လက်ရှိမှာ မြန်မာနိုင်ငံ၌ ရွေးကောက်ပွဲကျင်းပရမယ့် အချိန်ကောင်းမဟုတ်ဖူးလို့ အမေရိကန် ပြော

လက်ရှိမှာ မြန်မာနိုင်ငံ၌ ရွေးကောက်ပွဲကျင်းပရမယ့် အချိန်ကောင်းမဟုတ်ဖူးလို့ အမေရိကန် ပြော

ဧရာဝတီတိုင်းမ်

အောက်တိုဘာလ ၁၅ ရက်


လက်ရှိ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းဖို့ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲပြုလုပ်ရမယ့် အချိန်ကောင်း မဟုတ်ဖူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဗျူရို လက်ထောက်နိုင်ငံခြား ရေးဝန်ကြီး မယ်လစ်ဆာဘရောင်းက ပြောကြားလိုက်ပါတယ်။

ရွေးကောက်ပွဲကျင်းပတာဟာ စစ်တပ်ကအုပ်ချုပ်တဲ့ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေကိုသာ လှုံ့ဆော် ပေးမယ်လို့ မယ်လစ်ဆာက ဆိုပါတယ်။

အာဆီယံ ဗဟိုပြုမှုနှင့်အညီ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးချောင်ပိတ်မိမှုကို ဖြေရှင်းဖို့ ဘုံသဘောတူညီချက်ငါး ရပ် ဖော်ဆောင်ရာမှာ အာဆီယံကို အမေရိကန်နိုင်ငံက ဆက်လက်ပံ့ပိုးမယ်လို့ မလေးရှားနိုင်ငံသို့ တရားဝင် အ လည်အပတ်ရောက်ရှိနေတဲ့ မယ်လစ်ဆာက ပြောပါတယ်။


“လက်ရှိအခြေအနေအရ မြန်မာနိုင်ငံမှာပြုလုပ်မယ့် ဘယ်လိုရွေးကောက်ပွဲကမဆို လွတ်လပ်ပြီး တရားမျှ တမှာ မဟုတ်ဘဲ အကြမ်းဖက်မှုကိုသာ လှုံ့ဆော်စေမယ်ဆိုတာ အမေရိကန်နိုင်ငံက ပြောကြားခဲ့ပြီးဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

“ကျွန်မတို့ အတုအယောင်ရွေးကောက်ပွဲကို မထောက်ခံသလို အကြမ်းဖက်မှုတွေဖြစ်လာမှာကို အလွန် စိုးရိမ်ပါတယ်။

ရွေးကောက်ပွဲကျင်းပတာဟာ ကျွန်မတို့အားလုံး ဆန္ဒရှိတဲ့ အဖြေမဟုတ်ပါဘူး” လို့ ဒီကနေ့ ကွာ လာလမ်ပူမြို့တော်ရှိ အမေရိကန်သံရုံးမှာပြုလုပ်တဲ့ မီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာ မယ်လစ်ဆာက ပြောပါတယ်။

အမေရိကန်နိုင်ငံအနေနဲ့ အကြမ်းဖက်မှုရပ်တန့်ဖို့ လိုအပ်ပုံ၊ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လျှောက် လှမ်းဖို့နဲ့ မတရားထိန်းသိမ်းခံရသူတွေကို လွှတ်ပေးဖို့ တောင်းဆိုမယ်လို့ အရှေ့တောင်အာရှရေးရာ ကျွမ်းကျင်သူ မယ်လစ်ဆာက ဆိုပါတယ်။


မယ်လစ်ဆာဘရောင်းဟာ ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်ရှိ အာဆီ ယံဆိုင်ရာ အမေရိကန်မစ်ရှင်ရဲ့ ယာယီတာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အာဆီယံနဲ့ အမေရိကန်နိုင်ငံရဲ့ ထိတွေ့ဆက်ဆံမှုအပြင် မြန်မာ့ နိုင်ငံရေးအကျပ်အတည်းဖြေရှင်းမယ့် အာဆီယံရဲ့ကြိုးပမ်းမှုတွေကို ဉီးဆောင်ခဲ့ပါတယ်။

ကိုးကား – The Sun Daily

Ref; Now not the right time to hold elections in Myanmar: Melissa Brown

လက္ရွိမွာ ျမန္မာနိုင္ငံ၌ ေရြးေကာက္ပြဲက်င္းပရမယ့္ အခ်ိန္ေကာင္းမဟုတ္ဖူးလို႔ အေမရိကန္ ေျပာ

