ပြင်ပစျေးကွက်မှာ ‌အရောင်းအဝယ်လုပ်နေတဲ့ တိတ်တဆိတ် ‌‌ဒေါ်လာ‌စျေးနဲ့ ပေါ်တင် ရွှေစျေး

ယေန႔ ျပင္ပေစ်းကြက္မွာ ‌အေရာင္းအဝယ္လုပ္ေနတဲ့ တိတ္တဆိတ္ ‌‌ေဒၚလာ‌ေစ်းနဲ႔ ေပၚတင္ ေ႐ႊေစ်း..

ယေန႔ ေအာက္တိုဘာလ ၁၇ ရက္ (တနလၤာေန႔) ျပင္ပေဒၚလာေဈးကြက္စဖြင့္ခ်ိန္ အေမရိကန္တစ္ေဒၚလာကို က်ပ္ ၂၉၀၀ ဝန္းက်င္နဲ႔ အေရာင္းအဝယ္လုပ္ၾကတယ္လို႔ ျပင္ပေဒၚလာေရာင္းဝယ္သူေတြဆီက သိရပါတယ္

ဒီေန႔ နံနက္ ၁၁ နာရီခြဲအခ်ိန္ ေပါက္ေဈးအရ တစ္ေဒၚလာကို က်ပ္ ၂၉၀၀ မွ ၂၉၅၀ ၾကားမွာရွိေနၿပီး ႀကိဳက္ေရာင္းႀကိဳက္ဝယ္ အလုပ္ျဖစ္ေနကာ အျခားႏိုင္ငံျခားသုံးေငြေၾကးေတြျဖစ္တဲ့ နယ္စပ္ကုန္သြယ္ေရးမွာအေရးပါတဲ့ တ႐ုတ္ေငြေၾကး ယြမ္ေငြကေတာ့ က်ပ္ ၄၀၀ ဝန္းက်င္၊ ထိုင္းဘတ္ကေတာ့ ၇၆က်ပ္နဲ႔ ၇၈ က်ပ္ၾကားမွာရွိေနတယ္လို႔ ျပင္ပေငြေၾကးေဈးကြက္က သိရပါတယ္

ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္က တရားဝင္ထုတ္ျပန္ထားတဲ့ ေဒၚလာရည္ၫႊန္းေဈးကေတာ့ အေမရိကန္တစ္ေဒၚလာကို က်ပ္ ၂၁၀၀ ျဖစ္ၿပီး တရားမဝင္ ျပင္ပေဒၚလာေရာင္းဝယ္သူေတြကို ဗဟိုဘဏ္က စစ္ေဆးတင္းၾကပ္မႈေတြ လုပ္ေဆာင္ေနတာလည္း ျဖစ္ပါတယ္။ ေဒၚလာေဈးေတြ ေဖာ္ျပေနတဲ့ လူမႈကြန္ယက္စာမ်က္ႏွာ (Page) ေတြကို အေရးယူမယ္လို႔ ဗဟိုဘဏ္က ထုတ္ျပန္ထားပါတယ္


အလားတူ ျပည္တြင္းေ႐ႊေစ်းမွာလည္း ျပင္ပေဒၚလာေဈးအေပၚမူတည္ၿပီး အတက္အက်အေျပာင္းအလဲ ဆက္ရွိေနမွာပဲလို႔ ရန္ကုန္တိုင္းေဒသႀကီး ေ႐ႊလုပ္ငန္းရွင္မ်ားအသင္း ဥကၠဌ ဦးမ်ိဳးျမင့္က ေျပာပါတယ္


“ေ႐ႊေဈးကေတာ့ အထက္ကို တက္လိုက္ ေအာက္ကို ဆင္းလိုက္ လႈပ္ရွားေနမွာပဲ အေသေတာ့မဟုတ္ဘူး၊ ျပည္တြင္းေဒၚလာေဈးအေပၚ မူတည္တယ္။ တကယ္လို႔ ၃၀၀၀ ေလာက္ထိ ေဒၚလာေဈးတက္လာရင္ ေ႐ႊေဈးနည္းနည္းျပန္တက္လာမွာပဲ။ အခုကေတာ့ ကမာၻ႔ေ႐ႊေဈးလည္းက်တယ္။ ျပည္တြင္းေဒၚလာေဈးလည္း တစ္ျဖည္းျဖည္းျပန္က်လာေတာ့ ေ႐ႊေဈးပါလိုက္က်တယ္

