ကျိုက်ထီးရိုးပစ်ခတ်မှုဖြစ်စဉ် CCTV မှတ်တမ်း ပြန့်နှံ့လာ
ရုပ်သံကို အောက်ဆုံးတွင် ဖော်ပြထားပါသည်…။
အောက်တိုဘာလ ၁၄ ရက်
မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်၊ကျိုက်ထီးရိုးတောင် ခြေ တောင်တက်ကားဂိတ်တွင်
အောက်တိုဘာလ ၁၂ ရက်မနက်ပိုင်းက ဖြစ်ပွားခဲ့သည့်ပစ်ခတ်မှုဖြစ်စဉ် CCTV မှတ်တမ်းအတို လူမှုကွန်ယက်တွင်ပြန့်နှံ့လာခဲ့သည်။
ပစ်ခတ်မှုအတွင်း ရန်ကု
န်မြို့မှ ဘုရားဖူးအမျိုးသမီး ၃ ဦးသေဆုံးခဲ့ပြီး ၁၀ ဦးကျော်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
အဆိုပါပစ်ခတ်မှုအား PDF များမှ တောင်တက်ကားဂိတ်အားလက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့်
ထိခိုက်သေဆုံးခဲ့ကြောင်းစစ်ကောင်စီဘက်က ဝါဒဖြန့်ထုတ်ပြန်ထားသည်။
ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် ကင်မွန်းစခန်း ဒေသခံများကမူ စစ်ကောင်စီတပ်ဘက်မှရမ်းသမ်းပစ်ခတ်မှုကြောင့်
ဘုရားဖူးခရီးသည်များထိခိုက်သေဆုံးခဲ့ခြင်းဖြစ်ကြောင်းပြောဆိုထားသည်။
#AyeyarwaddyTimes
unicode
ကျိုက်ထီးရိုးပစ်ခတ်မှုဖြစ်စဥ် CCTV မှတ်တမ်း ပြန့်နှံ့လာ
ရုပ်သံကို အောက်ဆုံးတွင် ဖော်ပြထားပါသည်…။
အောက်တိုဘာလ ၁၄ ရက်
မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်၊ကျိုက်ထီးရိုးတောင် ခြေ တောင်တက်ကားဂိတ်တွင်
အောက်တိုဘာလ ၁၂ ရက်မနက်ပိုင်းက ဖြစ်ပွားခဲ့သည့်ပစ်ခတ်မှုဖြစ်စဥ် CCTV မှတ်တမ်းအတို လူမှုကွန်ယက်တွင်ပြန့်နှံ့လာခဲ့သည်။
ပစ်ခတ်မှုအတွင်း ရန်ကုန်မြို့မှ ဘုရားဖူးအမျိုးသမီး ၃ ဦးသေဆုံးခဲ့ပြီး ၁၀ ဦးကျော်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

crd