ငါးသိုင်းချောင်းတံတားပေါ်မှ ငဝန်မြစ်အတွင်းသို့ မိန်းကလေးငယ်…

ငါးသိုင်းချောင်းတံတားပေါ်မှ ငဝန်မြစ်အတွင်းသို့ မိန်းကလေးငယ် ၁ ဦးခုန်ချ၊ ချစ်သူချင်းစကားများပြီးနောက် ခုန်ချသွားတာလို့ဆို



အောက်တိုဘာလ ၁၃ ရက်

ဧရာဝတီတိုင်း၊ငါးသိုင်းချောင်းမြို့တွင် အောက််တိုဘာလ ၉ ရက်နေ့ သီတင်းကျွတ်လပြည့်ညက မြို့ခံမိန်းကလေးငယ် ၁ ဦး ငါးသိုင်းချောင်းတံတားပေါ်မှ ငဝန်မြစ်အတွင်းသို့ ခုန်ချမှုဖြစ်ပွားခဲ့ကြောင်းဒေသခံများထံကသိရသည်။


မြစ်အတွင်း ခုန်ချသွားသည့် မိန်းကလေးငယ်မှာ အသက် ၂၁ အရွယ် မဝါဝါအောင်ဆိုသူဖြစ်ပြီး ငါးသိုင်းချောင်းမြို့၊ ဘုရင့်နောင်လမ်း၊ အောင်ဆန်းရပ်ကွက်တွင်နေထိုင်သူဖြစ်ကြောင်းသိရသည်။

အဆိုပါမိန်းကလေးခုန်ချသွားမှုနှင့် ပတ်သက်၍ ချစ်သူချင်းစကားများပြီးနောက် ခုန်ချသွားခြင်းဖြစ်ကြောင်း မြို့ခံတဦးက ယခုကဲ့သို့ပြောသည်။


“သီတင်းကျွတ်လပြည့်ညမှာ ဖြစ်သွားတာပါ။ တံတားပေါ်မှာ ကောင်မလေးက စောင့်နေတာ။လပြည့်ညမှာလျှောက် လည်ကြဖို့ ချိန်းထားပြီးသား၊ ဖုန်းဆက်ခေါ်တာ ကောင်လေးကမလာတော့ ချစ်သူချင်း စကားများကြတာ။



အဆိုပါ ငါးသိုင်းချောင်းတံတားပေါ်မှ ငဝန်မြစ်အတွင်း ခုန်ချသွားခဲ့သည့် မဝါဝါအောင် နှင့် အဖော်ပါလာသူ အမျိုးသမီး ၁ ဦး ကိုလည်း စစ်ကောင်စီတပ်တွေက စစ် ဆေးမှုတွေပြုလုပ်နေကြောင်း သိရသည်။

တံတားပေါ်မှ ခုန်ချသွားပြီးနောက် မဝါဝါအောင်အား မြစ်အတွင်းရှာဖွေမှုများပြုလုပ်ခဲ့သော်လည်း ယနေ့အထိ တွေ့ရှိခြင်းမရှိသေးဘဲ ဆက်လက် ရှာဖွေမှုများလုပ်ဆောင်နေကြောင်း သိရသည်။


ပြီးခဲ့သည့် စက်တင်ဘာလ ၃ ရက်နေ့ ညပိုင်းကလည်း ငသိုင်းချောင်းတံတားပေါ်မှ ငဝန်မြစ်အတွင်း သို့ လူငယ် ၁ ဦးခုန်ချသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံကသိရသည်။
crd

Leave a Reply

Your email address will not be published. Required fields are marked *