ယနေ့နံနက်အစောပိုင်းက အမြန်လမ်းမှာ ခရီးသည်ကား(၂)စီး တိုက်ကြပြန်ပြီ…

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ခရီးသည်တင်ကား ၂ စီးတိုက် ၂ ဦးသေဆုံး ၅ ဦးဒဏ်ရာရ

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ ပန်းတင်အမြန်လမ်းမီးသတ်စခန်းအပိုင်တွင် အောက်တိုဘာ ၁၄ ရက်(ယနေ့)နံနက်အစောပိုင်းက

ခရီးသည်တင်ကား ၂ စီးတိုက်မိခဲ့သည်ဟု မြန်မာနိုင်ငံမီး သတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

ယနေ့နံနက်အစောပိုင်း ၃ နာရီခွဲခန့်က ရန်ကုန်-မန္တ လေးအမြန်လမ်းမကြီး၏ ပန်းတင်အမြန်လမ်းမီး သတ်စခန်းအပိုင် မိုင်တိုင်အမှတ်(၂၃၀/၀)နှင့် (၂၃၀/၁)ကြားတွင် ခရီးသည်တင်ကား ၂ စီးတိုက်မိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်အား ပန်းတင်အမြန်လမ်းမီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့်ပန်းတင်အမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများသွားရောက်ပြုလုပ်ခဲ့ကြသည်။

ကား ၂ စီးပေါ်တွင်လိုက်ပါလာသည့် ၂၁ ဦးအနက် အမျိုးသား ၂ ဦးသည် ထိခိုက်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး ၅ ဦးတွင် ထိ ခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် သေဆုံးသူ ၂ ဦး၏ ရုပ်အလောင်းများနှင့်ထိခိုက်ဒဏ်ရာရရှိသူများအား ပန်းတင်အမြန်လမ်းရဲစခန်းပိုင်လူနာတင်ကား၊

တံတားဦးလူမှုကူညီရေးအသင်းကားတို့ဖြင့် နေပြည်တော်ကုတင် (၁၀၀၀)ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

credit to orginal

unicode

ယနေ့နံနက်အစောပိုင်းက အမြန်လမ်းမှာ ခရီးသည်ကား(၂)စီး တိုက်ြကပြန်ပြီ…

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ခရီးသည်တင်ကား ၂ စီးတိုက် ၂ ဦးသေဆုံး ၅ ဦးဒဏ်ရာရ

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ ပန်းတင်အမြန်လမ်းမီးသတ်စခန်းအပိုင်တွင် အောက်တိုဘာ ၁၄ ရက်(ယနေ့)နံနက်အစောပိုင်းက

ခရီးသည်တင်ကား ၂ စီးတိုက်မိခဲ့သည်ဟု မြန်မာနိုင်ငံမီး သတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

ယနေ့နံနက်အစောပိုင်း ၃ နာရီခွဲခန့်က ရန်ကုန်-မန္တ လေးအမြန်လမ်းမကြီး၏ ပန်းတင်အမြန်လမ်းမီး သတ်စခန်းအပိုင် မိုင်တိုင်အမှတ်(၂၃၀/၀)နှင့် (၂၃၀/၁)ကြားတွင် ခရီးသည်တင်ကား ၂ စီးတိုက်မိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်အား ပန်းတင်အမြန်လမ်းမီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့်ပန်းတင်အမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများသွားရောက်ပြုလုပ်ခဲ့ကြသည်။

ကား ၂ စီးပေါ်တွင်လိုက်ပါလာသည့် ၂၁ ဦးအနက် အမျိုးသား ၂ ဦးသည် ထိခိုက်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး ၅ ဦးတွင် ထိ ခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် သေဆုံးသူ ၂ ဦး၏ ရုပ်အလောင်းများနှင့်ထိခိုက်ဒဏ်ရာရရှိသူများအား ပန်းတင်အမြန်လမ်းရဲစခန်းပိုင်လူနာတင်ကား၊

တံတားဦးလူမှုကူညီရေးအသင်းကားတို့ဖြင့် နေပြည်တော်ကုတင် (၁၀၀၀)ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

crd

Leave a Reply

Your email address will not be published. Required fields are marked *