ရိုင်ရယ်ဒီ၊ မင်းမော်ကွန်းနဲ့ ရန်အောင်တို့ပြီးတဲ့နောက် နောက်ထပ်ပွဲတစ်ပွဲ ထပ်လာပြန်ပါပြီ…

ရိုင်ရယ်ဒီ၊ မင်းမော်ကွန်းနဲ့ ရန်အောင်တို့ပြီးတဲ့နောက် နောက်ထပ်ပွဲတစ်ပွဲ ထပ်လာပြန်ပါပြီ…

“အကျင့်ပျက်ဝန်ထမ်းတွေရဲ့ ဓာတ်ပုံကို အွန်လိုင်းပေါ်တင်တဲ့ ဆိုင်ကိစ္စ လူပြောများလျက်ရှိနေ”

ယနေ့ အွန်လိုင်းမှာ လူပြောများကြတဲ့ အကြောင်းအရာတွေ အများအပြား ဖြစ်ပေါ်လျက်ရှိပါတယ်။

ရိုင်ရယ်ဒီ အချိုရည်ကိစ္စ ပြီးတဲ့နောက် မင်းမော်ကွန်းနဲ့ ရန်အောင်တို့ရဲ့ အွန်လိုင်းပေါ်က ပွဲကို လူအများ စိတ်ဝင်စားခဲ့ကြပါတယ်။

အဆိုပါပွဲဟာ ဆက်လက် မရှည်ကြာဘဲ စောစောစီးစီး ဇာတ်သိမ်းသွားတယ်လို့ သိရပါတယ်။

လက်ရှိ ည ၈ နာရီကျော်မှာ လူပြောများတဲ့အကြောင်းအရာကတော့ အကျင့်ပျက် ဝန်ထမ်း (၂) ဦးရဲ့


နာမည်၊ မှတ်ပုံတင်သာမက ဓာတ်ပုံကိုပါ အွန်လိုင်းပေါ် တင်ခဲ့တဲ့ ဖုန်းအပိုပစ္စည်းဆိုင် အကြောင်းပဲ ဖြစ်ပါတယ်။

ရန်ကုန်မြို့ရဲ့ အထင်ကရ ရှော့ပင်းစင်တာကြီးတွေမှာ ဆိုင်ခွဲဖွင့်ထားတဲ့ အဆိုပါ ဖုန်းအပိုပစ္စည်းဆိုင်ဟာ ဝန်ထမ်းတွေရဲ့ ခိုးယူမှုကို အများအပြား ခံခဲ့ရတယ်လို့ ပို့စ်မှာ ရေးထားပါတယ်။

အဲဒါကြောင့် အကျင့်ပျက် ဝန်ထမ်း (၂) ဦးရဲ့ ဓာတ်ပုံကို အများသိအောင် တင်ပေးရခြင်းဖြစ်ပြီး တခြားသူတွေပါ တင်လို့ရအောင် ဂရုထောင်လိုက်တယ်လို့ သိရပါတယ်။

အဆိုပါလုပ်ရပ်ကို လူအများအပြားက ဝေဖန်ခဲ့ကြပြီး ကွန်းမန့်တွေမှာ အပြန်အလှန် ပြောဆိုမှုတွေ ရှိနေတာ ဖြစ်ပါတယ်။


ဆိုင်ရှင်ရဲ့ လုပ်ရပ် မှန်ကန်တယ်လို့ ပြောတဲ့သူတွေ ရှိသလို ဝန်ထမ်းအမျိုးသမီး (၂) ဦးရဲ့ ဘဝကို ပျက်အောင် လုပ်သလို ဖြစ်နေတာကြောင့် ကျင့်ဝတ်နဲ့ မညီဘူးလို့ ဝေဖန်နေတဲ့သူတွေလည်း ရှိပါတယ်။


လက်ရှိအချိန်မှာတော့ ဝန်ထမ်းအမျိုးသမီး (၂) ဦးရဲ့ ဓာတ်ပုံများကို ပြန်လည်ဖြုတ်ချထားပြီး

အမည်နဲ့ မှတ်ပုံတင် နံပါတ်များကိုတော့ ပို့စ်အသစ်ပြန်လည်တင်ထားတာကို တွေ့ရပါတယ်။


စာဖတ်သူတွေအနေနဲ့ရော ယခုကိစ္စကို ဘယ်လိုမြင်ပါသလဲ၊ မှတ်ချက်လေးတွေ ပေးသွားကြပါဦးခင်ဗျာ။

Source – Blacker


crd

Leave a Reply

Your email address will not be published. Required fields are marked *