ဟိုတယ် အခန်း နံပါတ် (၃၉) (မိန်းကလေးများ မဖတ်ရ)
ဖုန်းတွေမပေါ်သေးတဲ့ခေတ်
အပြာကားတွေကို ဖုန်းထဲမှာ ကြည့်လို့မရတဲ့ ခေတ်မှာပေါ့….
အရပ်မြင့်မြင့် အသားဖြူဖြူ လူရည်သန့် လူငယ်တျောက် ဟိုတယ်ထဲကိုဝင်လာတယ်။
ကောင်တာရှေ့ရောက် ဟိုတယ်ပိုင်ရှင် သူဌေးကိုမေးတယ်။
man – အခန်းနံပါတ် ၃၉ အားလား…..boss – အားပါတယ်ဗျ….man – ကျွန်တော်ယူလို့ရမလား…
boss – ရတာပေါ့ဗျ….man – ဟုတ်ကဲ့ ကျေးဇူးပါ…
လူငယ်က အခန်းထဲမဝင်ခင် ကွန်ဒုံး (၃)ခုရယ် ဓားမြှောင်( ၆ )ချောင်းရယ်….
လက်ဖက်ရည် (၂ )ခွက်ရယ် ရနိုင်မလားလို့ သူဌေးကိုမေးတယ်။
သူဌေးကလဲ ရနိုင်ပါတယ်လို့ သဘောတူလိုက်တယ်။
ဒီပစ္စည်းတွေနဲ့ ပတ်သက်လို့ သူအနဲငယ် အံသြသွားပြီး စိတ်ရှုပ်သွားတာတော့ အမှန်ပဲ။
လူငယ်ကို မေးစရာတွေရှိလာတယ်။
လူငယ်ကအခန်းကိုသွားတဲ့လမ်းတစ်လျှောက် ဘာစကားတစ်ခွန်းမှမဟဘူး
ဒီတော့ သူဌေးက မေးဖို့ အခွင့်မသာဘူး။
အဲသည်အချိန်မှာပဲ အခန်းနံပါတ် ၃၉ ကိုရောက်တော့ လူငယ်က အခန်းထဲဝင်သွားတယ်။
သူကတော့မေးခွန်းတွေ မမေးလိုက်ရပဲ ကျန်နေခဲ့တယ်
ညသန်းခေါင်ယံအချိန်လောက် ရောက်တော့ လူငယ်ရဲ့အခန်းထဲကနေ…
ယောကျင်္ားနဲ့ မိန်းမတယောက် ကာမဆက်ဆံနေသလိုပဲ …
အော်ညည်း သံတွေ ကုတင် ပွတ်ဆွဲသံတွေ အော်ဟစ်ညည်းညူသံတွေ ကြားရတယ်။
အဲသည်ည သူဌေးအိပ်မပျော်တော့ဘူး။ သူ့ခေါင်းထဲ အတွေးတွေဝင်လာတယ်။
အဲ့သည် အံသြစရာ ကောင်းတဲ့အသံတွေက ဘယ်ကလာတာ ဖြစ်နိုင်မလဲပေါ့။
မနက်ခင်းရောက်တော့ လူငယ်က အခန်းလာအပ်တယ်။
သော့ရတာနဲ့ သူဌေးက အခန်းကို သိချင်ဇောနဲ့ အပြေးသွားကြည့်တယ်။
အခန်းထဲမှာ အရာအားလုံးအကောင်းတိုင်းပဲ။ ပုံမှန်မဟုတ်တာ တစ်ခုမှမတွေ့ဘူး။
ကွန်ဒုံး( ၃ )ခုရယ်၊ ဓါးမြှောင်( ၆ )ချောင်းရယ် ၊ လက်ဖက်ရည် (၂ )ခွက်ရယ် အားလုံးအကောင်းတိုင်းပဲ။
ကောင်တာမှာ လူငယ်က ပိုက်ဆံရှင်းတယ်။
ဟိုတယ် ဝန်ထမ်းမှတ်ချက်မှာ အရမ်းအဆင်ပြေကြောင်း မှတ်ချက်ပေးတယ်။
ပြုံးပြီးတော့ ကားပေါ်တက်သွားတယ်။သူဌေးက ချွေးတွေပျံနေပြီ …
ဒါပေမယ့် ညက သူဘာကြားခဲ့တယ်ဆိုတာကိုတော့ ဝန်ထမ်းတွေကို မပြောပြပဲထားလိုက်တယ်။
သူ ညက အသံတွေ တကယ်ကြားခဲ့တာလား သူ့ကိုယ်သူ ဝေခွဲမရ အတွေးတွေပွားပြီး ကျန်ခဲ့တယ်။
တစ်နှစ်တိတိကြာပြီးတဲ့အချိန်မှာ လူငယ်က ဟိုတယ်ကို ပြန်ရောက်လာတယ်။သူဌေး စိတ်ထဲမှာ ပဟေဠိ ဖြစ်နေတယ်
လူငယ်က မနှစ်ကလိုပဲ အခန်းနံပါတ် ၃၉၊ကွန်ဒုံး၃ခု ၊ ဓားမြှောင်( ၆ )ချောင်း၊လက်ဖက်ရည် (၂ )ခွက် ဒါတွေပဲ မှာတယ်….
