စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ နီးပါး အရှင်ဖမ်းမိ

KNU တပ္မဟာ ၆ နယ္ေျမ ကာလိခီး၊ တကူခီးတြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၂၀ နီးပါး အရွင္ဖမ္းမိ

Salween Press

ေအာက္တိုဘာလ ၁၇ ရက္ေန႔ ၊ ၂၀၂၂

KNU တပ္မဟာ၆ နယ္ေျမအတြင္းရွိ ကာလိခီး၊ တကူခီးအၾကားတြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၂၀ နီးပါးကို KNLA/KNDO ႏွင့္ PDF ပူးေပါင္းတပ္ဖြဲ႕တို႔ဘက္မွ ဖမ္းဆီးရမိတယ္လို႔ ေရွ႕တန္းစစ္ေျမျပင္က KNLA တပ္ဖြဲ႕နဲ႔နီးစပ္သည့္ သတင္းရင္းျမစ္ကေျပာပါတယ္

“တိုက္ပြဲကျပင္းထန္တယ္။ ကာလိခီးနဲ႔တကူခီးမွာ ဖမ္းမိထားတာ ၁၀ ေယာက္ေက်ာ္ ၂၀ နီးပါးေလာက္ရွိတယ္။ ဒီညေန (ေအာက္တိုဘာလ ၁၆ ရက္ေန႔ညေန)က စစ္ေကာင္စီတပ္ဖြဲ႕ကို ပူးေပါင္းတပ္ဖြဲ႕က ဝိုင္းညႇပ္ၿပီးပစ္တာ။ တခ်ိဳ႕စစ္ေကာင္စီတပ္ဖြဲ႕ဝင္ကို အရွင္ထပ္မံဖမ္းဆီးခံရႏိုင္ေသးတယ္လို႔” KNLA တပ္မႉးေတြနဲ႔နီးစပ္သည့္ အဆိုပါသတင္းရင္းျမစ္ကေျပာပါတယ္

ဒါ့အျပင္ KNU တပ္မဟာ ၁ KNLA တပ္ရင္း ၃ အုပ္ခ်ဳပ္နယ္ေျမက်ိဳက္ထိုေဒသတြင္မွာလည္း စစ္ေကာင္စီတပ္ဖြဲ႕ႏွင့္ KNLA ပူးေပါင္းတပ္ဖြဲ႕တို႔အၾကား ပစ္ခတ္တိုက္ခိုက္မႈျဖစ္ပြားခဲ့ရာ ၂ ရက္အတြင္း စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၂၇ ဦးထက္မနည္းေသဆုံးၿပီး KNLA ပူးေပါင္းတပ္ဖြဲ႕တို႔ဘက္မွ ၂ ဦးက်ဆုံးတယ္လို႔ ကနဦးသတင္းရရွိေၾကာင္း KNLA နဲ႔နီးစပ္သူထံမွသိရပါတယ္


ေအာက္တိုဘာလ ၁၃ ရက္ေန႔မွာလည္း ကရင္ျပည္နယ္ ဖာပြန္ၿမိဳ႕နယ္ရွိ နယ္ျခားေစာင့္တပ္ BGF စခန္းတစ္ခုျဖစ္တဲ့ ေဖာထီးခုတပ္စခန္းကို KNLA တပ္မဟာ ၅ တပ္ဖြဲ႕က တိုက္ခိုက္ခဲ့ၿပီးေနာက္ စခန္းကိုမီးရႈိ႕ဖ်က္ဆီးႏိုင္ခဲ့တယ္လို႔ KNLA နဲ႔နီးစပ္တဲ့နယ္ေျမခံသတင္းရင္းျမစ္ကဆိုပါတယ္

BGF ရဲ႕ေဖာထီးခုတပ္စခန္းသည္ ကမေမာင္းၿမိဳ႕နဲ႔ ဖာပြန္ၿမိဳ႕ကိုဆယ္သြယ္ထားသည့္လမ္းႏွင့္ ယြန္းစလင္းျမစ္ကမ္းနားမွာတည္ရွိၿပီး ေရေၾကာင္းျဖင့္သြားလာသည့္ေဒသခံျပည္သူေတြကို BGF တပ္ဖြဲ႕ဝင္ေတြက ပိတ္ဆို႔တာ၊ စစ္ေဆးေႏွာက္ယွက္တာေတြျပဳလုပ္ေလ့ရွိတယ္လို႔ ေဒသခံျပည္သူထံမွသိရပါတယ္


KNU ေကာ္သူးေလအုပ္ခ်ဳပ္နယ္ေျမမွာ စက္တင္ဘာလ တစ္လအတြင္း တိုက္ပြဲေပါင္း ၃၃၃ ႀကိမ္ျဖစ္ပြားခဲ့ၿပီး အာဏာသိမ္းအၾကမ္းဖက္စစ္ေကာင္စီဘက္မွ ၃၆၀ ဦး ေသဆုံးကာ ၂၆၄ ဦးထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ KNU ကသတင္းထုတ္ျပန္ထားပါတယ္။ KNLA ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္၊ KNDO ကရင္အမ်ိဳးသားကာကြယ္ေရးတပ္ဖြဲ႕ႏွင့္ စစ္ေကာင္စီတပ္/BGF နယ္ျခားေစာင့္ပူးေပါင္းတပ္တို႔အၾကား ျဖစ္ပြားခဲ့သည့္တိုက္ပြဲေတြျဖစ္ေၾကာင္း KNU က ထုတ္ျပန္ပါတယ္

