မင်္ဂလာပါ ပရိသတ်ကြီးရေ ဝါရင့်သရုပ်ဆောင် မင်းသမီးကြီး သန်းသန်းစိုးကတော့ တခေတ်တခါထဲက နာမည်ကြီး လူသိများသော သရုပ်ဆောင် တစ်ယောက်ဖြစ်ပြီး
ရုပ်ရှင် ဗီဒီယိုဇာတ်ကားပေါင်း များစွာမှာ ယနေ့တိုင်အောင် ပါဝင်သရုပ်ဆောင်နေဆဲ ဖြစ်တဲ့ ဝါရင့်အနုပညာရှင် တစ်ဦးပဲ ဖြစ်ပါတယ်နော်ယခုရက်ပိုင်းမှာပဲ အန်တီသန်းသန်းစိုးက သူမရဲ့ချစ်သူငယ်ငယ်လေးကို ထုတ်ပြကာ သူမရဲ့အချစ်ရေးကို ပွင့်လင်းစွာ ချပြလာခဲ့တဲ့အတွက်
ပရိသတ်တွေမှာ စိတ်ဝင်စားမှု မြင့်တက်နေခဲ့ ရတာဖြစ်ပြီး ယနေ့မှာတော့ သရုပ်ဆောင်သန်းသန်းစိုးရဲ့ ချစ်သူ ဖြစ်သော ခွန်းဆက်လင်းမှသူ့ရဲ့ဘဝအကြောင်းနဲ့ သူတို့ရဲ့အချစ်ရေး အကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောပြလို့ လာခဲ့ပါတယ်။ ခွန်းဆက်လင်းက ” ကျွန်တော်က အရင်တုန်းက
မိန်းကလေးပုံစံနဲ့ပဲ နေခဲ့တာပါ။ အသက်(၂၀)ကျော်လောက် ကျတော့မှ ကိုယ်နေချင်တဲ့ ယောကျားလေး ပုံစံမျိုး နေခဲ့တာပေါ့။ ဆံပင်တွေ ညှပ်လိုက်တယ်။
ဟိုမုန်းဆေး ထိုးတယ်။နောက်ဆုံးရင်သားပါ ခွဲစိတ် လိုက်ပါတယ်။ ငယ်ငယ်လေးကတည်းက ယောက်ျားလေး ပုံစံနေချင်ပေမယ့်အမေက ပေးမနေ ဘူးပေါ့။ သမီးလေး တစ်ယောက်တည်း ပါတာဆိုတော့လေ။”ဆိုကာ သူ့ရဲ့ဖြစ်တည်မှု အကြောင်းကို ပွင့်လင်းမြင်သာစွာ ဖွင့်ဟ ပြောလာခဲ့သလို
အချစ်ရေးနဲ့ ပတ်သက်ပြီးတော့လည်း “ကျွန်တော်တို့ နှစ်ယောက်ရဲ့ Relationship အကြောင်းကို သူ(သန်းသန်းစိုး)က ပွင့်ပွင့်လင်းလင်း ပြောပြ လိုက်တော့
အရမ်း ပျော်ပါတယ်။သူ့ကို ပိုပြီးတော့လည်း လေးစားသွားတယ် “ဆိုပြီး သရုပ်ဆောင်သန်းသန်းစိုးရဲ့လက်တွဲဖော်ချစ်သူ ခွန်းဆက်လင်း ပြောလာခဲ့သလို“ကျွန်တော်က Tomboy မဖြစ်ခင်မိန်းကလေးပုံစံနဲ့ ဇာတ်ကားတွေ ဝင်ရိုက်ခဲ့ ဖူးတယ်”ဆိုပြီးတော့လည်း ယောကျာ်းလေးပုံစံ မပြောင်းခင် ငယ်ရွယ်စဥ်က
မိန်းကလေးသရုပ်ဆောင် တစ်ယောက်အဖြစ်နဲ့လည်း သရုပ်ဆောင်လုပ်ခဲ့ ဖူးကြောင်းကို ပြောပြလို့ လာခဲ့ပါ သေးတယ်နော်။ ပရိသတ်ကြီးတို့ကလည်း
အရွယ်ချင်း ကွာဟတယ်ဆိုပေမယ့် ချစ်ခြင်းတူမျှတဲ့ အန်တီသန်းသန်းစိုးနဲ့ ခွန်းဆက်လင်းတို့ရဲ့ အချစ်ရေး သာယာစေကြောင်း မှတ်ချက်လေးတွေ ရေးသား ပြောကြားပေး ခဲ့ကြပါအုံးနော်။
crd