အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ဩစတြေး လျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံး ဖွင့်လှစ်၊

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ဩစတြေး လျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံး ဖွင့်လှစ်၊ ဩစတြေး လျနိုင်ငံမှ လွှတ်တော်အမတ်များ၊ နိုင်ငံခြား ရေးဝန်ကြီးဌာန အရာရှိများ တက်ရောက်

ရန်ကုန်၊ ဩဂုတ် ၄

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ဩစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးကို ဩဂုတ်လ ၃ ရက်နေ့တွင် ဖွင့်လှစ်လိုက်ပြီး ဩစတြေးလျနိုင်ငံမှ လွှတ်တော်အမတ်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိများ တက်ရောက်ကြကြောင်း NUG ဩစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးက သတင်းထုတ်ပြန်သည်။

NUG ကိုယ်စားလှယ်ရုံးဖွင့်ပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၏ သဝဏ်လွှာနှင့် တရားရေးဝန်ကြီး ဦးသိန်းဦး၏ သဝဏ်လွှာများကို ဖတ်ကြားခဲ့ကြပြီး လူ့အခွင့်အရေး ဒုဝန်ကြီး ခွန်းဗဟန်းထန်၊ Mr Peter Khalil MP (Labor Party, Senator the Hon David Fawcett (Liberal Party), Senator Jordon Steele-John (the Greens Party) စသည့် နိုင်ငံရေးပါတီအသီးသီး၏ ပြည်ထောင်စုလွှတ်တော် ကိုယ်စား လှယ်များ၏ မိန့်ခွန်းများ၊ CRPH/NUG Support Group (Australia) ၏ ပြည်နယ်ကိုယ်စားလှယ်အစုအဖွဲ့၏ ကိုယ်စားလှယ်၊ တိုင်းရင်းသားအတိုင်ပင်ခံကောင်စီ၏ ကိုယ်စားလှယ်တို့ကလည်း မိန့်ခွန်းများ ပြောကြားသည်။

မြန်မာမိသားစုများကိုယ်စား ပါမောက္ခဒေါက်တာအက်စ်သာမြင့်၊ Mr Christopher Lamb (President of Australia Myanmar Institute)၊ အကယ်ဒမီ မင်းမော်ကွန်းတို့ကလည်း နွေဦးတော်လှန်ရေးဆိုင်ရာ အတွေးအမြင်များကို ဖလှယ်ခဲ့ကြပြီး အမျိုးသားညီညွတ်ရေးအစိုးရ၏ သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေက ကျေးဇူးတင်စကား ပြောကြားကြောင်း သိရှိရသည်။

ဤအခမ်းအနားတွင် သြစတြေးလျ၏ အင်အားကြီးပါတီတခုဖြစ်သည့် The Australian Greens ပါတီက အမျိုးသားညီညွတ်ရေးအစိုးရအား မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် သတ်မှတ်ကြောင်း ကြေညာခဲ့သည့်အပြင် သြစတြေးလျ၏ အခြားနိုင်ငံရေးပါတီများကလည်း အလားတူ အသိမှတ်ပြုကြောင်း ကြေညာကြရန် တိုက်တွန်းကြောင်း သိရှိရသည်။

ဖွင့်ပွဲအခမ်းအနားသို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထိပ်တန်းအရာရှိကြီးများအပြင် နယူးဇီလန်နိုင်ငံ၏ သြစတြေးလျနိုင်ငံဆိုင်ရာ ဒုတိယမဟာမင်းကြီးလည်း တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

Crd

Unicode

အမ်ိဳးသားညီညြတ္ေရးအစိုးရ NUG ၏ ဩစေၾတး လ်နိုင္ငံဆိုင္ရာ ကိုယ္စားလွယ္႐ုံး ဖြင့္လွစ္၊ ဩစေၾတး လ်နိုင္ငံမွ လႊတ္ေတာ္အမတ္မ်ား၊ နိုင္ငံျခား ေရးဝန္ႀကီးဌာန အရာရွိမ်ား တက္ေရာက္

