နိုင်ငံခြားထိ စာ‌အုပ်တွေလက်ဆောင်ပို့ပေးခဲ့တဲ့ မြန်မာပြည်က မိတ်ဆွေတစ်ဦးကို ကျေးဇူးတင်လိုက်တဲ့ မင်းမော်ကွန်း

နိုင်ငံခြားထိ စာ‌အုပ်တွေလက်ဆောင်ပို့ပေးခဲ့တဲ့ မြန်မာပြည်က မိတ်ဆွေတစ်ဦးကို ကျေးဇူးတင်လိုက်တဲ့ မင်းမော်ကွန်း

ပရိသတ်တိုင်း ချစ်ခင်ရတဲ့ ပြည်သူချစ်သရုပ်ဆောင် မင်းသားချော အကယ်ဒမီ မင်းမော်ကွန်း ကတော့ ဆယ်စုနှစ်တစ်ခုကြာ

ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးထားပြီး ပရိသတ်အားပေးချစ်ခင်မှု့ကို အပြည့်အဝရရှိထားတဲ့ မင်းသားချောတစ်လက်ဖြစ်ပါတယ်။

လက်ရှိမှာဆိုရင်လဲ အမှန်တရားအတွက် ပြည်သူတွေနဲ့အတူ ရပ်တည်ခဲ့တာကြောင့် အားလုံးကချစ်ခင်အားပေးရတဲ့ ပြည်သူကချစ်တဲ့ အနုပညာရှင်တစ်ဦးအဖြစ် ဆက်လက်ရပ်တည်နေပါတယ်။

မင်းမော်ကွန်း ကတော့ စစ်ကောင်စီမှ ၅၀၅ က ဖြင့်တရားစွဲဆိုခံရပြီးနောက် ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေကို ရောက်ရှိသွားခဲ့တာပဲ ဖြစ်ပါတယ်။

လွတ်မြောက်နယ်မြေမှာ အဆင်ပြေအောင်နေထိုင်ရင်း တော်လှန်ရေးအတွက် အခြားအနုပညာရှင်တွေနဲ့အတူ အစွမ်းကုန်ကြိုးစားခဲ့ပါတယ်။

လက်ရှိမှာ သြစတေးလျနိုင်ငံမှာ နေထိုင်နေပြီး တော်လှန်ရေးတာဝန်တွေကို အကောင်းဆုံးထောက်ပံ့ပေးနေတာပဲ ဖြစ်ပါတယ်။

မင်းသား မင်းမော်ကွန်း ဟာ နိုင်ငံရပ်ခြားမှာနေထိုင်နေရင်း စာအုပ်လေးတွေဖတ်ချင်လို့ ပို့ပေးနိုင်မလားဆိုပြီး ပရိသတ်တွေကို တောင်းဆိုလိုက်ပါတယ်။

ဒီကနေ့မှာတော့ ချစ်တဲ့ပရိသတ်တစ်ယောက်က စာအုပ်လေးတွေ ပို့ပေးလိုက်တာကြောင့် ကျေးဇူးတင်စကားကို အခုလိုပဲပြောလိုက်ပါတယ်။

” မြန်လိုက်တာဗျာ နှလုံးသားအဟာရအတွက် ကျေးဇူးအထူးတင်ပါတယ် စိတ်ထားကောင်းလေးအတွက်လည်း

ချစ်ခင်လေးစားဂုဏ်ယူပါတယ် ညီလေးကိုဉာဏ်ရေ” လို့ မင်းမော်ကွန်း ဟာ လူမှု့ကွန်ယက်ပေါ်ကနေ ရေးသားထားတာကို တွေ့ရပါတယ်နော်။

အချိန်တိုင်းဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်၊သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ နေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ကြပါစေ။

Crd CeleOnly

ZAWGYI VERSION













Crd CeleOnly

Leave a Reply

Your email address will not be published. Required fields are marked *