မြို့ပြများအထိ စစ်ဆင်ရေးနယ်များဖြစ်လာနိုင် သည်ကို ကြိုတင်တွက်ဆထားရန် ယာယီသမ္မတ သတိပေး
အဆုံးအဖြတ်တိုက်ပွဲအတွက် စနစ်တကျ စီမံကွပ်ကဲရန်နှင့် နိုင်ငံရေးအရ သစ္စာစောင့်သိကြရန် ယာယီသမ္မတတိုက်တွန်း
ရန်ကုန် ၊ အောက်တိုဘာ ၁၁
အဆုံးအဖြတ်တိုက်ပွဲကို စနစ်တကျ စီမံကွပ်ကဲနိုင်ရန် အားလုံးပြင်ဆင်ထားကြရမည်ဖြစ်ပြီး မဟာ မိတ်စစ်ရေး တပ်ပေါင်းစုနှင့် စနစ်တကျ စီမံကွပ်ကဲကြရန် နိုင်ငံ ရေးအရ သစ္စာစောင့်သိကြရန်လိုအပ် ကြောင်း အမျိုး သားညီညွတ်ရေးအစိုးရ ယာယီ သမ္မတ ဒူဝါလရှီးလ က ယနေ့ တိုက်တွန်း ပြောကြားလိုက်သည် ။
ယနေ့ နံနက်ပိုင်းက ပြုလုပ်သည့့် အမျိုးသားညီ ညွတ်ရေးအစိုးရ (၇၁)ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေး၌ ယခုလို တိုက်တွန်း ပြောကြားခဲ့ခြင်း ဖြစ်သည် ။
” နိုင်ငံရေးဆိုတာ မဖြစ်နိုင်တာကိုတောင်စွန့်ပြီး ရှေ့တိုး လုပ်ရသေးတာပဲ၊ ယခု လက်ရှိအခြေအနေက ကျွန်တော်တို့မှာ ဖြစ်နိုင်နေတာတွေ အများကြီးရှိတယ်။ ဒါ့ကြောင့် အဆုံးအဖြတ်တိုက်ပွဲကို စနစ်တကျ စီမံကွပ်ကဲနိုင်ဖို့ ကျွန် တော်တို့ အားလုံးပြင်ဆင်ထားကြရမယ်လို့ ပြောကြားလိုပါတယ်။ အထူးသဖြင့် မဟာမိတ်စစ်ရေး တပ်ပေါင်းစုနဲ့ စနစ်တကျ စီမံကွပ်ကဲကြဖို့၊ နိုင်ငံရေးအရ သစ္စာစောင့်သိကြဖို့ ကျွန်တော် အထူး တိုက်တွန်းလိုပါတယ်” ဟု ယာယီသမ္မတ က ပြောကြားခဲ့သည်။
ထို့ပြင် တော်လှန်ရေးကာလ ကြာရှည်လာသည်နှင့် အမျှ တော်လှန်ရေးအပေါ် လူထုအနေဖြင့် အီလာတတ်၊ ညောင်းလာတတ်ပြီး အမှတ်မထင် တစ်ဆစ်ချိုး ပြောင်း လဲသွားတာမျိုးတွေ ဖြစ်တတ်သဖြင့် ယင်းအား သတိ ထားပြီး သဘောထားကြီးကြီး အမြင်ကျယ်ကျယ် သတိ ရှိရှိဖြင့် ရှေ့ဆက်ကြရန် လိုကြောင်း ၎င်းကဆိုသည်။
” လူထုရဲ့ အမြင်သဘောထားဟာ အကောင်းဘက်ကို တိမ်းညွှတ်မှု ရှိနေဆဲဖြစ်တယ်လို့ ကျွန်တော်တို့ နားလည်ရပါတယ်။ လူတချို့လည်း ယုံကြည်မှုနည်းပါးနေသေး တာကို တွေ့မြင်ရပါတယ်။ လူထုသဘောထားအမြင်ကို မပြောင်းလဲနိုင်ပေမယ့် ကျွန်တော်တို့လျစ်လျှူရှုလို့ မရပါဘူး။ ဒါကလည်း သဘာဝကျတယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။
အဆိုပါ အစည်းအဝေး၌ ယာယီသမ္မတက အာဏာအတွက် စစ်ကောင်စီသည် အရပ်သားပစ်မှတ်၊ စစ်ရေးပစ်မှတ်မခွဲခြားဘဲ တိုက်ခိုက်နေပြီး မြို့ပြများအထိ စစ် ဆင်ရေးနယ်တို့ ဖြစ်လာနိုင်သည်ကိုလည်း ကြိုတင်တွက်ဆထားကြရန် သတိပေးခဲ့သည်။
