အမေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရှိကျန်းမာရေးအခြေအနေ

ဒေါ်အောင်ဆန်းစုကြည် ထောင်ဆရာဝန်နဲ့ ပြသခဲ့ရ

နေပြည်တော်က အချုပ်ထောင်မှာ ရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ

ကျန်းမာရေး အခြေအနေအရ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထောင်ဆရာဝန်နဲ့ ပြသခဲ့ရတယ်လို့ NLD ပါတီနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

“အစားအသောက် ပျက်နေတာလည်း ဟုတ်တယ်။ အရည်ပဲ သောက်ရတယ်။ ဆံပင်တွေလည်း ကျွတ်နေတယ်။

ဟို တစ်ရက်ကတော့ လဲမလိုဖြစ်လို့ သူကတော့ သတိနဲ့ ထိန်းလိုက်နိုင်တဲ့အတွက် မလဲပါဘူး။ ဒါပေမဲ့ အစောင့်တွေက စိတ်ပူပြီး ဆရာဝန် ခေါ်ကြတယ်။

အခု ကျန်းမာရေးက ကောင်းပါတယ်။ စိတ်ကတော့ ခုထိ ခပ်မာမာပဲ”

ဒေါ်အောင်ဆန်းစုကြည် မူးလဲမလိုဖြစ်တဲ့နေ့ရက်နဲ့ ဆရာဝန်နဲ့ ခေါ်ပြခဲ့ရတဲ့ကိစ္စ အသေးစိတ်ကိုတော့ RFA က သီးခြားအတည်ပြုနေဆဲ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ထောင်ဝင်းထဲက ပြတင်းပေါက် ခြောက်ပေါက်သာပါတဲ့ အိမ်မှာ အပူဒဏ်ကို ခံနေရသလို

ပြတင်းပေါက်တွေကိုကာဖို့ ခန်းစီးခြောက်စ တောင်းတဲ့အခါမှာလည်း ထောင်အာဏာပိုင်တွေ ဘက်က သုံးစသာ

ထုတ်ပေးခဲ့တယ်လို့ RFA ရဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်နေ့မှာ နေပြည်တော် အချုပ်ထောင်ထဲက သီးခြားအိမ်တစ်လုံးကို ပို့ဆောင်ခဲ့ပြီး

သူ ရင်ဆိုင်နေရတဲ့အမှုတွေကိုလည်း အဲဒီ အချုပ်ထောင်က အထူးတရားရုံးမှာပဲ ဆက်လက် စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ထဲကို ပြောင်းရွှေ့လိုက်တာဟာ

ပြစ်မှုဆိုင်ရာ ဥပဒေတွေအရဖြစ်ပြီး သီးခြား ကောင်းမွန်စွာ ထားရှိတယ်လို့ နေပြည်တော်က သတင်းစာ ရှင်းလင်းပွဲတစ်ခုမှာ ပြောဆိုခဲ့ပါတယ်။

အသက် ၇၇ နှစ် ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် အမှုပေါင်း ၁၉ ခုနဲ့ တရားစွဲဆိုခံထားရတာပါ။

လက်ရှိမှာ အမှုခြောက်မှုအတွက် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထားရပြီး ကျန်ရှိနေတဲ့ အမှု ၁၃ မှုအတွက် ဆက်လက် တရားရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူး ကိုယ်စားလှယ်၊ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်း

(Prak Sokhonn) ကတော့ သူ့ရဲ့ နေပြည်တော်ခရီးစဉ်တိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ တောင်းဆိုလျက်ရှိပြီး

အခုတစ်ခေါက် နောက်လမှာလာမယ့် ခရီးစဉ်မှာလည်း တွေ့ဆုံခွင့်ရဖို့ မျှော်လင့်နေပါတယ်။

Credit – RFA

Zawgyi

ေဒၚေအာင္ဆန္းစုၾကည္ ေထာင္ဆရာဝန္နဲ႔ ျပသခဲ့ရ

ေနျပည္ေတာ္က အခ်ဳပ္ေထာင္မွာ ေရာက္ရွိေနတဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ဟာ

က်န္းမာေရး အေျခအေနအရ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ေထာင္ဆရာဝန္နဲ႔ ျပသခဲ့ရတယ္လို႔ NLD ပါတီနဲ႔ နီးစပ္သူတစ္ဦးက RFA ကို ေျပာပါတယ္။

