စိတ်မကောင်းစရာ ကလေးတို့ရေ အားလုံးဘေးကင်းကြပါစေဗျာ…..

စိတ်မကောင်းစရာ ကလေးတို့ရေ ?

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် လက်နက်ကြီး၊

လက်နက်ငယ်များဖြင့် ပစ်ခတ်နေ၍ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ စာသင်နေစဉ်

စာသင်ခုံများအောက် ဝပ်ပုန်းနေကြရကြောင်းသိရ

အားလုံးဘေးကင်းကြပါစေ….. ?

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ် ကစ္စနပဒီတံတားအနီးတွင် ဂိတ်ချထားသော စစ်ကောင်စီတပ်သားများနှင့် ခမရ ၃၇၄ တပ်ရင်းတို့က

လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်၍ ကျောင်းသားကျောင်းသူများ စာသင်ရင်း ခုံအောက် ဝင်ပုန်းခဲ့ရပြီး အပြစ်မဲ့ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိသွားသည်။

ယနေ့ အောက်တိုဘာ ၁၉ ရက်နေ့ နေ့လယ်ပိုင်းတွင် ပစ်ခတ်ခြင်းဖြစ်ပြီး ထိုသို့ပစ်ခတ်မှုကြောင့် ဝက်မှိုင်းကျေးရွာအနီးတွင်ရှိသော လခြမ်းမြီဆန်စက်သို့ လက်နက်ကြီးကျည် တစ်လုံးကျရောက်ပေါက်ကွဲရာ အလုပ်သမားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ဒဏ်ရာရတာကတော့ နှစ်ယောက်ပါ။ တစ်ယောက်မှာ လက်နှစ်ဖက်စလုံးထိခိုက်သွားတယ်။ နောက်တစ်ယောက်မှာကတော့ ဘယ်ဖက်ပေါင်မှာ ထိခိုက်သွားတယ်။

ဒဏ်ရာအခြေအနေကတော့ မပြင်းထန်ဘူး။ အသက်အန္တရာယ်စိုးရိမ်စရာတော့ မရှိဘူး”ဟု ပြောသည်။

လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ဝက်မိုင်းကျေးရွာက ကိုမောင်ကျော်သန်း အသက် (၂၄) နှစ်မှာ လက်နှစ်ဖက်စလုံးတွင် ဒဏ်ရာရရှိသွားပြီး

ကိုကျော်မောင် အသက် (၃၄) နှစ်မှာ ပေါင်တွင်ထိခိုက်သွားကာ ၎င်းတို့ကို ကျောက်တော်မြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း ဒေသခံများကပြောသည်။

ယနေ့ နေ့လယ် ၁ နာရီခွဲအချိန်ခန့်က ကစ္စပနဒီတံတားအနီး မိုင်းပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာပြီးနောက် စစ်ကောင်စီတပ်မှ ကျေးရွာများဖက်သို့ လက်နက်ကြီး၊ လက်နက်ငယ်များ အဆက်မပြတ် ရမ်းသန်း ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောဆိုသည်။

ယင်းကဲ့သို့ မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ၃ နာရီဝန်းကျင်အထိ စစ်ကောင်စီတပ်မှ ထိုကဲ့သို့ ပစ်ခတ်မှုကြောင့် ပန္နဲချောင်းကျေးရွာသို့လည်း လက်နက်ကြီးကျည်များ ကျရောက်ပြီး လူနေအိမ်အချို့ပျက်စီးသွားသည်ဟု ကျေးရွာသားတစ်ဦးက ပြောသည်။

“လက်နက်ကြီးတွေတော့ ကျတယ်။ လူတွေထိခိုက်တာတော့ မရှိဘူး။ လူနေ အိမ် တချို့ ပျက်စီးတာတော့ရှိတယ်။ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးတွေလည်း ရွာထဲမှာ ရှိသေးတယ်” ဟုပြောသည်။

စစ်ကောင်စီတပ်က ထိုကဲ့သို့ လက်နက်ကြီးကျည်များ အဆက်မပြတ်ပစ်ခတ်ခဲ့မှုကြောင့် ကျေးရွာသားများမှာ နီးစပ်ရာ ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိသည်ဟု ဒေသခံများက‌ ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၇ ရက်နေ ညနေကလည်း အဆိုပါနေရာအနီးတွင် မိုင်းပေါက်ကွဲမှု တစ်ခုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ကျေးရွာများဖက်သို့ ပစ်ခတ်မှုကြောင့် ပိုက်သည်ကျေး ရွာမှ မွတ်ဆလင် အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့သည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၇ ရက်နေ့ကလည်း မင်းပြားမြို့နယ်တွင် စစ်ကောင် စီတပ်ရင်း ခမရ ၅၄၁၊ ၃၇၉၊ ၃၈၀ စသည့်တပ်ရင်းများမှ လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့် ဖလောင်းပြင်မှ အမျိုးသမီး ၂ ဦး၊ ထောင့်ချောင်းကျေးရွာမှ တာဝန်ကျကျောင်းဆရာမ ၁ ဦးတို့ သေဆုံးခဲ့ရသည်။

ဓာတ်ပုံ-လက်နက်ကြီးကျည်ကြောင့် ထိခိုက် ဒဏ်ရာရရှိခဲ့သူများနှင့် လက်နက် ကြီးပစ်ခတ်မှုကြောင့် ပုန်းနေကြရသည့် ကျောင်းသားများ ။

unicode

crd

Leave a Reply

Your email address will not be published. Required fields are marked *