” စစ်ကောင်စီဟာ ၂၀၂၃ ရွေးကောက်ပွဲကို သူ့အတွက် နိုင်ငံရေးထွက်ပေါက်အဖြစ် မျှော်လင့်ထားတာ ထင်ရှားတယ်။ စစ်တပ်လက်ဝေခံ ကြံ့ခိုင်ရေးပါတီထဲမှာလည်း ခေါင်းဆောင်မှု အပြောင်းအလဲလုပ်ပြီး သူ့စီမံချက်ထဲမှာ စနစ်တကျအကွက်ဝင်အောင် စီမံနေတာကို ကျွန်တော်တို့တွေ့နေရပါတယ်။ ဒါတွေကို သတိကြီးကြီးထားပြီး စစ်ကောင်စီကို နိုင်ငံရေးအရ ထွက်ပေါက်မရှိအောင် လုပ်ထားဖို့ လိုပါတယ်” ဟု ၎င်းကဆိုသည်။
ထို့ပြင် စစ်ကောင်စီက ရွေးကောက်ပွဲ လုပ်လာမည့်အပေါ် လက်တွေ့ကျကျ တုံ့ပြန်ရန် ဆောင်ရွက်လျက်ရှိပြီး ထို ရွေးကောက်ပွဲကို မပျက်ပျက်အောင်ဖျက်မည် ၊ ဆန့်ကျင်မည်၊ အသိအမှတ် မပြုဘူးဆိုသည့် အဆင့်ထက် ကျော်လွန်စဉ်းစားထားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
စစ်ကောင်စီတပ်က အရပ်သားပစ်မှတ်၊ စစ်ရေးပစ်မှတ်မခွဲခြားဘဲ တိုက်ခိုက်နေ၍ မြို့ပြများအထိ စစ်ဆင်ရေးနယ်များ ဖြစ်လာနိုင်သည်ကို အထူးသတိပြုရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ယနေ့ ကျင်းပသည့် အစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားသည်။
“စစ်ကောင်စီဟာ သူ့အကျိုးစီးပွားနဲ့ သူ့အာဏာအတွက်ဆိုရင် အရပ်သားပစ်မှတ်၊ စစ်ရေးပစ်မှတ်ရယ်လို့ မခွဲခြားပဲ တိုက်ခိုက်နေတာကို အားလုံးလည်း သိပြီးဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့ မြို့ပြတွေအထိ စစ်ဆင်ရေးနယ်တွေ ဖြစ်လာနိုင်တာကိုလည်း ကြိုတင်တွက်ဆထားကြဖို့ အထူးသတိပေးလိုပါတယ်”ဟု ယာယီသမ္မတက ပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်သူ့ခုခံတော်လှန်စစ် (၁)နှစ်ပြည့် သုံးသပ်ချက်နှင့် ရှေ့လုပ်ငန်းစဉ် များ ပြည်သူသို့ အစီရင်ခံတင်ပြရာတွင် လူထု၏ အမြင်သဘောထား အကောင်းဘက်သို့ တိမ်းညွှတ်မှုရှိနေဆဲ ဖြစ်သကဲ့သို့ အချို့ကလည်း ယုံကြည်မှု နည်းပါးနေကြောင်း ၎င်းက ဆိုသည်။
“လူထုသဘောထားအမြင်ကို မပြောင်းလဲနိုင်ပေမယ့် ကျွန်တော်တို့လျစ်လျှူရှုလို့ မရပါဘူး။ ဒါကလည်း သဘာဝကျတယ်လို့ ကျွန်တော်ထင်ပါတယ်။
ဒါပေမယ့် နိုင်ငံရေးဆိုတာ မဖြစ်နိုင်တာကိုတောင်စွန့်ပြီး ရှေ့တိုး လုပ်ရသေးတာပဲ၊ ယခု လက်ရှိအခြေအနေက ကျွန်တော်တို့မှာ ဖြစ်နိုင်နေတာတွေ အများကြီးရှိတယ်။
ဒါ့ကြောင့် အဆုံးအဖြတ်တိုက်ပွဲကို စနစ်တကျ စီမံကွပ်ကဲနိုင်ဖို့ ကျွန်တော်တို့ အားလုံးပြင်ဆင်ထားကြရမယ်လို့ ပြောကြားလိုပါတယ်။ အထူးသဖြင့် မဟာမိတ်စစ်ရေး တပ်ပေါင်းစုနဲ့ စနစ်တကျ စီမံကွပ်ကဲကြဖို့၊ နိုင်ငံရေးအရ သစ္စာစောင့်သိကြဖို့ ကျွန်တော် အထူး တိုက်တွန်းလိုပါတယ်”ဟု ယာယီသမ္မတက ပြောသည်။
ပုံစာ ။ NUG ယာယီသမ္မတ ဒူဝါလရှီးလ
crd