“အစားအေသာက္ ပ်က္ေနတာလည္း ဟုတ္တယ္။ အရည္ပဲ ေသာက္ရတယ္။ ဆံပင္ေတြလည္း ကြၽတ္ေနတယ္။

ဟို တစ္ရက္ကေတာ့ လဲမလိုျဖစ္လို႔ သူကေတာ့ သတိနဲ႔ ထိန္းလိုက္ႏိုင္တဲ့အတြက္ မလဲပါဘူး။ ဒါေပမဲ့ အေစာင့္ေတြက စိတ္ပူၿပီး ဆရာဝန္ ေခၚၾကတယ္။

အခု က်န္းမာေရးက ေကာင္းပါတယ္။ စိတ္ကေတာ့ ခုထိ ခပ္မာမာပဲ”

ေဒၚေအာင္ဆန္းစုၾကည္ မူးလဲမလိုျဖစ္တဲ့ေန႔ရက္နဲ႔ ဆရာဝန္နဲ႔ ေခၚျပခဲ့ရတဲ့ကိစၥ အေသးစိတ္ကိုေတာ့ RFA က သီးျခားအတည္ျပဳေနဆဲ ျဖစ္ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ဟာ ေထာင္ဝင္းထဲက ျပတင္းေပါက္ ေျခာက္ေပါက္သာပါတဲ့ အိမ္မွာ အပူဒဏ္ကို ခံေနရသလို

ျပတင္းေပါက္ေတြကိုကာဖို႔ ခန္းစီးေျခာက္စ ေတာင္းတဲ့အခါမွာလည္း ေထာင္အာဏာပိုင္ေတြ ဘက္က သုံးစသာ

ထုတ္ေပးခဲ့တယ္လို႔ RFA ရဲ႕ သတင္းရင္းျမစ္ေတြက ေျပာပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ကို ၿပီးခဲ့တဲ့ ဇြန္လ ၂၂ ရက္ေန႔မွာ ေနျပည္ေတာ္ အခ်ဳပ္ေထာင္ထဲက သီးျခားအိမ္တစ္လုံးကို ပို႔ေဆာင္ခဲ့ၿပီး

သူ ရင္ဆိုင္ေနရတဲ့အမႈေတြကိုလည္း အဲဒီ အခ်ဳပ္ေထာင္က အထူးတရား႐ုံးမွာပဲ ဆက္လက္ စစ္ေဆးခဲ့တာ ျဖစ္ပါတယ္။

စစ္ေကာင္စီ ေျပာခြင့္ရ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းကေတာ့ ေဒၚေအာင္ဆန္းစုၾကည္ကို ေထာင္ထဲကို ေျပာင္းေ႐ႊ႕လိုက္တာဟာ

ျပစ္မႈဆိုင္ရာ ဥပေဒေတြအရျဖစ္ၿပီး သီးျခား ေကာင္းမြန္စြာ ထားရွိတယ္လို႔ ေနျပည္ေတာ္က သတင္းစာ ရွင္းလင္းပြဲတစ္ခုမွာ ေျပာဆိုခဲ့ပါတယ္။

အသက္ ၇၇ ႏွစ္ ရွိၿပီျဖစ္တဲ့ ေဒၚေအာင္ဆန္းစုၾကည္ဟာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ အမႈေပါင္း ၁၉ ခုနဲ႔ တရားစြဲဆိုခံထားရတာပါ။

လက္ရွိမွာ အမႈေျခာက္မႈအတြက္ ေထာင္ဒဏ္ ၁၁ ႏွစ္ ခ်မွတ္ခံထားရၿပီး က်န္ရွိေနတဲ့ အမႈ ၁၃ မႈအတြက္ ဆက္လက္ တရားရင္ဆိုင္ေနရတာလည္း ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံဆိုင္ရာ အာဆီယံအထူး ကိုယ္စားလွယ္၊ ကေမာၻဒီးယား ႏိုင္ငံျခားေရးဝန္ႀကီး ပရက္ေဆာ့ခြန္း

(Prak Sokhonn) ကေတာ့ သူ႔ရဲ႕ ေနျပည္ေတာ္ခရီးစဥ္တိုင္းမွာ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႕ခြင့္ရဖို႔ ေတာင္းဆိုလ်က္ရွိၿပီး

အခုတစ္ေခါက္ ေနာက္လမွာလာမယ့္ ခရီးစဥ္မွာလည္း ေတြ႕ဆုံခြင့္ရဖို႔ ေမွ်ာ္လင့္ေနပါတယ္။

Credit – RFA

Leave a Reply

Your email address will not be published. Required fields are marked *