xစ်ကေ-ာင်-စီသတင်းပေး သမီးကို ရည်စားစကားပြောမိလို့ လူငယ်တဦး ဒဏ်ကြေး ပေးဆောင်ခဲ့ရ

ငရုတ်ကောင်းမြို့တွင် စစ်ကောင်စီသတင်းပေး သမီးကို ရည်စားစကားပြောမိလို့ လူငယ်တဦး ဒဏ်ကြေး ပေးဆောင်ခဲ့ရ

ဧရာဝတီတိုင်းမ်

အောက်တိုဘာလ ၁၆ ရက်


ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့မှာ စစ်ကောင်စီသတင်းပေးရဲ့ သမီးဖြစ်သူကို ရည်းစားစကားလိုက်ပြောမိလို့ လူငယ်တဦး ခံဝန်ထိုးပြီး ဒဏ်ကြေးပေးဆောင်ခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဘုရားချောင်းကျေးရွာက ကင်းကိုက်ခံရပြီးသေဆုံးခဲ့တဲ့ စစ်ကောင်စီသတင်းပေး အေးကျော်ရဲ့ အသက်မပြည့် သေးတဲ့ သမီးဖြစ်သူကို ရည်းစားစကားပြောလို့ မိခင်ဖြစ်သူက တိုင်ကြားချိန်မှာ စစ်ကောင်စီခန့် ကျေးရွာ အုပ်ချုပ်ရေးမှူးက ရုံးကိုခေါ်ပြီး ခြိမ်းခြောက်ကာ ခံဝန်ထိုးခိုင်းပြီး ဒဏ်ကြေးဆောင်ခိုင်းခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

“ စကစ တပ်သားတွေနဲ့ လှည့်ကင်းလိုက်ရင်း ကင်းကိုက်ခံရလို့ သေသွားတဲ့ ဒလန်အေးကျော် သမီး အသက်တော့မပြည်သေးဘူး အဲ့တာကို ရည်းစားစကားပြောမိလို့ဆိုပြီး ဒဏ်ရိုက်တာ ခံဝန်လည်းထိုးရတယ် ကြားတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။


စစ်ကောင်စီသတင်းပေးရဲ့ သမီးဖြစ်သူကို ရည်စားစကားလိုက်ပြောလို့ ဒဏ်ရိုက်ခံရတဲ့ လူငယ်ဟာလည်း အသက်မပြည့်သေးတဲ့သူဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီခန့်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးဝင်းဆိုသူက စစ်ကောင်စီသတင်းပေး ငစိုး ဆိုသူနဲ့ပေါင်းပြီး ဒေသခံပြည်သူတွေကို ခြိမ်းခြောက်ကာ ရုံးရောက်တဲ့ကိစ္စတော်တော်များများကို ဒဏ်ကြေးဆောင်ခိုင်းတာတွေ ပြုလုပ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

င႐ုတ္ေကာင္းၿမိဳ႕တြင္ စစ္ေကာင္စီသတင္းေပး သမီးကို ရည္စားစကားေျပာမိလို႔ လူငယ္တဦး ဒဏ္ေၾကး ေပးေဆာင္ခဲ့ရ

ဧရာဝတီတိုင္းမ္

ေအာက္တိုဘာလ ၁၆ ရက္

ဧရာဝတီတိုင္း၊ ငပုေတာၿမိဳ႕နယ္၊ င႐ုတ္ေကာင္းၿမိဳ႕မွာ စစ္ေကာင္စီသတင္းေပးရဲ့ သမီးျဖစ္သူကို ရည္းစားစကားလိုက္ေျပာမိလို႔ လူငယ္တဦး ခံဝန္ထိုးၿပီး ဒဏ္ေၾကးေပးေဆာင္ခဲ့ရတယ္လို႔ ေဒသခံေတြဆီက သိရပါတယ္။


ဘုရားေခ်ာင္းေက်းရြာက ကင္းကိုက္ခံရၿပီးေသဆုံးခဲ့တဲ့ စစ္ေကာင္စီသတင္းေပး ေအးေက်ာ္ရဲ့ အသက္မျပည့္ ေသးတဲ့ သမီးျဖစ္သူကို ရည္းစားစကားေျပာလို႔ မိခင္ျဖစ္သူက တိုင္ၾကားခ်ိန္မွာ စစ္ေကာင္စီခန႔္ ေက်းရြာ အုပ္ခ်ဳပ္ေရးမႉးက ႐ုံးကိုေခၚၿပီး ၿခိမ္းေျခာက္ကာ ခံဝန္ထိုးခိုင္းၿပီး ဒဏ္ေၾကးေဆာင္ခိုင္းခဲ့တာလို႔ ေဒသခံေတြက ေျပာပါတယ္။

“ စကစ တပ္သားေတြနဲ႔ လွည့္ကင္းလိုက္ရင္း ကင္းကိုက္ခံရလို႔ ေသသြားတဲ့ ဒလန္ေအးေက်ာ္ သမီး အသက္ေတာ့မျပည္ေသးဘူး အဲ့တာကို ရည္းစားစကားေျပာမိလို႔ဆိုၿပီး ဒဏ္ရိုက္တာ ခံဝန္လည္းထိုးရတယ္ ၾကားတယ္”လို႔ ေဒသခံတဦးက ေျပာပါတယ္။

စစ္ေကာင္စီသတင္းေပးရဲ့ သမီးျဖစ္သူကို ရည္စားစကားလိုက္ေျပာလို႔ ဒဏ္ရိုက္ခံရတဲ့ လူငယ္ဟာလည္း အသက္မျပည့္ေသးတဲ့သူျဖစ္တယ္လို႔ ဆိုပါတယ္။


စစ္ေကာင္စီခန႔္ေက်းရြာအုပ္ခ်ဳပ္ေရးမႉး ဦးစိုးဝင္းဆိုသူက စစ္ေကာင္စီသတင္းေပး ငစိုး ဆိုသူနဲ႔ေပါင္းၿပီး ေဒသခံျပည္သူေတြကို ၿခိမ္းေျခာက္ကာ ႐ုံးေရာက္တဲ့ကိစၥေတာ္ေတာ္မ်ားမ်ားကို ဒဏ္ေၾကးေဆာင္ခိုင္းတာေတြ ျပဳလုပ္ေနတာလို႔ ေဒသခံေတြက ေျပာပါတယ္။

crd

Leave a Reply

Your email address will not be published. Required fields are marked *