KNLA- ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္၊ KNDO-ကရင္အမ်ိဳးသားကာကြယ္ေရးတပ္ဖြဲမွ ၇ ဦးက်ဆုံးၿပီး ၃၇ ဦး ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ ထုတ္ျပန္ခ်က္မွာေဖာ္ျပပါတယ္။ ဒါ့အျပင္ စက္တင္ဘာလအတြင္းမွာ စစ္ေကာင္စီဖက္မွ ေလယာဥ္ျဖင့္ ဗုံးက်ဲတိုက္ခိုက္မႈေၾကာင့္ အရပ္သားျပည္သူ ၆ ဦး ေသဆုံးခဲ့ရၿပီး ၁၁ ဦး ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ KNU ကထုတ္ျပန္တယ္

ဓာတ္ပုံ – ေရွ႕တန္းထြက္ KNLA တပ္ဖြဲ႕ဝင္မ်ားကိုေတြ႕ရစဥ္။ (Photo: KNU)


Salweenpress

==========

KNU တပ်မဟာ ၆ နယ်မြေ ကာလိခီး၊ တကူခီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ နီးပါး အရှင်ဖမ်းမိ

Salween Press

အောက်တိုဘာလ ၁၇ ရက်နေ့ ၊ ၂၀၂၂

KNU တပ်မဟာ၆ နယ်မြေအတွင်းရှိ ကာလိခီး၊ တကူခီးအကြားတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ နီးပါးကို KNLA/KNDO နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့ဘက်မှ ဖမ်းဆီးရမိတယ်လို့ ရှေ့တန်းစစ်မြေပြင်က KNLA တပ်ဖွဲ့နဲ့နီးစပ်သည့် သတင်းရင်းမြစ်ကပြောပါတယ်


“တိုက်ပွဲကပြင်းထန်တယ်။ ကာလိခီးနဲ့တကူခီးမှာ ဖမ်းမိထားတာ ၁၀ ယောက်ကျော် ၂၀ နီးပါးလောက်ရှိတယ်။ ဒီညနေ (အောက်တိုဘာလ ၁၆ ရက်နေ့ညနေ)က စစ်ကောင်စီတပ်ဖွဲ့ကို ပူးပေါင်းတပ်ဖွဲ့က ဝိုင်းညှပ်ပြီးပစ်တာ။ တချို့စစ်ကောင်စီတပ်ဖွဲ့ဝင်ကို အရှင်ထပ်မံဖမ်းဆီးခံရနိုင်သေးတယ်လို့” KNLA တပ်မှူးတွေနဲ့နီးစပ်သည့် အဆိုပါသတင်းရင်းမြစ်ကပြောပါတယ်

ဒါ့အပြင် KNU တပ်မဟာ ၁ KNLA တပ်ရင်း ၃ အုပ်ချုပ်နယ်မြေကျိုက်ထိုဒေသတွင်မှာလည်း စစ်ကောင်စီတပ်ဖွဲ့နှင့် KNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ ၂ ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၇ ဦးထက်မနည်းသေဆုံးပြီး KNLA ပူးပေါင်းတပ်ဖွဲ့တို့ဘက်မှ ၂ ဦးကျဆုံးတယ်လို့ ကနဦးသတင်းရရှိကြောင်း KNLA နဲ့နီးစပ်သူထံမှသိရပါတယ်

အောက်တိုဘာလ ၁၃ ရက်နေ့မှာလည်း ကရင်ပြည်နယ် ဖာပွန်မြို့နယ်ရှိ နယ်ခြားစောင့်တပ် BGF စခန်းတစ်ခုဖြစ်တဲ့ ဖောထီးခုတပ်စခန်းကို KNLA တပ်မဟာ ၅ တပ်ဖွဲ့က တိုက်ခိုက်ခဲ့ပြီးနောက် စခန်းကိုမီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ KNLA နဲ့နီးစပ်တဲ့နယ်မြေခံသတင်းရင်းမြစ်ကဆိုပါတယ်


BGF ရဲ့ဖောထီးခုတပ်စခန်းသည် ကမမောင်းမြို့နဲ့ ဖာပွန်မြို့ကိုဆယ်သွယ်ထားသည့်လမ်းနှင့် ယွန်းစလင်းမြစ်ကမ်းနားမှာတည်ရှိပြီး ရေကြောင်းဖြင့်သွားလာသည့်ဒေသခံပြည်သူတွေကို BGF တပ်ဖွဲ့ဝင်တွေက ပိတ်ဆို့တာ၊ စစ်ဆေးနှောက်ယှက်တာတွေပြုလုပ်လေ့ရှိတယ်လို့ ဒေသခံပြည်သူထံမှသိရပါတယ်

KNU ကော်သူးလေအုပ်ချုပ်နယ်မြေမှာ စက်တင်ဘာလ တစ်လအတွင်း တိုက်ပွဲပေါင်း ၃၃၃ ကြိမ်ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီဘက်မှ ၃၆၀ ဦး သေဆုံးကာ ၂၆၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ကသတင်းထုတ်ပြန်ထားပါတယ်။ KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ KNDO ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်/BGF နယ်ခြားစောင့်ပူးပေါင်းတပ်တို့အကြား ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွေဖြစ်ကြောင်း KNU က ထုတ်ပြန်ပါတယ်


KNLA- ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ KNDO-ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲမှ ၇ ဦးကျဆုံးပြီး ၃၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ ဒါ့အပြင် စက်တင်ဘာလအတွင်းမှာ စစ်ကောင်စီဖက်မှ လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၆ ဦး သေဆုံးခဲ့ရပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ကထုတ်ပြန်တယ်

ဓာတ်ပုံ – ရှေ့တန်းထွက် KNLA တပ်ဖွဲ့ဝင်များကိုတွေ့ရစဉ်။ (Photo: KNU)

Salweenpress


crd

Leave a Reply

Your email address will not be published. Required fields are marked *