ဝန်ကြီး ဒေါ်အိသဉ္ဇာမောင် ရှေ့တန်းတစ်နေရာသို့ သွားရောက်


လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်အိသဉ္ဇာမောင် ရှေ့တန်းတစ်နေရာသို့ သွားရောက်

* * * *

အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်အိသဉ္ဇာမောင် ကရင်ပြည်နယ်ရှိ ရှေ့တန်းတစ်နေရာသို့ သွားရောက်ကာ PDF ရဲဘော်များနှင့် တွေ့ဆုံခဲ့ကြောင်း Cobra Column-တပ်ခွဲ ၁ က ယနေ့ အောက်တိုဘာလ ၁၆ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

“ရှေ့တန်းမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ရဲဘော်တွေပါ။ ရာသီဥတုက နေ့ဆိုပူပြီး၊ ညဆို အေးတော့ သူတို့ တော်တော်ပင်ပန်းပါတယ်။ ညဘက်ဆို အေးတာမှ တော်တော်ကိုအေးတာ။ ဘယ်လိုပဲ ပင်ပန်းပါစေ ပြည်သူလူထုတရပ်လုံး အာဏာရှင်စနစ်အောက်က လွတ်မြောက်ရေး အတွက် ဆက်ပြီး တိုက်ပွဲဝင်ပေးနေလို့ ကျေးဇူးတင်ပြီး လေးစားပါတယ်

။ ကျမတို့ ပြည်သူလူထုကလည်း စိတ်ဓာတ်မကျပါနဲ့။ ဒီအရွေ့မှာ မှန်ကန်တဲ့ဘက်က ပြိုင်တူတွန်းနေကြတဲ့အတွက် တိုက်ပွဲရှိရင် အောင်ပွဲရှိလာမှာမို့ ရဲဘော်တွေကို ဒီထက်ပိုပြီး စိတ်ခွန်အား၊ ငွေကြေး အင်အား တတ်နိုင်သလောက် ပံ့ပိုပေးကြမယ်။ တရားတဲ့သူသာ နိုင်ကြေးဟေ့”ဟု ဝန်ကြီး Facebook စာမျက်နှာတွင် ရေးသားထားသည်။

ဝန်ကြီးသည် ပြီးခဲ့သည့်ရက်ပိုင်းကလည်း ကျားသစ်နက်စစ်ကြောင်း (Black Panther Column)သင်တန်းဆင်းပွဲသို့ တက်ရောက်ခဲ့သေးသည်။

လူငယ္ႏွင့္ ကေလးသူငယ္ေရးရာဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ေဒၚအိသဥၨာေမာင္ ေရွ႕တန္းတစ္ေနရာသို႔ သြားေရာက္

* * * *

အမ်ိဳးသားညီညြတ္ေရးအစိုးရ၊ အမ်ိဳးသမီး၊ လူငယ္ႏွင့္ ကေလးသူငယ္ေရးရာဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ေဒၚအိသဥၨာေမာင္ ကရင္ျပည္နယ္ရွိ ေရွ႕တန္းတစ္ေနရာသို႔ သြားေရာက္ကာ PDF ရဲေဘာ္မ်ားႏွင့္ ေတြ႕ဆုံခဲ့ေၾကာင္း Cobra Column-တပ္ခြဲ ၁ က ယေန႔ ေအာက္တိုဘာလ ၁၆ ရက္ေန႔တြင္ သတင္းထုတ္ျပန္သည္။

“ေရွ႕တန္းမွာ တာဝန္ထမ္းေဆာင္ေနၾကတဲ့ ရဲေဘာ္ေတြပါ။ ရာသီဥတုက ေန႔ဆိုပူၿပီး၊ ညဆို ေအးေတာ့ သူတို႔ ေတာ္ေတာ္ပင္ပန္းပါတယ္။ ညဘက္ဆို ေအးတာမွ ေတာ္ေတာ္ကိုေအးတာ။ ဘယ္လိုပဲ ပင္ပန္းပါေစ ျပည္သူလူထုတရပ္လုံး အာဏာရွင္စနစ္ေအာက္က လြတ္ေျမာက္ေရး အတြက္ ဆက္ၿပီး တိုက္ပြဲဝင္ေပးေနလို႔ ေက်းဇူးတင္ၿပီး ေလးစားပါတယ္

။ က်မတို႔ ျပည္သူလူထုကလည္း စိတ္ဓာတ္မက်ပါနဲ႔။ ဒီအေရြ႕မွာ မွန္ကန္တဲ့ဘက္က ၿပိဳင္တူတြန္းေနၾကတဲ့အတြက္ တိုက္ပြဲရွိရင္ ေအာင္ပြဲရွိလာမွာမို႔ ရဲေဘာ္ေတြကို ဒီထက္ပိုၿပီး စိတ္ခြန္အား၊ ေငြေၾကး အင္အား တတ္နိုင္သေလာက္ ပံ့ပိုေပးၾကမယ္။ တရားတဲ့သူသာ နိုင္ေၾကးေဟ့”ဟု ဝန္ႀကီး Facebook စာမ်က္ႏွာတြင္ ေရးသားထားသည္။

ဝန္ႀကီးသည္ ၿပီးခဲ့သည့္ရက္ပိုင္းကလည္း က်ားသစ္နက္စစ္ေၾကာင္း (Black Panther Column)သင္တန္းဆင္းပြဲသို႔ တက္ေရာက္ခဲ့ေသးသည္။

#TachileikNewsAgency

Photo – Cobra Column – တပ္ခြဲ ၁

Crd

Leave a Reply

Your email address will not be published. Required fields are marked *