ဧရာဝတီတိုင္းမ္

ေအာက္တိုဘာလ ၁၅ ရက္

လက္ရွိ နိုင္ငံေရးအက်ပ္အတည္းကို ေျဖရွင္းဖို႔ ျမန္မာနိုင္ငံမွာ ေရြးေကာက္ပြဲျပဳလုပ္ရမယ့္ အခ်ိန္ေကာင္း မဟုတ္ဖူးလို႔ အေမရိကန္ နိုင္ငံျခားေရးဝန္ႀကီးဌာန အေရွ႕အာရွႏွင့္ ပစိဖိတ္ေရးရာဗ်ဴရို လက္ေထာက္နိုင္ငံျခား ေရးဝန္ႀကီး မယ္လစ္ဆာဘေရာင္းက ေျပာၾကားလိုက္ပါတယ္။


ေရြးေကာက္ပြဲက်င္းပတာဟာ စစ္တပ္ကအုပ္ခ်ဳပ္တဲ့ ျမန္မာနိုင္ငံမွာ အၾကမ္းဖက္မႈေတြကိုသာ လႈံ႔ေဆာ္ ေပးမယ္လို႔ မယ္လစ္ဆာက ဆိုပါတယ္။

အာဆီယံ ဗဟိုျပဳမႈႏွင့္အညီ ျမန္မာနိုင္ငံရဲ့ နိုင္ငံေရးေခ်ာင္ပိတ္မိမႈကို ေျဖရွင္းဖို႔ ဘုံသေဘာတူညီခ်က္ငါး ရပ္ ေဖာ္ေဆာင္ရာမွာ အာဆီယံကို အေမရိကန္နိုင္ငံက ဆက္လက္ပံ့ပိုးမယ္လို႔ မေလးရွားနိုင္ငံသို႔ တရားဝင္ အ လည္အပတ္ေရာက္ရွိေနတဲ့ မယ္လစ္ဆာက ေျပာပါတယ္။

“လက္ရွိအေျခအေနအရ ျမန္မာနိုင္ငံမွာျပဳလုပ္မယ့္ ဘယ္လိုေရြးေကာက္ပြဲကမဆို လြတ္လပ္ၿပီး တရားမၽွ တမွာ မဟုတ္ဘဲ အၾကမ္းဖက္မႈကိုသာ လႈံ႔ေဆာ္ေစမယ္ဆိုတာ အေမရိကန္နိုင္ငံက ေျပာၾကားခဲ့ၿပီးျဖစ္ပါတယ္” လို႔ သူက ဆိုပါတယ္။

“ကၽြန္မတို႔ အတုအေယာင္ေရြးေကာက္ပြဲကို မေထာက္ခံသလို အၾကမ္းဖက္မႈေတြျဖစ္လာမွာကို အလြန္ စိုးရိမ္ပါတယ္။

ေရြးေကာက္ပြဲက်င္းပတာဟာ ကၽြန္မတို႔အားလုံး ဆႏၵရွိတဲ့ အေျဖမဟုတ္ပါဘူး” လို႔ ဒီကေန႔ ကြာ လာလမ္ပူၿမိဳ႕ေတာ္ရွိ အေမရိကန္သံ႐ုံးမွာျပဳလုပ္တဲ့ မီဒီယာေတြနဲ႔ ေတြ႕ဆုံပြဲမွာ မယ္လစ္ဆာက ေျပာပါတယ္။

အေမရိကန္နိုင္ငံအေနနဲ႔ အၾကမ္းဖက္မႈရပ္တန႔္ဖို႔ လိုအပ္ပုံ၊ ဒီမိုကေရစီလမ္းေၾကာင္းေပၚ ျပန္ေလၽွာက္ လွမ္းဖို႔နဲ႔ မတရားထိန္းသိမ္းခံရသူေတြကို လႊတ္ေပးဖို႔ ေတာင္းဆိုမယ္လို႔ အေရွ႕ေတာင္အာရွေရးရာ ကၽြမ္းက်င္သူ မယ္လစ္ဆာက ဆိုပါတယ္။

မယ္လစ္ဆာဘေရာင္းဟာ ၂၀၁၉ ခုႏွစ္မွ ၂၀၂၁ ခုႏွစ္အထိ အင္ဒိုနီးရွားနိုင္ငံ ဂ်ကာတာၿမိဳ႕ေတာ္ရွိ အာဆီ ယံဆိုင္ရာ အေမရိကန္မစ္ရွင္ရဲ့ ယာယီတာဝန္ခံအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ၿပီး အာဆီယံနဲ႔ အေမရိကန္နိုင္ငံရဲ့ ထိေတြ႕ဆက္ဆံမႈအျပင္ ျမန္မာ့ နိုင္ငံေရးအက်ပ္အတည္းေျဖရွင္းမယ့္ အာဆီယံရဲ့ႀကိဳးပမ္းမႈေတြကို ဉီးေဆာင္ခဲ့ပါတယ္။

ကိုးကား – The Sun Daily

Ref; Now not the right time to hold elections in Myanmar: Melissa Brown

Leave a Reply

Your email address will not be published. Required fields are marked *