မိဘများအပေါ်တွင် သိတတ်လိမ္မာသောသားသမီးတို့သည် မည်သည့်အချိန်အခါမှ ဆင်းရဲခြင်းကို ကြုံတွေ့လိုက်ရမည်မဟုတ်ပေ။ယခုတွင်လည်း ထိုင်းနိုင်ငံ Nakhon Ratchasimaခရိုင်တွင်နေထိုင်သော အသက်၁၀နှစ်အရွယ်
၅တန်းကျောင်းသားလေးသည် လူအများကပင် လေးစားရသော စံပြတစ်ဦးပင်ဖြစ်နေခဲ့ပါတယ်။Nong Phumဟုအမည်ရသည့်ကလေးဟာ မိခင်၊
ပထွေးနှင့် ညီမလေးတစ်ယောက်ရှိပြီး အိမ်ငှားနေထိုင်ကြတာဖြစ်ပါတယ်။
မိဘတို့ကလည်း ရေခဲချောင်းရောင်းချပြီး အသက်မွေးသူတွေဖြစ်ကြပါတယ်။ကောင်လေးဟာလည်း အိမ်ငှားခလေးရရှိစေရန်အတွက် ကျောင်းဆင်းသည်နှင့် ဆော့ကစားခြင်းမရှိဘဲ
စက်ဘီးတစ်စီးဖြင့် ရေခဲချောင်းလိုက်ရောင်းကာ ဝင်ငွေရှာပေးနေခဲ့ပါတယ်။အရွယ်နှင့်မလိုက်သော သိတတ်မှုဟာ လူတိုင်းအတွက်အတုယူလေးစားဖွယ်ရာ ကောင်းလှပါတယ်။