ထိုင်းထီပေါက်သည့် ဘုန်းတော်ကြီးထံ အလှူလာခံသူ များပြားလွန်းသဖြင့် ကျောင်းမှ ထွက်ပြေးရ
ထိုင်းနိုင်ငံမှာ ဘုန်းတော်ကြီး တစ်ပါးဟာ ထိုင်းထီ ဘတ် ၁၈ သန်း ကံထူးရှင် ဖြစ်ခဲ့ပြီးတဲ့နောက် အလှူလာခံသူ များပြားလွန်းလို့ ဘုန်းတော်ကြီးကျောင်းကို စွန့်ခွါတိမ်းရှောင်နေရတဲ့ ဖြစ်ရပ်တစ်ခု ရှိခဲ့ပါတယ်။
ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်မြို့ အပြင်ဘက်၊ နွန်သာဘူရီ အရပ်က ဝက်သင်နာခွန် ဘုန်းတော်ကြီးကျောင်းမှာ သီတင်းသုံးတဲ့ ဆရာတော် မွန်ထရီ ဆာမက်ဂျိုဟာ ပြီးခဲ့တဲ့ ၂၀၂၀ နိုဝင်ဘာလက ထိုင်းထီ ကံထူးရှင် ဖြစ်ခဲ့ပါတယ်။ပထမဆု ဘတ် ၆ သန်းကို ၃ စောင်တွဲ ပေါက်ခဲ့တဲ့ ဆရာတော် မွန်ထရီဟာ ဆုကြေးငွေ ဘတ် ၁၈ သန်း ချီးမြှင့် ခံခဲ့ရတဲ့အတွက် သူ့ရဲ့ ကျောင်းကိုရော၊ မရှိဆင်းရဲသားတွေ ကိုပါ ပြန်လည် လှူဒါန်းခဲ့ပါတယ်။
ဒါပေမယ့် အဲဒီ သတင်းကို ကြားတဲ့သူတိုင်းဟာ ဆရာတော် မွန်ထရီထံ အလုအယက် လာရောက် အလှူခံကြလို့ သူ့ကျောင်းမှာ အလှူခံသူတွေ နေ့ရော ညပါ ပြည့်နှက် နေပါတယ်။ ညဘက်တွေမှာပါ အလှူခံသူတွေ တဖွဲဖွဲ လာရောက်နေတဲ့ အတွက် ဆရာတော် ခမြာ ကောင်းကောင်း ကျိန်းစက်ခွင့်တောင် မရရှာဘဲ စိတ်အနှောက်အယှက် ဖြစ်ခဲ့ရပါတယ်
နောက်ဆုံးမှာ ဆရာတော် မွန်ထရီဟာ အလှူလာခံ သူတွေကို သည်းမခံနိုင်တော့ဘဲ ကျောင်းကနေ တိတ်တိတ်လေး ထွက်ပြေး တိမ်းရှောင်ပြီး လူမသိ သူမသိ နေရာ တစ်ခုမှာ သွားရောက် သတင်းသုံး နေရပါတယ်။ ဒါတောင် သူ့ရဲ့ ကျောင်းကို အလှူခံသူတွေ ဆက်လာနေကြသေးလို့ ကျောင်းမှာ ကျန်ခဲ့တဲ့ ဘုန်းတော်ကြီးတွေက မလာကြဖို့ ပြောဆို တားမြစ် နေကြတာကိုလည်း တွေ့ရပါတယ်။
ထိုင်းနိုင်ငံမှာ သံဃာတော်တွေကို ထိုင်းထီ ထိုးတာ တားမြစ်ထားပေမယ့် ဆရာတော် မွန်ထရီဟာ ကျောင်းကို လာပြီး အကူအညီတောင်းတဲ့ ထိုင်းထီ ရောင်းသူတစ်ဦးကို သနားလို့ ကူညီတဲ့ အနေနဲ့ ဝယ်ယူပေးခဲ့တာလို့ သိရပါတယ်။ (Siam 365)
