္ဝတ္နဲ႔ ေလဆိပ္လုံၿခဳံေရးအမည္ခံ အဖြဲ႕ျဖစ္ပါတယ္။ သက္ဆိုင္ရာ ေလဆိပ္ရဲနဲ႔ အျခားအဖြဲ႕အစည္းေတြပါ အက်ိဳးအျမတ္ မွ်ေဝခံစားၾကတယ္လို႔ သိရပါတယ္။

ေနာက္တခြင္ကေတာ့ က်န္းမာေရးခြင္ပါပဲ။ ကမာၻမွာ ကိုဗစ္စည္းမ်ဥ္း ဘယ္ေလာက္အထိ ေလွ်ာ့ေပးေပး ျမန္မာျပည္ ေလဆိပ္ကို ဝင္တဲ့သူမွန္သမွ် ကိုဗစ္စစ္ရမယ္ဆိုၿပီး ထုတ္ထားတဲ့ အမိန႔္ကို အခုထိ မျဖဳတ္ေသးပါဘူး။ ဟိုဖက္က လာတဲ့ ေလဆိပ္ကေန စစ္တဲ့ စာ႐ြက္ပါ ယူလာရမယ္လို႔ ထပ္မံ အမိန႔္ထုတ္ၿပီး ခရီးသည္ေတြကို ႏွစ္ခါကုန္ေအာင္ လုပ္ပါတယ္။

တဖက္ ေလဆိပ္မွာ စစ္လာတဲ့ စာ႐ြက္ကိုလည္း ေသေသခ်ာခ်ာ မစစ္ပါဘူး။ ေငြသြင္းတဲ့ေနရာကလည္း ပိုက္ဆံ တေသာင္းခြဲသာ အဓိက လိုခ်င္ၿပီး ၁၉၇၀ က နည္းလမ္းအတိုင္း လယ္ဂ်ာစာအုပ္ႀကီးမွာပဲ စာရင္းသြင္းပါတယ္။ Swab ယူတဲ့သူကလည္း ႏွာေခါင္းအဝပဲ ေတ့ယူပါတယ္။

အားလုံး negative ျဖစ္ေနတဲ့ စာ႐ြက္ကို နာမည္ေခၚေပးတဲ့သူက နာမည္ေရွ႕မွာ ေလးစားသမႈနဲ႔ ဦး၊ ေဒၚ ထည့္မေခၚဘဲ အခ်ဳပ္ထဲမွာ နာမည္ေခၚသလို တုံးတိ ေခၚပါတယ္။ အဆိုးဆုံးက ျပန္အထြက္မွာ အေျဖလႊာကို စစ္တဲ့သူက ညဖက္ဆို မူးေနတာပဲ ျဖစ္ပါတယ္။ အဲဒီလို ပစၥလကၡတ္လုပ္ေနၾကတာကို ၾကည့္ရင္ ရန္ကုန္ေလဆိပ္ရဲ႕ ကိုဗစ္စစ္ျခင္းဆိုတာ ႐ိုက္စားခြင္ တခုပါပဲ။

ေနာက္တခြင္ကေတာ့ လဝကရဲ႕ ႐ိုက္စားခြင္ ျဖစ္ပါတယ္။ လဝကရဲ႕ ခြင္နဲ႔ ကိုယ္တိုင္ႀကဳံေတြ႕ခဲ့ရတဲ့ သေဘၤာသားတေယာက္ရဲ႕ ေရးသားမႈကို ျပန္လည္ေဖာ္ျပလိုက္ပါတယ္။ ထူးဆန္းပါေပ့ မီယမ္မာ လဝက။ လဝက နဲ႔ သေဘၤာသား ရာထူးတိုး ထြက္ခြာနဲ႔ ဘယ္လိုမ်ားပတ္သက္ပါသလဲ။

ရန္ကုန္ေလဆိပ္အထြက္ သေဘၤာသားမွတ္ပုံတင္ (CDC) ထဲမွ ေနာက္ဆုံးရာထူးႏွင့္ ထြက္ခြာရာထူး မတူပါက လဝက မွ ရာထူးတိုးေထာက္ခံစာ ေတာင္းပါတယ္။ မပါရင္ အဆင္ေျပေအာင္ သုံးေသာင္း ေတာင္းေနပါတယ္။ ေရေၾကာင္းပို႔ေဆာင္ေရး ဌာန (DMA) က သတ္မွတ္ခ်က္ေတြ ကိုက္ညီ လို႔ ထြက္စာေတာင္ ထုတ္ေပးထားၿပီး တာေတာင္ လဝက က ပိုက္ဆံေတာင္းေနတာပါ။ သို႔ျဖစ္ပါ၍ ရာထူးတိုးျဖင့္ ထြက္ခြာမည့္သူမ်ား ရာထူးတိုးေထာက္ခံစာေလးေတြ လုပ္သြားၾကပါ။ (U Than Win)

လဝကရဲ႕ တျခားခြင္ေတြကေတာ့ တက္တူးထိုးလာရင္ အနည္းငယ္ရစ္တာ၊ မအူမလည္ ပုံစံဆို ၿဖဲေျခာက္ၿပီး ရစ္တာ စတဲ့ ခြင္အေသးစားေတြလည္း ရွိပါေသးတယ္။ အေကာက္ခြန္ကေတာ့ ဝယ္လာတဲ့ ပစၥည္းေတြအေပၚ မူတည္ၿပီး ရစ္တာ၊ မထင္ရင္ မထင္သလို ရစ္တာေတြ ပါပါတယ္။

အာဏာသိမ္းၿပီးတဲ့ေနာက္မွာ ရန္ကုန္အျပည္ျပည္ဆိုင္ရာ ေလဆိပ္ႀကီးဟာ လူေပါင္းစုံ ခြင္႐ိုက္ရာ ေနရာတခု ျပန္ျဖစ္သြားခဲ့ပါၿပီ။ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၃၀ ကလို တဂိတ္ျဖတ္ရင္ ပိုက္ဆံတခါေပးရ၊ လက္ထဲ ေဒၚလာေတြ႕ရင္ ရစ္လြန္းလို႔ ဖိနပ္ထဲကို ေဒၚလာ ထည့္ဖြက္သြားရတဲ့ အျဖစ္ေတြ ျပန္ျဖစ္လာႏိုင္ပါတယ္။ ဝန္ေဆာင္မႈနဲ႔ ေလဆိပ္အရည္အေသြးေတြက တျခားေလဆိပ္ေတြနဲ႔ လုံးဝ မယွဥ္ႏိုင္ဘဲ ႐ိုက္စားခြင္မွာေတာ့ ကမာၻ႔နံပါတ္တစ္ စြဲတဲ့ ရန္ကုန္ေလဆိပ္ႀကီး အျဖစ္ နာမည္တြင္ေနၿပီ ျဖစ္ပါတယ္။

Crd

Leave a Reply

Your email address will not be published. Required fields are marked *