ရန်ကုန်မြို့ထဲလမ်းမတွေပေါ်ရောက်လာတဲ့ သဘင်သည် မနှင်းဆီသားအမိ (ရုပ်သံ)

ရုပ်သံကို အောက်ဆုံးတွင် ဖော်ပြထားပါသည်…။
သဘင်သည်ဟောင်းတယောက်ဖြစ်တဲ့ မနှင်းဆီဟာ စားဝတ်နေရေးကြောင့်
သူမနေထိုင်ရာ လှိုင်သာယာတခွင်မှာ သမီးနဲ့အတူတွဲပြီး သားအမိနှစ်ယောက်
သီချင်းတပုဒ် တထောင်ကျပ်နဲ့ ကပြဖျော်ဖြေနေခဲ့သူဖြစ်ပါတယ်။
ပုံမှန်အားဖြင့် လှိုင်သာယာတခွင်မှာသာ လှည့်လည်ဖျော်ဖြေနေကျဖြစ်ပေမယ့်
မိုးတွင်းကာလဖြစ်တာကြောင့် ကဖို့အဆင်မပြေတာရယ် လှိုင်သာယာဘက်ကဈေးသည်တွေ ဈေးရောင်းပါးတာကြောင့်
တပုဒ်တထောင်နဲ့ အားပေးမယ့်သူ နည်းပါးလာတယ်လို့ မနှင်းဆီက ပြောပါတယ်။
ဒါကြောင့် ရန်ကုန်မြို့ပေါ်တက်လာပြီ လှည်ဖျော်ဖြေရတာဖြစ်ကြောင်း သူမက ဆိုပါတယ်။
zawgyi
credit to orginal