ပခုက္ကူထောင်ဖောက်ပြီး လွတ်မြောက်ခဲ့တဲ့ တော်လှန်ရေးရဲဘော်တဦး တိုက်ပွဲဝင်ရင်းကျဆုံး…See More


ပခုက္ကူထောင်ဖောက်ပြီး လွတ်မြောက်ခဲ့တဲ့ တော်လှန်ရေးရဲဘော်တဦး တိုက်ပွဲဝင်ရင်းကျဆုံး

ဝက်လက်၊ အောက်တိုဘာ ၁၈၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်က ရွှေပန်းကုံးနယ်မြေရဲစခန်းကို အောက်တိုဘာ ၁၇ ရက်မနက်အစောပိုင်းမှာ ဒေသခံ PDF ပူးပေါင်းအဖွဲ့ကဝင်ရောက်စီးနင်းရင်း ကျဆုံးခဲ့တဲ့ရဲဘော်ဟာ မကြာသေးခင်ကမှ ပခုက္ကူထောင်ကိုဖောက်ကာ လွှတ်မြောက်လာတဲ့ ရဲဘော်တဦးဖြစ်တယ်လို့ 96 Sopdiers – PDF အဖွဲ့ဆီက သိရပါတယ်။

အောက်တိုဘာ ၁၇ ရက် မနေ့ကမနက် ၅ နာရီ ၄၀ မိနစ်အချိန်မှာ ဝင်ရောက်စီးနင်းစဉ်ကျဆုံးခဲ့တာဖြစ်ပြီး ရဲဘော်တဦးလည်း ဒဏ်ရာရခဲ့သလို ရဲတပ်ဖွဲ့ဘက်ကလည်း ၂ ဦးသေကာ ၆ ဦးဒဏ်ရာရခဲ့တာလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

“ကျဆုံးသွားတဲ့ရဲဘော် ကိုနေထက်က ပခုက္ကူထောင်ကို ဖောက်ပြီး ပြေးလာတဲ့အထဲမှာပါတယ်။ 96‌ Soldiers-PDFတပ်ဖွဲ့ဝင်ပါ အသက်၂၁ နှစ်အရွယ်ရှိပြီ သူ့ကို ၃ ရက်အကြာထားပြီးမှ သဂြိုလ်ဖို့စီစဉ်နေတာကို လက်တလောကြားသိထားပါတယ်” လို့ 96 Soldiers -PDFရဲ့ တာဝန်ရှိသူတဦးကပြောပါတယ်။

ဝင်စီးတဲ့ရဲစခန်းမှာ အင်အား ၂၀ နဲ့ ၃၀ ကြားမှာရှိပြီး တိုက်ခိုက်မှုစတင်ပြီး မကြာခင်ရဲဘော် ကိုနေထက်ကို လက်နက်ငယ်ကျည်ထိမှန်ခဲ့ပြီး ဒဏ်ရာရစစ်ကြောင်းမှူးကိုတော့ ၄၀ မမအစ ထိမှန်ခဲ့တာလို့ သူကဆက်ပြောပါတယ်။

တိုက်ပွဲကြာမြင့်ချိန် ၁ နာရီလောက်အကြာမှာ စစ်ကောင်စီဘက်က လေယာဉ်ပစ်ကူနဲ့ တရစပ်ပျံသန်းပစ်ခတ်တာနေတာကြောင့် PDFပူးပေါင်းအဖွဲ့တွေ ဆုတ်ခွာခဲ့ကြပြီး အဲဒီတိုက်ခိုက်မှုမှာ 96‌ Soldiers-PDF တပ်အဖွဲ့၊ ဒေါင်းနီအဖွဲ့၊ မြင်းဖြူရှင်အဖွဲ့နဲ့တောသားကြီးအဖွဲ့တို့က ပူးပေါင်းခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်နေ့က တော်လှန်ရေးရဲဘော်၂ ဦးနဲ့ နိုင်ငံရေးသမား ၃ ဦးတို့ဟာ ပခုက္ကူအကျဉ်းထောင်ကိုဖောက်ကာ လွတ်မြောက်လာခဲ့သူတွေထဲက မနေကကျဆုံးခဲ့တဲ့ ရဲဘော်ကိုနေထက်ဟာ အဲဒီလွတ်မြောက်လာသူတွေထဲက ၁ ဦးဖြစ်ပါတယ်။

သတင်း – MSA

မြေလတ်အသံ

Crd

Zawgyi(version)

