မရမ္းကုန္းရွိ စစ္ေကာင္စီ၏ ဆက္သြယ္ေရးတပ္ အိမ္ေထာင္သည္လိုင္းခန္းကို ဗုံးျဖင့္ ေဖာက္ခြဲ၊ ေတာင္ဥကၠလာတြင္ ဗုံးေတြ႕ရွိ၍စစ္တပ္က လမ္းပိတ္ေဖာက္ ခြဲ၊ လႈိင္တြင္ စက္ေသနတ္အတြဲလိုက္ ပစ္ခတ္သံမ်ားၾကားရ
ရန္ကုန္၊ ေအာက္တိုဘာ ၁၂
ရန္ကုန္တိုင္း၊ မရမ္းကုန္းၿမိဳ႕နယ္ရွိ စစ္ေကာင္စီ၏ ဆက္သြယ္ေရးတပ္ အိမ္ ေထာင္ သည္လိုင္းခန္းကို ယေန႔ညပိုင္းတြင္ ၿမိဳ႕ျပေပ်ာက္က်ားတပ္ဖြဲ႕ WOH က ေဖာက္ခြဲတိုက္ခိုက္ေၾကာင္း အဆိုပါအဖြဲ႕မွ ဗိုလ္တြတ္ပီက ေျပာသည္
ေအာက္ိုဘာ ၁၂ ရက္ေန႔ ည ၈ နာရီ ၂၇ မိနစ္အခ်ိန္ မရမ္းကုန္းၿမိဳ႕နယ္၊ ၉ မိုင္၊ ေတာ္ဝင္လမ္းရွိ ဆက္သြယ္ေရးတပ္ အိမ္ေထာင္သည္လိုင္းခန္းကို ဗုံးျဖင့္ ေဖာက္ ခြဲတိုက္ခိုက္ျခင္းျဖစ္ၿပီး ပ်က္စီးထိခိုက္မႈ တစ္စုံတစ္ရာ မသိရေသးေၾကာင္း၊ အဖြဲ႕သားမ်ား ထိခိုက္မႈမရွိဘဲ ေဘးကင္းလုံၿခဳံေၾကာင္း ဗိုလ္တြတ္ပီက ဆိုသည္
အလားတူ ေအာက္တိုဘာလ ၁၂ ရက္ေန႔ ညေန ၆ နာရီအခ်ိန္ ေတာင္ဥကၠလာပၿမိဳနယ္၊ (၈) ရပ္ကြက္၊ ရတနာလမ္းရွိ Star World KTV ဆိုင္အနီးတြင္ ဗုံးႏွစ္လုံးေတြ႕ရွိ၍ စစ္တပ္က လမ္းပိတ္ ေဖာက္ခြဲတိုက္ခိုက္ခဲ့ေၾကာင္း ေဒသခံမ်ားက ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုသည္
“ညေန ၆ နာရီ ၁၅ မိနစ္အခ်ိန္မွာ ေတာင္ဥကၠလာမွာ ဗုံးေပါက္ကြဲသံ ႏွစ္ခ်က္ၾကားရတယ္။ ရန္ကင္းဘက္ေတြကေတာင္ ၾကားလို႔ ဖုန္းဆက္ေမးတယ္” ဟု ေတာင္ဥကၠလာေဒသခံတစ္ဦးက ေျပာသည္
ထို႔အတူ လႈိင္ၿမိဳ႕နယ္တြင္ ယေန႔ ည ၇ နာရီအခ်ိန္ ပစ္ခတ္သံမ်ားၾကားရၿပီး အခ်က္ ၂၀ ေက်ာ္ ဆက္တိုက္ ပစ္ခတ္သံၾကားရသည္ဟု ေဒသခံမ်ားက ေျပာ သည္
“ဒီည ၇ နာရီမွာ လႈိင္နဲ႔ မရမ္းကုန္း ဝန္းက်င္ စစ္ေၾကာေရးလား ၊သမိုင္းတံတားနားလားေတာ့ အတိက်မသိဘူးေသနတ္ပစ္သံေတြၾကားရတာ။ အတြဲလိုက္ပစ္ခတ္သံေတြကို ၾကားရတာပါ” ဟု ေဒသခံတစ္ဦးက ေျပာဆိုသည္
ဓာတ္ပုံ- ရန္ကုန္တြင္ အၾကမ္းဖက္စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား။ (ပုံအေဟာင္းျဖစ္သည္