ဒီတစ်ခါတော့ သူဌေးက မနေနိုင်တော့ဘူး။
ဒီအခန်းထဲမှာ ဘာတွေဖြစ်လဲဆိုတာ အမှန်တရားကိုသိဖို့ အချိန်တွေကုန်ခံ မအိပ်ပဲ စောင့်ကြည့်တယ်။
ညသန်းခေါင်ယံရောက်လာပြီ။ အခန်းထဲကနေ အရင်လို ကမ ဆက်ဆံနေတဲ့ အသံတွေ ကြားရပြန်တယ်။
ပရိဘောကခုံတွေ ပွတ်တိုက် ပြိုလဲသံတွေ ပြန်ကြားရပြန်တယ် ဝရုန်းသုန်းကားနဲ့ ။
ဒီတစ်ခါ အရင်တစ်ခေါက်ကထက် အသံပိုကျယ်လောင်လာတယ် ….
အမတန် စိတ်ဝင်းစားဖို့ကောင်းတဲ့ မိန်းကလေးညည်းတွားသံတွေပါကြားလာရတယ် …..
မနှစ်ကမကြားဖူးတဲ့အသံမျိုးတွေပါ ကြားလာရတယ်။
မနက်မိုးလင်းလာတော့ လူငယ် အခန်း ပြန်လာအပ်တယ်။
သူဌေးက သော့ယူပြီး အခန်းကို ခါတိုင်းလိုပဲ ပြန်သွားကြည့်တယ် …
အခန်းထဲမှာ အရာအားလုံး ပုံမှန်အတိုင်းပဲ။ ဘာမှမထူးခြားဘူး။
ဒီတစ်ခါလဲ မနှစ်ကလိုပဲ လူငယ်က ပိုက်ဆံရှင်းတယ် ဝန်ထမ်းတွေကို မုန့်ဖိုးပါပေးသွားတယ်။
အရင်လိုပြုံးပြီး ဟိုတယ်က ထွက်သွားပြန်တယ်။
သူဌေး အမှန်တရားကိုစတင်ရှာဖွေဖို့ ကြိုးစားပါတော့တယ်။
သူယူခိုင်းတဲ့ ပစ္စည်းတွေနဲ့ ဆက်စပ်ကြိုးစားကြည့်တယ်။
ကွန်ဒုံး( ၃ )ခု၊ ဓားမြှောင်( ၆ )ချောင်း၊လက်ဖက်ရည် (၂ )ခွက် ။ဘာတစ်ခုမှဆက်စပ်လို့မရဘူး။
ပြီးတော့ အခန်းနံပါတ် ၃၉ မှာမှ ဘာလို့လဲ။ အဖြေထွက်မလာ……။
အဲ့သည်နောက်တော့ သူဌေးဟာ မတ်လရောက်ဖို့အတွက် တက်ကြွစွာနဲ့ စောင့်နေတယ်။
မတ္လမွာ လူငယ္က ေရာက္လာတာကိုး။
သူစောင့်စားတဲ့နေ့ရောက်လာတယ်။ မတ်လ ၁ ရက်နေ့။ လူငယ်ရောက်လာတယ် …..
အရင်လိုပဲ ၃၉ အခန်းကို လွတ်လားမေးတယ်။
အဲ့သည်အခန်းကို ယူတယ် ပြီးရင် အရင်လို ပဲ သူလိုတာတွေတောင်းတယ်။
မနှစ်က အတိုင်းပဲ အားလုံးအတူတူပဲ တစ်ပုံစံတည်းပဲ။
တစ်နှစ်ထက် တစ်နှစ် အခန်းထဲက အသံတွေ ပိုပိုကျယ်လာတာက လွဲလို့ပေါ့။
မနက်ခင်းရောက်တော့ လူငယ်အခန်းလာအပ်တယ်။
သူဌေးက တောင်းတောင်းပန်ပန်နဲ့ လူငယ်ကို မေးတယ်။
ဒီအခန်းထဲမှာကြားရတဲ့ အသံတွေရဲ့ လျှို့ဝှက်ချက်ကိုပေါ့။အဲ့သည်မှာ လူငယ်က ပြန်ပြောတယ်။
man – တကယ်လို့ ကျွန်တော် ဒီလျှို့ဝှက်ချက်ကို ပြောပြခဲ့ရင် ….
ခင်ဗျားတခြား ဘယ်သူ့ကိုမှ မပြောပြဘူး။ ပြန်မရှင်းပြဘူးလို့ ကတိပေးနိုင်မလား
boss – အင်း ကတိပေးတယ် ဘယ်သူ့ကိုမှ ပြန်မပြောပါဘူး
man – ကျိန်ဆိုမလား….boss – ကျိန်ဆိုပါတယ်….
နောက်ဆုံးတော့ လူငယ်က အဲ့သည်အခန်းရဲ့ လျှို့ဝှက်ချက်အမှန်ကို ….
သူဌေးကို အကြောင်းစုံ ဖွင့်ပြောပြခဲ့လိုက်တော့တယ်။
ဒါပေမယ့်…..သူဌေးဟာ စိတ်ရင်းမှန်ပြီး ကတိတည်သူဖြစ်သည့်အလျောက်။
သူသိခဲ့သမျှအားလုံးကို ဘယ်သူ့ကို ထပ်မပြောပြတော့ပါဘူး။အ့ကြောင့် ကျွန်တော်လဲ မသိပါဘူး။
သူပြောပြတဲ့အချိန် ကျွန်တော် ပြန်လာပြောပြပါ့မယ်။သွားလတ်အူးမယ် သလား။???
credit to orginal