ရန္ကုန္၊ ဩဂုတ္ ၄

အမ်ိဳးသားညီညြတ္ေရးအစိုးရ NUG ၏ ဩစေၾတးလ်နိုင္ငံဆိုင္ရာ ကိုယ္စားလွယ္႐ုံးကို ဩဂုတ္လ ၃ ရက္ေန႔တြင္ ဖြင့္လွစ္လိုက္ၿပီး ဩစေၾတးလ်နိုင္ငံမွ လႊတ္ေတာ္အမတ္မ်ား၊ နိုင္ငံျခားေရးဝန္ႀကီးဌာန အရာရွိမ်ား တက္ေရာက္ၾကေၾကာင္း NUG ဩစေၾတးလ်နိုင္ငံဆိုင္ရာ ကိုယ္စားလွယ္႐ုံးက သတင္းထုတ္ျပန္သည္။

NUG ကိုယ္စားလွယ္႐ုံးဖြင့္ပြဲတြင္ အမ်ိဳးသားညီညြတ္ေရးအစိုးရ၊ နိုင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္၏ သဝဏ္လႊာႏွင့္ တရားေရးဝန္ႀကီး ဦးသိန္းဦး၏ သဝဏ္လႊာမ်ားကို ဖတ္ၾကားခဲ့ၾကၿပီး လူ႔အခြင့္အေရး ဒုဝန္ႀကီး ခြန္းဗဟန္းထန္၊ Mr Peter Khalil MP (Labor Party, Senator the Hon David Fawcett (Liberal Party), Senator Jordon Steele-John (the Greens Party) စသည့္ နိုင္ငံေရး

ပါတီအသီးသီး၏ ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စား လွယ္မ်ား၏ မိန႔္ခြန္းမ်ား၊ CRPH/NUG Support Group (Australia) ၏ ျပည္နယ္ကိုယ္စားလွယ္အစုအဖြဲ႕၏ ကိုယ္စားလွယ္၊ တိုင္းရင္းသားအတိုင္ပင္ခံေကာင္စီ၏ ကိုယ္စားလွယ္တို႔ကလည္း မိန႔္ခြန္းမ်ား ေျပာၾကားသည္။

ျမန္မာမိသားစုမ်ားကိုယ္စား ပါေမာကၡေဒါက္တာအက္စ္သာျမင့္၊ Mr Christopher Lamb (President of Australia Myanmar Institute)၊ အကယ္ဒမီ မင္းေမာ္ကြန္းတို႔ကလည္း ေႏြဦးေတာ္လွန္ေရးဆိုင္ရာ အေတြးအျမင္မ်ားကို ဖလွယ္ခဲ့ၾကၿပီး အမ်ိဳးသားညီညြတ္ေရးအစိုးရ၏ ၾသစေၾတးလ်နိုင္ငံဆိုင္ရာ ကိုယ္စားလွယ္ ေဒါက္တာထြန္းေအာင္ေရႊက ေက်းဇူးတင္စကား ေျပာၾကားေၾကာင္း သိရွိရသည္။

ဤအခမ္းအနားတြင္ ၾသစေၾတးလ်၏ အင္အားႀကီးပါတီတခုျဖစ္သည့္ The Australian Greens ပါတီက အမ်ိဳးသားညီညြတ္ေရးအစိုးရအား ျမန္မာနိုင္ငံ၏ တရားဝင္အစိုးရအျဖစ္ သတ္မွတ္ေၾကာင္း ေၾကညာခဲ့သည့္အျပင္ ၾသစေၾတးလ်၏ အျခားနိုင္ငံေရးပါတီမ်ားကလည္း အလားတူ အသိမွတ္ျပဳေၾကာင္း ေၾကညာၾကရန္ တိုက္တြန္းေၾကာင္း သိရွိရသည္။

ဖြင့္ပြဲအခမ္းအနားသို႔ ၾသစေၾတးလ် နိုင္ငံျခားေရးဝန္ႀကီးဌာန၏ ထိပ္တန္းအရာရွိႀကီးမ်ားအျပင္ နယူးဇီလန္နိုင္ငံ၏ ၾသစေၾတးလ်နိုင္ငံဆိုင္ရာ ဒုတိယမဟာမင္းႀကီးလည္း တက္ေရာက္ခဲ့ေၾကာင္း သိရွိရသည္။

Crd

Leave a Reply

Your email address will not be published. Required fields are marked *