အင်အား ၁၀၀ လောက်ပါတဲ့ စစ်ကြောင်းကို ဝိုင်းဝန်းတို-က်ခို-က် အကျအဆုံး များပြားပြီး ထွက်ပြေး

ထားဝယ်-ထီးခီးတိုက်ပွဲမှာ စစ်ကောင်စီဘက်က အကျအဆုံး များပြားခဲ့

ထားဝယ်၊ အောက်တိုဘာ (၁၆)

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ထားဝယ်-ထီးခီးလမ်းပေါ်ရှိ ဝကုန်းရွာနဲ့သင်္ကန်းတုန်းကျေးရွာအကြားမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက် အကျအဆုံး များပြားပြီး ပြန်လည် ဆုတ်ခွာသွားတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။


ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်နေ့က ထားဝယ်ဘက်ကနေ ထီးခီးဘက်ကိုလာတဲ့ စစ်ကောင်စီတပ် အင်အား ၁၀၀ လောက်ပါတဲ့ စစ်ကြောင်းကို ကော်သူလေးအာမီ တပ်ခွဲ ၃ ၊သံမဏိပြောက်ကျား၊ ကျားသစ်နက်စစ်ကြောင်း၊ ထားဝယ်အရှေ့တောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အပါအဝင် ပူးပေါင်းတပ်တွေက ဝိုင်းဝန်းတိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ပွဲဟာ ဝကုန်းရွာမှာ တစ်ကြိမ်၊ သင်္ကန်းတုန်းရွာ တစ်ကြိမ် ၊ စုစုပေါင်း နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၂၀ ထက်မနည်း ထိခိုက်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။


တိုက်ခိုက်ခံရပြီးနောက် အကျအဆုံး များပြားခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ကားတွေနဲ့အတူ ကျောက်မဲတောင်ဘက်ကို ပြန်လည် ဆုတ်ခွာသွားတယ်လို့ ထားဝယ်အရှေ့တောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ပူးပေါင်းအဖွဲ့ရဲ့ တိုက်ခိုက်မှုကို ခံလိုက်ရတဲ့ စစ်ကောင်စီတပ်ဟာ ထားဝယ်-ထီးခီးလမ်းတလျှောက် စစ်ကောင်စီတပ်တွေကို လက်နက်နဲ့ရိက္ခာတွေ လာပို့တဲ့ တပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီတိုက်ပွဲအတွင်း ဝကုန်းရွာနဲ့သင်္ကန်းတုန်းကျေးရွာ အနီးနားကျေးရွာတွေက ဒေသခံတွေဟာ ဘေးလွတ်ရာ နေရာတွေကို ယာယီထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး နှစ်ဖက်တိုက်ပွဲပြီးနောက် နေရပ်ပြန်လာ နေကြပြီးလို့ ဆိုပါတယ်။


စစ်ကောင်စီတပ်တွေဟာ ထားဝယ်-ထီးခီးလမ်းပိုင်းကို အသုံးပြုပြီး လက်နက်နဲ့ ရိက္ခာတွေ ပို့ဆောင်တာနဲ့ မကြာခဏ စစ်ကြောင်းထိုးနေတဲ့အတွက် ဒေသပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတာပါ။

သတင်း – သံလွင်တိုင်းမ်

ထားဝယ္-ထီးခီးတိုက္ပြဲမွာ စစ္ေကာင္စီဘက္က အက်အဆုံး မ်ားျပားခဲ့

ထားဝယ္၊ ေအာက္တိုဘာ (၁၆)

တနသၤာရီတိုင္းေဒသႀကီး၊ ထားဝယ္ၿမိဳ႕နယ္၊ ထားဝယ္-ထီးခီးလမ္းေပၚရွိ ဝကုန္းရြာနဲ႔သကၤန္းတုန္းေက်းရြာအၾကားမွာ ျဖစ္ပြားခဲ့တဲ့ ႏွစ္ဖက္တိုက္ပြဲအတြင္း စစ္ေကာင္စီဘက္ အက်အဆုံး မ်ားျပားၿပီး ျပန္လည္ ဆုတ္ခြာသြားတယ္လို႔ ေဒသကာကြယ္ေရးတပ္ဖြဲ႕ေတြက သံလြင္တိုင္းမ္ကို ေျပာပါတယ္။