ေ႐ႊအသင္းက ေရာင္းတဲ့အခ်ိန္တုန္းက ျပည္တြင္းေဒၚလာေဈးက ၂၈၀၀၊ ၃၀၀၀ ေလာက္ထိျဖစ္သြားေတာ့ ေ႐ႊေဈးတက္တဲ့ေဈး ျဖစ္သြားတာေပါ့။ အခုကေတာ့ ေဈးကြက္ေအးတယ္ နယ္ဘက္က အထည္ပ်က္လာေရာင္းသူေတြမ်ားတယ္၊ ဝယ္မယ့္သူကေတာ့ ေဈးအက်ေစာင့္ေနၾကတုန္းပဲ” လို႔ ဦးမ်ိဳးျမင့္က ေျပာပါတယ္

ဒီေန႔ ကမာၻ႔ေ႐ႊေဈးကေတာ့ တစ္ေအာင္စကို ၁၆၅၀ ေဒၚလာရွိၿပီး ရန္ကုန္တိုင္းေ႐ႊလုပ္ငန္းရွင္မ်ားအသင္းက ဖြင့္လွစ္တဲ့ ေ႐ႊရည္ၫႊန္းေဈးကေတာ့ မီးလင္းေ႐ႊတစ္က်ပ္သားကို ၁,၉၄၄,၀၀၀ က်ပ္ျဖစ္ကာ အသင္းသားေတြကိုေတာ့ ျပင္ပေဒၚလာေပါက္ေဈးနဲ႔တြက္ခ်က္ ေရာင္းဝယ္ခြင့္ေပးထားတာလည္း ျဖစ္ပါတယ္


ျပင္ပေ႐ႊဆိုင္ေတြမွာေတာ့ နံနက္ ၁၁ နာရီခြဲေပါက္ေဈးအရ ၁၆ ပဲရည္တစ္က်ပ္သားကို က်ပ္ ၂၆ သိန္းအထက္နဲ႔ ေဈးဖြင့္ထားၿပီး အေရာင္းအဝယ္ကို က်ပ္ ၄၀,၀၀၀ အကြာနဲ႔ အေရာင္းအဝယ္လုပ္ေပးတယ္လို႔ ရန္ကုန္ၿမိဳ႕ေ႐ႊဆိုင္ေတြဆီက သိရပါတယ္။

=========

ယနေ့ ပြင်ပစျေးကွက်မှာ ‌အရောင်းအဝယ်လုပ်နေတဲ့ တိတ်တဆိတ် ‌‌ဒေါ်လာ‌စျေးနဲ့ ပေါ်တင် ရွှေစျေး..

ယနေ့ အောက်တိုဘာလ ၁၇ ရက် (တနင်္လာနေ့) ပြင်ပဒေါ်လာဈေးကွက်စဖွင့်ချိန် အမေရိကန်တစ်ဒေါ်လာကို ကျပ် ၂၉၀၀ ဝန်းကျင်နဲ့ အရောင်းအဝယ်လုပ်ကြတယ်လို့ ပြင်ပဒေါ်လာရောင်းဝယ်သူတွေဆီက သိရပါတယ်