ပခုကၠဴေထာင္ေဖာက္ၿပီး လြတ္ေျမာက္ခဲ့တဲ့ ေတာ္လွန္ေရးရဲေဘာ္တဦး တိုက္ပြဲဝင္ရင္းက်ဆဳံး

ဝက္လက္၊ ေအာက္တိုဘာ ၁၈၊ ၂၀၂၂။

စစ္ကိုင္းတိုင္း၊ ဝက္လက္ၿမိဳ႕နယ္က ေ႐ႊပန္းကုံးနယ္ေျမရဲစခန္းကို ေအာက္တိုဘာ ၁၇ ရက္မနက္အေစာပိုင္းမွာ ေဒသခံ PDF ပူးေပါင္းအဖြဲ႕ကဝင္ေရာက္စီးနင္းရင္း က်ဆဳံးခဲ့တဲ့ရဲေဘာ္ဟာ မၾကာေသးခင္ကမွ ပခုကၠဴေထာင္ကိုေဖာက္ကာ လႊတ္ေျမာက္လာတဲ့ ရဲေဘာ္တဦးျဖစ္တယ္လို႔ 96 Sopdiers PDF အဖြဲ႕ဆီက သိရပါတယ္။

ေအာက္တိုဘာ ၁၇ ရက္ မေန႕ကမနက္ ၅ နာရီ ၄၀ မိနစ္အခ်ိန္မွာ ဝင္ေရာက္စီးနင္းစဥ္က်ဆဳံးခဲ့တာျဖစ္ၿပီး ရဲေဘာ္တဦးလည္း ဒဏ္ရာရခဲ့သလို ရဲတပ္ဖြဲ႕ဘက္ကလည္း ၂ ဦးေသကာ ၆ ဦးဒဏ္ရာရခဲ့တာလို႔ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

က်ဆဳံးသြားတဲ့ရဲေဘာ္ ကိုေနထက္က ပခုကၠဴေထာင္ကို ေဖာက္ၿပီး ေျပးလာတဲ့အထဲမွာပါတယ္။ 96 Soldiers-PDFတပ္ဖြဲ႕ဝင္ပါ အသက္၂၁ ႏွစ္အ႐ြယ္ရွိၿပီ သူ႕ကို ၃ ရက္အၾကာထားၿပီးမွ သၿဂိဳလ္ဖို႔စီစဥ္ေနတာကို လက္တေလာၾကားသိထားပါတယ္ လို႔ 96 Soldiers -PDFရဲ႕ တာဝန္ရွိသူတဦးကေျပာပါတယ္။

ဝင္စီးတဲ့ရဲစခန္းမွာ အင္အား ၂၀ နဲ႕ ၃၀ ၾကားမွာရွိၿပီး တိုက္ခိုက္မႈစတင္ၿပီး မၾကာခင္ရဲေဘာ္ ကိုေနထက္ကို လက္နက္ငယ္က်ည္ထိမွန္ခဲ့ၿပီး ဒဏ္ရာရစစ္ေၾကာင္းမႉးကိုေတာ့ ၄၀ မမအစ ထိမွန္ခဲ့တာလို႔ သူကဆက္ေျပာပါတယ္။

တိုက္ပြဲၾကာျမင့္ခ်ိန္ ၁ နာရီေလာက္အၾကာမွာ စစ္ေကာင္စီဘက္က ေလယာဥ္ပစ္ကူနဲ႕ တရစပ္ပ်ံသန္းပစ္ခတ္တာေနတာေၾကာင့္ PDFပူးေပါင္းအဖြဲ႕ေတြ ဆုတ္ခြာခဲ့ၾကၿပီး အဲဒီတိုက္ခိုက္မႈမွာ 96 Soldiers-PDF တပ္အဖြဲ႕၊ ေဒါင္းနီအဖြဲ႕၊ ျမင္းျဖဴရွင္အဖြဲ႕နဲ႕ေတာသားႀကီးအဖြဲ႕တို႔က ပူးေပါင္းခဲ့တယ္လို႔ သိရပါတယ္။

ၿပီးခဲ့တဲ့ စက္တင္ဘာလ ၁၀ ရက္ေန႕က ေတာ္လွန္ေရးရဲေဘာ္၂ ဦးနဲ႕ နိုင္ငံေရးသမား ၃ ဦးတို႔ဟာ ပခုကၠဴအက်ဥ္းေထာင္ကိုေဖာက္ကာ လြတ္ေျမာက္လာခဲ့သူေတြထဲက မေနကက်ဆဳံးခဲ့တဲ့ ရဲေဘာ္ကိုေနထက္ဟာ အဲဒီလြတ္ေျမာက္လာသူေတြထဲက ၁ ဦးျဖစ္ပါတယ္။

သတင္း MSA

ေျမလတ္အသံ

Crd

Leave a Reply

Your email address will not be published. Required fields are marked *