===========
မရမ်းကုန်းရှိ စစ်ကောင်စီ၏ ဆက်သွယ်ရေးတပ် အိမ်ထောင်သည်လိုင်းခန်းကို ဗုံးဖြင့် ဖောက်ခွဲ၊ တောင်ဥက္ကလာတွင် ဗုံးတွေ့ရှိ၍စစ်တပ်က လမ်းပိတ်ဖောက် ခွဲ၊ လှိုင်တွင် စက်သေနတ်အတွဲလိုက် ပစ်ခတ်သံများကြားရ
ရန်ကုန်၊ အောက်တိုဘာ ၁၂
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်ရှိ စစ်ကောင်စီ၏ ဆက်သွယ်ရေးတပ် အိမ် ထောင် သည်လိုင်းခန်းကို ယနေ့ညပိုင်းတွင် မြို့ပြပျောက်ကျားတပ်ဖွဲ့ WOH က ဖောက်ခွဲတိုက်ခိုက်ကြောင်း အဆိုပါအဖွဲ့မှ ဗိုလ်တွတ်ပီက ပြောသည်
အောက်ိုဘာ ၁၂ ရက်နေ့ ည ၈ နာရီ ၂၇ မိနစ်အချိန် မရမ်းကုန်းမြို့နယ်၊ ၉ မိုင်၊ တော်ဝင်လမ်းရှိ ဆက်သွယ်ရေးတပ် အိမ်ထောင်သည်လိုင်းခန်းကို ဗုံးဖြင့် ဖောက် ခွဲတိုက်ခိုက်ခြင်းဖြစ်ပြီး ပျက်စီးထိခိုက်မှု တစ်စုံတစ်ရာ မသိရသေးကြောင်း၊ အဖွဲ့သားများ ထိခိုက်မှုမရှိဘဲ ဘေးကင်းလုံခြုံကြောင်း ဗိုလ်တွတ်ပီက ဆိုသည်
အလားတူ အောက်တိုဘာလ ၁၂ ရက်နေ့ ညနေ ၆ နာရီအချိန် တောင်ဥက္ကလာပမြိုနယ်၊ (၈) ရပ်ကွက်၊ ရတနာလမ်းရှိ Star World KTV ဆိုင်အနီးတွင် ဗုံးနှစ်လုံးတွေ့ရှိ၍ စစ်တပ်က လမ်းပိတ် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်
“ညနေ ၆ နာရီ ၁၅ မိနစ်အချိန်မှာ တောင်ဥက္ကလာမှာ ဗုံးပေါက်ကွဲသံ နှစ်ချက်ကြားရတယ်။ ရန်ကင်းဘက်တွေကတောင် ကြားလို့ ဖုန်းဆက်မေးတယ်” ဟု တောင်ဥက္ကလာဒေသခံတစ်ဦးက ပြောသည်
ထို့အတူ လှိုင်မြို့နယ်တွင် ယနေ့ ည ၇ နာရီအချိန် ပစ်ခတ်သံများကြားရပြီး အချက် ၂၀ ကျော် ဆက်တိုက် ပစ်ခတ်သံကြားရသည်ဟု ဒေသခံများက ပြော သည်
“ဒီည ၇ နာရီမှာ လှိုင်နဲ့ မရမ်းကုန်း ဝန်းကျင် စစ်ကြောရေးလား ၊သမိုင်းတံတားနားလားတော့ အတိကျမသိဘူးသေနတ်ပစ်သံတွေကြားရတာ။ အတွဲလိုက်ပစ်ခတ်သံတွေကို ကြားရတာပါ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်
ဓာတ်ပုံ- ရန်ကုန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်သည)
crd