စစ်ကားကြည့်ရသလိုပဲဗျို့ ပခုက္ကူမြို့နယ် အတွင်း စစ်တပ် စစ်ကြောင်း ထိုးလာစဥ် တိုက်ခိုက်ခံရပြီး အထိအခိုက်များစွာဖြင့် ဆုတ်ခွာသွားရ(ရုပ်/သံ)

ပခုက္ကူမြို့နယ် အတွင်း စစ်တပ် စစ်ကြောင်း ထိုးလာစဥ် တိုက်ခိုက်ခံရပြီး အထိအခိုက်များစွာဖြင့် ဆုတ်ခွာသွားရ(ရုပ်/သံ)

ရန်ကုန်၊ အောက်တိုဘာ ၁၂

မကွေးတိုင်း ပခုက္ကူမြို့နယ် မြိုင်အရှေ့ပိုင်းသို့ အကြမ်းဖက် စစ်တပ် စစ်ကြောင်းထိုးလာစဥ် တိုက်ခိုက်ခံရပြီး အထိအခိုက်များစွာဖြင့် ပြန်လည် ဆုတ်ခွာသွားကြောင်း Young Force UG အဖွဲ့ထံမှ သိရသည်။


အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပြည်သူများ နေထိုင်သည့် ကျေးရွာများကို စစ်ကြောင်းထိုးလာစဥ် အောက်တိုဘာလ ၁၀ ရက်နေ့၌ ပြည်သူ့ကွယ်ရေး တပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲအတွင်းလက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ၃ နာရီ ကျော်ကြာ ထိတွေ့မှု ဖြစ်ပွားခဲ့ကြောင်း၊ ထိတွေ့မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ထမ်းစင်များ၊ ပုခက်များ၊ ဂျိုင်းထောက်များဖြင့် ပြန်လည် ဆုတ်ခွာ သွားရကြောင်း သိရသည်။


ယင်းတိုက်ခိုက်မှုကို Southerm Yesagyo၊ Pakokku Ranger၊ Rso (Pku)၊ Thakhin Mya (လက်နက်ကြီး တပ်ဖွဲ့)၊ ပခုက္ကူမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(P.P.D.F)နှင့် ပခုက္ကူမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Young Force တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း Young Force UG အဖွဲ့က ထုတ်ပြန်ထားသည်။

crd

Leave a Reply

Your email address will not be published. Required fields are marked *