မဲပေးဖို့စာရင်းလိုက်ကောက်တဲ့ ရပ်ကျေးစာရေး ရဲဝင်းနိုင်….

ပေးဖို့စာရင်းလိုက်ကောက်တဲ့ ရပ်ကျေးစာရေး ရဲဝင်းနိုင် သေနတ်ပစ်ခံရလို့ သေဆုံး

C8 News

ရန်ကုန်၊အောက်တိုဘာ(၁၇)

စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ မဲစာရင်းလုပ်ဖို့ မြေပြင်လူဦးရေစာရင်း လိုက်ကောက်နေတဲ့ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို၊ (၅)ရပ်ကွက်၊ အထက်တောင်ကိုင်းကျေးရွာ ရပ်ကျေးစာရေး ရဲဝင်းနိုင် ကိုအမည်မသိလက်နက်ကိုင်ဆောင်ထားသူတွေက ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသွားပြီဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

” အထက်တောင်ကိုင်းကျေးရွာက စာရေး၊ ဥမှင်ရွာမှာအပစ်ခံရတာ၊ သူကတအားတက်ကြွနေတာ စကစ တွေလုပ်မယ့်ရွေးကောက်ပွဲအတွက်ဆိုပြီး လူစာရင်းလိုက်ကောက်တာ၊ ပွဲချင်းပြီးသေတယ်” လို့အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

ရပ်ကွက်ရုံးစာရေး ရဲဝင်းနိုင် ဟာတခြားအဖွဲ့ဝင်တွေနဲ့အတူ လူဦးရေစာရင်းလိုက်လံကောက်ပြီးနောက် တဦးတည်းပြန်လာချိန် အောက်တိုဘာ(၁၅)ရက်နေ့က ဥမှင်ရွာ လမ်းလယ်မှာပစ်ခတ်ခံခဲ့ရတာဖြစ်ပြီး ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့သလဲဆိုတာကိုတော့ မသိရသေးပါဘူး။

ပစ်ခတ်ခံရပြီးနောက် ဦးခေါင်းနောက်စေ့မှ ဦးခေါင်းဝဲဘက် ကျည်ဖောက်ထွက်ဒဏ်ရာ (၁) ချက်၊ နောက်ကျောမှ ရင်ဘတ်ကျည်ဖောက်ထွက်ဒဏ်ရာ(၁)ချက်၊ ဝဲလက်မောင်းနဲ့ နောက်ကျောတို့မှာ ကျည် ဖောက်ဝင်ဒဏ်ရာ (၂) ချက်တိုရရှိခဲ့ပြီး နေမှာတင်သေဆုံးခဲ့တာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းဆီက သိရပါတယ်။

မဲပေးဖို့စာရင်းလိုက်ကောက်တဲ့ ရပ်ကျေးစာရေး ရဲဝင်းနိုင် သေနတ်ပစ်ခံရလို့ သေဆုံး

crd

Leave a Reply

Your email address will not be published. Required fields are marked *