ခန္တီးအကျဥ်း​​ထောင်​ဖောက်၍ နိုင်ကျဥ်းအချို့ လွတ်​မြောက်သွား

ခန္တီးအကျဥ်း​​ထောင်​ဖောက်၍ နိုင်ကျဥ်းအချို့ လွတ်​မြောက်သွားဟု​ဒေသခံအချိူ့​ပြော

အိုက်မောင်/People’s Spring

စစ်ကိုင်းတိုင်း ၊ခန္တီးအကျဉ်းထောင်တွင် ယနေ့နံနက်အစောပိုင်းကဖောက်ထွင်းခံရပြီး စစ်ကောင်စီဖမ်းဆီးထားသည့် နိုင်ငံရေးအကျဉ်းသားဆယ်ဦးထက်မနည်းလွတ်မြောက်သွားကြောင်းဒေသတွင်းတော်လှန်ရေးအင်အားစုများကပြောသည်။

” မနက်သုံးနာရီလောက်က ထောင်ဖောက်သွားတယ်။ နိုင်ကျဉ်း ဆယ်ယောက်လောက် လက်နက်နဲ့ လွတ်သွားတယ်။ စစ်ကောင်စီက မြို့ကို ပိုက်စိပ်တိုက်ရှာနေတယ်။ ကုန်းလမ်း ရေလမ်းအကုန် ပိတ်ရှာနေတယ်”ဟု ခန္တီးမြို့ခံတစ်ဦးက People’s Springသို့ ပြောသည်။ သို့​သော်​ထောင်​ဖောက်ထွက်​ပြေးသွား​သော နိုင်ကျဥ်းအချို့တွင် လက်နက်ရရှိသွား​ကြောင်း ၎င်း၏ပြောကြားချက်အ​ပေါ် People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။


စစ်​ကောင်စီ ​ထောင်သွင်းအကျဥ်းချထားရာမှ ထွက်ပြေးလာသူများကို တွေ့ရှိပါက ရသည့်နည်းဖြင့် ကူညီကြရန်လည်း ခန္တီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက မြို့ခံလူထုအား မေတ္တာရပ်ခံသည်။

ခန္တီးအကျဉ်းထောင်သည် ခန္တီးမြို့မှ သုံးမိုင်ခန့်အကွာတွင် ခန္တီး-နန့်စီပွန်‌လမ်း၌ တည်ရှိသည်။

(ခန္တီး​ထောင်​ရှေ့မြင်ကွင်း /ပုံအ​ဟောင်း ။ဓါတ်ပုံ-CJ)


Crd

Unicode

ခႏၲီးအက်ဥ္း​​ေထာင္​ေဖာက္၍ နိုင္က်ဥ္းအခ်ိဳ႕ လြတ္​ေျမာက္သြားဟု​ေဒသခံအခ်ိဴ႕​ေျပာ

အိုက္ေမာင္/People’s Spring

စစ္ကိုင္းတိုင္း ၊ခႏၲီးအက်ဥ္းေထာင္တြင္ ယေန႔နံနက္အေစာပိုင္းကေဖာက္ထြင္းခံရၿပီး စစ္ေကာင္စီဖမ္းဆီးထားသည့္ နိုင္ငံေရးအက်ဥ္းသားဆယ္ဦးထက္မနည္းလြတ္ေျမာက္သြားေၾကာင္းေဒသတြင္းေတာ္လွန္ေရးအင္အားစုမ်ားကေျပာသည္။


” မနက္သုံးနာရီေလာက္က ေထာင္ေဖာက္သြားတယ္။ နိုင္က်ဥ္း ဆယ္ေယာက္ေလာက္ လက္နက္နဲ႔ လြတ္သြားတယ္။ စစ္ေကာင္စီက ၿမိဳ႕ကို ပိုက္စိပ္တိုက္ရွာေနတယ္။ ကုန္းလမ္း ေရလမ္းအကုန္ ပိတ္ရွာေနတယ္”ဟု ခႏၲီးၿမိဳ႕ခံတစ္ဦးက People’s Springသို႔ ေျပာသည္။ သို႔​ေသာ္​ေထာင္​ေဖာက္ထြက္​ေျပးသြား​ေသာ နိုင္က်ဥ္းအခ်ိဳ႕တြင္ လက္နက္ရရွိသြား​ေၾကာင္း ၎၏ေျပာၾကားခ်က္အ​ေပၚ People’s Spring ကသီးျခားအတည္မျပဳနိုင္ပါ။


စစ္​ေကာင္စီ ​ေထာင္သြင္းအက်ဥ္းခ်ထားရာမွ ထြက္ေျပးလာသူမ်ားကို ေတြ႕ရွိပါက ရသည့္နည္းျဖင့္ ကူညီၾကရန္လည္း ခႏၲီးၿမိဳ႕နယ္ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ဝင္တစ္ဦးက ၿမိဳ႕ခံလူထုအား ေမတၱာရပ္ခံသည္။


ခႏၲီးအက်ဥ္းေထာင္သည္ ခႏၲီးၿမိဳ႕မွ သုံးမိုင္ခန႔္အကြာတြင္ ခႏၲီး-နန္႔စီပြန္‌လမ္း၌ တည္ရွိသည္။

(ခႏၲီး​ေထာင္​ေရွ႕ျမင္ကြင္း /ပုံအ​ေဟာင္း ။ဓါတ္ပုံ-CJ)


Crd

Leave a Reply

Your email address will not be published. Required fields are marked *