စစ်အင်အား လာဖြည့်သည့် စစ်ရဟတ်ယာဉ် လမ်းကြောင်းကို လေ့လာပြီး ပစ်ခတ်ရာ

စစ်အင်အား လာဖြည့်သည့် စစ်ရဟတ်ယာဉ် လမ်းကြောင်းကို လေ့လာပြီး ပစ်ခတ်ရာ စစ်ရဟတ်ယာဉ်တစ်စီး ထိမှန်သွားဟုဆို

ရန်ကုန်၊ အောက်တိုဘာ ၁၆

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ပေါ် စခန်းသို့ စစ်အင်အား လာပို့သည့် Mi17 စစ်ရဟတ်ယာဉ်၏ လမ်းကြောင်းကို လေ့လာပြီး အမြင်တစ်နေရာမှ ပစ်ခတ်ရာ ရဟတ်ယာဉ် ထိမှန်သွားကြောင်း CDF ကန်ပက်လက်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ကန်

ပက်လက်မြို့ပေါ် စခန်းသို့ ယနေ့ အောက်တိုဘာလ (၁၆ ရက်နေ့တွင် အင်အားဖြည့်တင်းလာသော စစ်ကောင်စီပို့ဆောင်ရေး ရဟတ်ယာဉ် နှစ်စီးကို အမြင့်တစ်နေရာမှ လက်နက်ငယ်များဖြင့် စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊

ထိုတိုက်ခိုက်မှုတွင် ပို့ဆောင်ရေး ရဟတ်ယာဉ်နှစ်စီး အနက်မှ တစ်စီး မှာ ဆီတိုင်ကီ ပေါက်သွားသည့်အပြင် ပန်ကာတစ်ချောင်းကျိုးသွားခဲ့ကြောင်း ၊ လူထိခိုက်ဒဏ်ရာရှိမှုအခြေနေရှိမရှိကိုစုံစမ်းနေဆဲဖြစ်ကြောင်း CDF ကန်ပက် လက်မှ တာဝန်ရှိသူက ရှင်းပြသည်။

” Mi17ရဟတ်ယာဉ်တွေကို ပထမတစ်ကြိမ် မပစ်ဘဲ လွှတ်လိုက်ပြီး ဒုတိယအကြိမ်လမ်းကြောင်းသိပြီးမှ စောင့်ပစ်တာပါ။ ရဟတ်ယာဉ်တွေက ကန်ပက် လက်မြို့ပေါ် စခန်းကို တပ်ချိန်ပြောင်းလုပ်ရင်း အင်အားလာဖြည့်တာလို့သိရပါတယ်” ဟု CDF ကန်ပက်လက် တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။


ကန်ပက်လက်မြို့နယ် ကျင်ဒွေး တပ်စခန်းသို့ အောက်တိုဘာ ၁၅ ရက်နေ့တွင် ရဟတ်ယာဉ်နှစ်စီးဖြင့် အင်အား ၃၀ ကျော် ဖြည့်တင်းထားကြောင်း၊ နှစ်ဖက် တိုက်ပွဲများ ပြင်းထန်လာနိုင်ကြောင်း CDF ကန်ပက်လက်က ပြောဆိုသည်။

ဓာတ်ပုံ- အကြမ်းဖက် စစ်ကောင်စီ၏ ပို့ဆောင်ရေး Mi17 ရဟတ်ယာဉ် တစ်စီး။

စစ်အင်အား လာဖြည့်သည့် စစ်ရဟတ်ယာဉ် လမ်းကြောင်းကို လေ့လာပြီး ပစ်ခတ်ရာ စစ်ရဟတ်ယာဉ်တစ်စီး ထိမှန်သွားဟုဆို

ရန်ကုန်၊ အောက်တိုဘာ ၁၆

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ပေါ် စခန်းသို့ စစ်အင်အား လာပို့သည့် Mi17 စစ်ရဟတ်ယာဉ်၏ လမ်းကြောင်းကို လေ့လာပြီး အမြင်တစ်နေရာမှ ပစ်ခတ်ရာ ရဟတ်ယာဉ် ထိမှန်သွားကြောင်း CDF ကန်ပက်လက်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။


ကန်ပက်လက်မြို့ပေါ် စခန်းသို့ ယနေ့ အောက်တိုဘာလ (၁၆ ရက်နေ့တွင် အင်အားဖြည့်တင်းလာသော စစ်ကောင်စီပို့ဆောင်ရေး ရဟတ်ယာဉ် နှစ်စီးကို အမြင့်တစ်နေရာမှ လက်နက်ငယ်များဖြင့် စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊

ထိုတိုက်ခိုက်မှုတွင် ပို့ဆောင်ရေး ရဟတ်ယာဉ်နှစ်စီး အနက်မှ တစ်စီး မှာ ဆီတိုင်ကီ ပေါက်သွားသည့်အပြင် ပန်ကာတစ်ချောင်းကျိုးသွားခဲ့ကြောင်း ၊ လူထိခိုက်ဒဏ်ရာရှိမှုအခြေနေရှိမရှိကိုစုံစမ်းနေဆဲဖြစ်ကြောင်း CDF ကန်ပက် လက်မှ တာဝန်ရှိသူက ရှင်းပြသည်။


” Mi17ရဟတ်ယာဉ်တွေကို ပထမတစ်ကြိမ် မပစ်ဘဲ လွှတ်လိုက်ပြီး ဒုတိယအကြိမ်လမ်းကြောင်းသိပြီးမှ စောင့်ပစ်တာပါ။ ရဟတ်ယာဉ်တွေက ကန်ပက် လက်မြို့ပေါ် စခန်းကို တပ်ချိန်ပြောင်းလုပ်ရင်း အင်အားလာဖြည့်တာလို့သိရပါတယ်” ဟု CDF ကန်ပက်လက် တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။


ကန်ပက်လက်မြို့နယ် ကျင်ဒွေး တပ်စခန်းသို့ အောက်တိုဘာ ၁၅ ရက်နေ့တွင် ရဟတ်ယာဉ်နှစ်စီးဖြင့် အင်အား ၃၀ ကျော် ဖြည့်တင်းထားကြောင်း၊ နှစ်ဖက် တိုက်ပွဲများ ပြင်းထန်လာနိုင်ကြောင်း CDF ကန်ပက်လက်က ပြောဆိုသည်။


ဓာတ်ပုံ- အကြမ်းဖက် စစ်ကောင်စီ၏ ပို့ဆောင်ရေး Mi17 ရဟတ်ယာဉ် တစ်စီး။

crd

Leave a Reply

Your email address will not be published. Required fields are marked *