ခွင့်ပြန်လာသည့် စစ်ဗိုလ် အောင်ကိုမင်း၊ အစ်မဖြစ်သူ လင်မယား

လှိုင်မြို့နယ်တွင် ခွင့်ပြန်လာသည့် စစ်ဗိုလ် အောင်ကိုမင်း၊ အစ်မဖြစ်သူ လင်မယား ပစ်သတ်ခံရ ၊ စစ်တပ်က ဆက်လက် လမ်းပိတ်ဆို့ ထား

ရန်ကုန်၊ အောက်တိုဘာ ၂၀

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ သီရိမြိုင် ၁၃ ရပ်ကွက်တွင် ယနေ့ နံနက် ပိုင်း ခွင့်ဖြင့် ပြန်လာသည့် စစ်ဗိုလ်အောင်ကိုမင်း၊ အစ်မဖြစ်သူ ရတနာဦးနှင့် ခင်ပွန်း မြင့်ဆွေတို့ မိသားစု ၃ ဦး ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရှိရသည်။

ုအောက်တိုဘာလ ၂၀ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန် လှိုင်မြို့နယ်၊ သီရိမြိုင် ၁၃ ရပ်ကွက် ဗဟိုလမ်းနှင့် ပေါင်း စည်းလမ်းထိပ် သီရိမြိုင်မှတ်တိုင်အနီးတွင် ခွင့်ဖြင့် ပြန်လာသည့် စစ်ကောင်စီတပ်မှ ဗိုလ်အောင်ကိုမင်း၊ အစ်မဖြစ်သူ ရတနာဦးနှင့် ခင်ပွန်းမြင့်ဆွေ စုစုပေါင်း မိသားစုဝင် ၃ ဦး ပစ်ခတ်ခံရပြီး သေဆုံးခြင်းဖြစ်ကြောင်း သိရှိရသည်။


” ပဲပြုတ်ရောင်းတဲ့အိမ်က စစ်ဗိုလ်က ခွင့်နဲ့ ပြန်လာတာ။ ဗဟိုလမ်းနဲ့ ပေါင်း စည်းလမ်းထိပ် သီရိမြိုင်မှတ်တိုင်နားမှာ ပစ်သတ်ခံရတယ်။ စစ်ဗိုလ်မိသားစုနဲ့ အမျိုးသားတစ်ဦး ၃ ဦးသေနေတယ်။

အခု စစ်တပ်က လမ်းတခြမ်းကို ပိတ်ထားတယ် ဗဟိုလမ်းကို။ စစ်ဗိုလ်က ခွင့်နဲ့ ပြန်လာပြီး သူ့အမျိုးတွေကို လာကန်တော့တာ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

လက်ရှိတွင် စစ်တပ်က ဗဟိုလမ်းနှင့် လှိုင်မြို့နယ်အတွင်းရှိ လမ်းများကို ပိတ် ဆို့ စစ်ဆေးနေပြီး ပြည်သူတချို့ ရိုက်နှက်ခံရကြောင်း သိရှိရသည်။


လှိုင်မြို့နယ်တွင် ခွင့်ပြန်လာသည့် စစ်ဗိုလ် အောင်ကိုမင်း၊ အစ်မဖြစ်သူ လင်မယား ပစ်သတ်ခံရ ၊ စစ်တပ်က ဆက်လက် လမ်းပိတ်ဆို့ ထား

ရန်ကုန်၊ အောက်တိုဘာ ၂၀

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ သီရိမြိုင် ၁၃ ရပ်ကွက်တွင် ယနေ့ နံနက် ပိုင်း ခွင့်ဖြင့် ပြန်လာသည့် စစ်ဗိုလ်အောင်ကိုမင်း၊ အစ်မဖြစ်သူ ရတနာဦးနှင့် ခင်ပွန်း မြင့်ဆွေတို့ မိသားစု ၃ ဦး ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရှိရသည်။


ုအောက်တိုဘာလ ၂၀ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန် လှိုင်မြို့နယ်၊ သီရိမြိုင် ၁၃ ရပ်ကွက် ဗဟိုလမ်းနှင့် ပေါင်း စည်းလမ်းထိပ် သီရိမြိုင်မှတ်တိုင်အနီးတွင် ခွင့်ဖြင့် ပြန်လာသည့် စစ်ကောင်စီတပ်မှ ဗိုလ်အောင်ကိုမင်း၊ အစ်မဖြစ်သူ ရတနာဦးနှင့် ခင်ပွန်းမြင့်ဆွေ စုစုပေါင်း မိသားစုဝင် ၃ ဦး ပစ်ခတ်ခံရပြီး သေဆုံးခြင်းဖြစ်ကြောင်း သိရှိရသည်။

” ပဲပြုတ်ရောင်းတဲ့အိမ်က စစ်ဗိုလ်က ခွင့်နဲ့ ပြန်လာတာ။ ဗဟိုလမ်းနဲ့ ပေါင်း စည်းလမ်းထိပ် သီရိမြိုင်မှတ်တိုင်နားမှာ ပစ်သတ်ခံရတယ်။ စစ်ဗိုလ်မိသားစုနဲ့ အမျိုးသားတစ်ဦး ၃ ဦးသေနေတယ်။


အခု စစ်တပ်က လမ်းတခြမ်းကို ပိတ်ထားတယ် ဗဟိုလမ်းကို။ စစ်ဗိုလ်က ခွင့်နဲ့ ပြန်လာပြီး သူ့အမျိုးတွေကို လာကန်တော့တာ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

လက်ရှိတွင် စစ်တပ်က ဗဟိုလမ်းနှင့် လှိုင်မြို့နယ်အတွင်းရှိ လမ်းများကို ပိတ် ဆို့ စစ်ဆေးနေပြီး ပြည်သူတချို့ ရိုက်နှက်ခံရကြောင်း သိရှိရသည်


crd

Leave a Reply

Your email address will not be published. Required fields are marked *