Crd
Zawgyi
ထိုင်းထီပေါက်သည့် ဘုန်းတော်ကြီးထံ အလှူလာခံသူ များပြားလွန်းသဖြင့် ကျောင်းမှ ထွက်ပြေးရ
ထိုင္းႏိုင္ငံမွာ ဘုန္းေတာ္ႀကီး တစ္ပါးဟာ ထိုင္းထီ ဘတ္ ၁၈ သန္း ကံထူးရွင္ ျဖစ္ခဲ့ၿပီးတဲ့ေနာက္ အလႉလာခံသူ မ်ားျပားလြန္းလို႔ ဘုန္းေတာ္ႀကီးေက်ာင္းကို စြန္႔ခြါတိမ္းေရွာင္ေနရတဲ့ ျဖစ္ရပ္တစ္ခု ရွိခဲ့ပါတယ္။
ထိုင္းႏိုင္ငံ ၿမိဳ႕ေတာ္ ဘန္ေကာက္ၿမိဳ႕ အျပင္ဘက္၊ ႏြန္သာဘူရီ အရပ္က ဝက္သင္နာခြန္ ဘုန္းေတာ္ႀကီးေက်ာင္းမွာ သီတင္းသုံးတဲ့ ဆရာေတာ္ မြန္ထရီ ဆာမက္ဂ်ိဳဟာ ၿပီးခဲ့တဲ့ ၂၀၂၀ ႏိုဝင္ဘာလက ထိုင္းထီ ကံထူးရွင္ ျဖစ္ခဲ့ပါတယ္။ပထမဆု ဘတ္ ၆ သန္းကို ၃ ေစာင္တြဲ ေပါက္ခဲ့တဲ့ ဆရာေတာ္ မြန္ထရီဟာ ဆုေၾကးေငြ ဘတ္ ၁၈ သန္း ခ်ီးျမႇင့္ ခံခဲ့ရတဲ့အတြက္ သူ႔ရဲ႕ ေက်ာင္းကိုေရာ၊ မရွိဆင္းရဲသားေတြ ကိုပါ ျပန္လည္ လႉဒါန္းခဲ့ပါတယ္။
ဒါေပမယ့္ အဲဒီ သတင္းကို ၾကားတဲ့သူတိုင္းဟာ ဆရာေတာ္ မြန္ထရီထံ အလုအယက္ လာေရာက္ အလႉခံၾကလို႔ သူ႔ေက်ာင္းမွာ အလႉခံသူေတြ ေန႔ေရာ ညပါ ျပည့္ႏွက္ ေနပါတယ္။ ညဘက္ေတြမွာပါ အလႉခံသူေတြ တဖြဲဖြဲ လာေရာက္ေနတဲ့ အတြက္ ဆရာေတာ္ ချမာ ေကာင္းေကာင္း က်ိန္းစက္ခြင့္ေတာင္ မရရွာဘဲ စိတ္အေႏွာက္အယွက္ ျဖစ္ခဲ့ရပါတယ္
ေနာက္ဆုံးမွာ ဆရာေတာ္ မြန္ထရီဟာ အလႉလာခံ သူေတြကို သည္းမခံႏိုင္ေတာ့ဘဲ ေက်ာင္းကေန တိတ္တိတ္ေလး ထြက္ေျပး တိမ္းေရွာင္ၿပီး လူမသိ သူမသိ ေနရာ တစ္ခုမွာ သြားေရာက္ သတင္းသုံး ေနရပါတယ္။ ဒါေတာင္ သူ႔ရဲ႕ ေက်ာင္းကို အလႉခံသူေတြ ဆက္လာေနၾကေသးလို႔ ေက်ာင္းမွာ က်န္ခဲ့တဲ့ ဘုန္းေတာ္ႀကီးေတြက မလာၾကဖို႔ ေျပာဆို တားျမစ္ ေနၾကတာကိုလည္း ေတြ႕ရပါတယ္။
ထိုင္းႏိုင္ငံမွာ သံဃာေတာ္ေတြကို ထိုင္းထီ ထိုးတာ တားျမစ္ထားေပမယ့္ ဆရာေတာ္ မြန္ထရီဟာ ေက်ာင္းကို လာၿပီး အကူအညီေတာင္းတဲ့ ထိုင္းထီ ေရာင္းသူတစ္ဦးကို သနားလို႔ ကူညီတဲ့ အေနနဲ႔ ဝယ္ယူေပးခဲ့တာလို႔ သိရပါတယ္။ (Siam 365)
Crd