ဒီနေ့ နံနက် ၁၁ နာရီခွဲအချိန် ပေါက်ဈေးအရ တစ်ဒေါ်လာကို ကျပ် ၂၉၀၀ မှ ၂၉၅၀ ကြားမှာရှိနေပြီး ကြိုက်ရောင်းကြိုက်ဝယ် အလုပ်ဖြစ်နေကာ အခြားနိုင်ငံခြားသုံးငွေကြေးတွေဖြစ်တဲ့ နယ်စပ်ကုန်သွယ်ရေးမှာအရေးပါတဲ့ တရုတ်ငွေကြေး ယွမ်ငွေကတော့ ကျပ် ၄၀၀ ဝန်းကျင်၊ ထိုင်းဘတ်ကတော့ ၇၆ကျပ်နဲ့ ၇၈ ကျပ်ကြားမှာရှိနေတယ်လို့ ပြင်ပငွေကြေးဈေးကွက်က သိရပါတယ်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က တရားဝင်ထုတ်ပြန်ထားတဲ့ ဒေါ်လာရည်ညွှန်းဈေးကတော့ အမေရိကန်တစ်ဒေါ်လာကို ကျပ် ၂၁၀၀ ဖြစ်ပြီး တရားမဝင် ပြင်ပဒေါ်လာရောင်းဝယ်သူတွေကို ဗဟိုဘဏ်က စစ်ဆေးတင်းကြပ်မှုတွေ လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။ ဒေါ်လာဈေးတွေ ဖော်ပြနေတဲ့ လူမှုကွန်ယက်စာမျက်နှာ (Page) တွေကို အရေးယူမယ်လို့ ဗဟိုဘဏ်က ထုတ်ပြန်ထားပါတယ်

အလားတူ ပြည်တွင်းရွှေစျေးမှာလည်း ပြင်ပဒေါ်လာဈေးအပေါ်မူတည်ပြီး အတက်အကျအပြောင်းအလဲ ဆက်ရှိနေမှာပဲလို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးမျိုးမြင့်က ပြောပါတယ်

“ရွှေဈေးကတော့ အထက်ကို တက်လိုက် အောက်ကို ဆင်းလိုက် လှုပ်ရှားနေမှာပဲ အသေတော့မဟုတ်ဘူး၊ ပြည်တွင်းဒေါ်လာဈေးအပေါ် မူတည်တယ်။ တကယ်လို့ ၃၀၀၀ လောက်ထိ ဒေါ်လာဈေးတက်လာရင် ရွှေဈေးနည်းနည်းပြန်တက်လာမှာပဲ။ အခုကတော့ ကမ္ဘာ့ရွှေဈေးလည်းကျတယ်။ ပြည်တွင်းဒေါ်လာဈေးလည်း တစ်ဖြည်းဖြည်းပြန်ကျလာတော့ ရွှေဈေးပါလိုက်ကျတယ်

ရွှေအသင်းက ရောင်းတဲ့အချိန်တုန်းက ပြည်တွင်းဒေါ်လာဈေးက ၂၈၀၀၊ ၃၀၀၀ လောက်ထိဖြစ်သွားတော့ ရွှေဈေးတက်တဲ့ဈေး ဖြစ်သွားတာပေါ့။ အခုကတော့ ဈေးကွက်အေးတယ် နယ်ဘက်က အထည်ပျက်လာရောင်းသူတွေများတယ်၊ ဝယ်မယ့်သူကတော့ ဈေးအကျစောင့်နေကြတုန်းပဲ” လို့ ဦးမျိုးမြင့်က ပြောပါတယ်


ဒီနေ့ ကမ္ဘာ့ရွှေဈေးကတော့ တစ်အောင်စကို ၁၆၅၀ ဒေါ်လာရှိပြီး ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ဖွင့်လှစ်တဲ့ ရွှေရည်ညွှန်းဈေးကတော့ မီးလင်းရွှေတစ်ကျပ်သားကို ၁,၉၄၄,၀၀၀ ကျပ်ဖြစ်ကာ အသင်းသားတွေကိုတော့ ပြင်ပဒေါ်လာပေါက်ဈေးနဲ့တွက်ချက် ရောင်းဝယ်ခွင့်ပေးထားတာလည်း ဖြစ်ပါတယ်

ပြင်ပရွှေဆိုင်တွေမှာတော့ နံနက် ၁၁ နာရီခွဲပေါက်ဈေးအရ ၁၆ ပဲရည်တစ်ကျပ်သားကို ကျပ် ၂၆ သိန်းအထက်နဲ့ ဈေးဖွင့်ထားပြီး အရောင်းအဝယ်ကို ကျပ် ၄၀,၀၀၀ အကွာနဲ့ အရောင်းအဝယ်လုပ်ပေးတယ်လို့ ရန်ကုန်မြို့ရွှေဆိုင်တွေဆီက သိရပါတယ်။


crd

Leave a Reply

Your email address will not be published. Required fields are marked *