ၿပီးခဲ့တဲ့ ေအာက္တိုဘာ ၁၄ ရက္ေန႔က ထားဝယ္ဘက္ကေန ထီးခီးဘက္ကိုလာတဲ့ စစ္ေကာင္စီတပ္ အင္အား ၁၀၀ ေလာက္ပါတဲ့ စစ္ေၾကာင္းကို ေကာ္သူေလးအာမီ တပ္ခြဲ ၃ ၊သံမဏိေျပာက္က်ား၊ က်ားသစ္နက္စစ္ေၾကာင္း၊ ထားဝယ္အေရွ႕ေတာျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ အပါအဝင္ ပူးေပါင္းတပ္ေတြက ဝိုင္းဝန္းတိုက္ခိုက္ခဲ့တာပါ။

အဲဒီတိုက္ပြဲဟာ ဝကုန္းရြာမွာ တစ္ႀကိမ္၊ သကၤန္းတုန္းရြာ တစ္ႀကိမ္ ၊ စုစုေပါင္း ႏွစ္ႀကိမ္ ျဖစ္ပြားခဲ့ၿပီး အဲဒီတိုက္ပြဲအတြင္း စစ္ေကာင္စီဘက္က ၂၀ ထက္မနည္း ထိခိုက္ေသဆုံးခဲ့တယ္လို႔ ဆိုပါတယ္။

တိုက္ခိုက္ခံရၿပီးေနာက္ အက်အဆုံး မ်ားျပားခဲ့တဲ့ စစ္ေကာင္စီတပ္ဟာ ကားေတြနဲ႔အတူ ေက်ာက္မဲေတာင္ဘက္ကို ျပန္လည္ ဆုတ္ခြာသြားတယ္လို႔ ထားဝယ္အေရွ႕ေတာျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ တာဝန္ရွိသူ တစ္ဦးက ေျပာပါတယ္။


ပူးေပါင္းအဖြဲ႕ရဲ့ တိုက္ခိုက္မႈကို ခံလိုက္ရတဲ့ စစ္ေကာင္စီတပ္ဟာ ထားဝယ္-ထီးခီးလမ္းတေလၽွာက္ စစ္ေကာင္စီတပ္ေတြကို လက္နက္နဲ႔ရိကၡာေတြ လာပို႔တဲ့ တပ္ဖြဲ႕ဝင္ေတြ ျဖစ္တယ္လို႔ သိရပါတယ္။

အဲဒီတိုက္ပြဲအတြင္း ဝကုန္းရြာနဲ႔သကၤန္းတုန္းေက်းရြာ အနီးနားေက်းရြာေတြက ေဒသခံေတြဟာ ေဘးလြတ္ရာ ေနရာေတြကို ယာယီထြက္ေျပးတိမ္းေရွာင္ခဲ့ရၿပီး ႏွစ္ဖက္တိုက္ပြဲၿပီးေနာက္ ေနရပ္ျပန္လာ ေနၾကၿပီးလို႔ ဆိုပါတယ္။

စစ္ေကာင္စီတပ္ေတြဟာ ထားဝယ္-ထီးခီးလမ္းပိုင္းကို အသုံးျပဳၿပီး လက္နက္နဲ႔ ရိကၡာေတြ ပို႔ေဆာင္တာနဲ႔ မၾကာခဏ စစ္ေၾကာင္းထိုးေနတဲ့အတြက္ ေဒသျပည္သူ႔ကာကြယ္ေရးတပ္ေတြနဲ႔ ထိေတြ႕တိုက္ပြဲေတြ ဆက္လက္ ျဖစ္ပြားေနတာပါ။

သတင္း – သံလြင္တိုင္းမ္

crd

Leave a Reply

Your email address will not be published. Required fields are marked *