ဒီဓလေ့ဟာ သီရိမာ ကစတာပါ၊ သီရိမာ ဆိုတာ ပြည့်တန်ဆာတစ်ဦး သူမနဲ့ ပျော်ပါးချင်ရင် အဿ ပြာ ၁၀၀၀ ပေးရတယ်၊သူကိုသဘောကျနှစ်သက်ကြတဲ့အထဲမှာ လူတင်မက သံဃာတော်တွေပါ ပါဝင်ခဲ့တယ်။
ဥတ္တရာ ရဲ့ကျေးဇူးကြောင့် သူမဟာ ဘာသာကိုင်းရှိုင်းသူဖြစ်ခဲ့ပြီး သံဃာ ၈ပါးကိုနေ့စဉ်ဆွမ်းလှူ ခဲ့တယ်။သူမသေဆုံးသွားတဲ့အခါ ဘုရားရှင် က ဗိဗ္မိသာရ မင်းကြီးကို ချက်ချင်းမမြှတ်စေပဲ လင့်စင်ထိုးပြီး သုဿ န်မှာ ၃ရက်ထားစေတယ်။၃ ရက်မြောက်တဲ့နေ့မှာ နာမကျန်းတဲ့သူနဲ့ ကလေးငယ်မှလွဲ၍ အားလုံး သီရိမာရဲ့မြေမြုတ်ပွဲကို လာရောက်ကြည့်ရှု့ရမည်၊ ပျက်ကွက်ပါကဒဏ်ငွေ ၈ ကျပ် ဆောင်ရမည်ဆိုပြီး မောင်းလှည့်ခတ်စေတယ်။
ဘုရားကလည်း သံဃာအားလုံး လာရောက်၍ ကြည့်ရှု့ရမည်ဟုအမိန့်ထုတ်တယ်။ ၃ ရက်မြောက်တဲ့နေမှာ သိရိမာ ရဲ့ ရုပ်ကတော်တော်လေးပျက်စီးနေပြီ၊ဒွာရပေါက် အပေါင်းမှစီးထွက်လာတဲ့ အရည်နံ့ကလဲ ထောင်းထောင်းထနေခဲ့ပြီ။အဲ့ဒီအခါမှာတော့ ကမ္ဘာပေါ်မှာ ပထမဦးဆုံးလေလံပွဲကို စတင်ပါတယ်။သီရိမာကို လိုချင်တဲ့သူရှိရင် အဿ ပြာ တစ်ထောင်နဲ့ အပိုင်ယူနိုင်ပါတယ်တဲ့။
တစ်ယောက်မှ မလှုပ်ကြပါ၊ ဒါနဲ့ ၅၀၀ – ၂၅၀ – အလကားပေးမယ်ဆိုတာတောင် မယူကြတော့ဘူး။ဒီတော့နောက်တစ်မျိုးပြောင်းပြီ သိရိမာကို ကြင်ကြင်နာနာနဲ့ခေါ်ထားမယ်ဆိုရင် အသပြာ ၁၀၀၀ ပေးမယ်ဆိုတာတောင် ဘယ်သူမှ ယူမယ့်သူမရှိဘူး။ ဒီတော့မှ ဘုရား က မရဏသဘောကိုတရားဟောတယ်၊ အားလုံးကိုလဲ သရဏံဂုံတင်ပေးတယ်။
လူအများ ကျွတ်တန်းဝင်ကြတယ်ပေါ့ဗျာ….
အဲ့ဒီကစလို့ ၃ ရက်ထားတဲ့ ဓလေ့၊ အသုဘ ရှု့တဲ့ဓလေ့၊ သရဏံဂုံတင်တဲ့ဓလေ့တွေ စတင်ဖြစ်လာခဲ့တယ်လို့ဆိုတယ်။
မှတ်ချက်။ ။ သရဏံဂုံတင်ခြင်းသည် သေသူကိုတင်ခြင်းမဟုတ်ပါ။ ယခုအခါမှာယွင်းစွာ သေသူကိုတင်သည်ဟုထင်နေကြသည်။
နောက်တစ်ခုက
မသာ တစ်ခေါက် ကျောင်း ဆယ်ခေါက်ဆိုတာကို မသာ တစ်ခေါက်ပို့ခြင်းဟာ ကျောင်း ဆယ်ခေါက်သွားခြင်းနဲ့ ကုသိုလ်တူတယ်လို့ထင်နေကြတယ်၊ တကယ်က မသာ တစ်ခေါက်ပို့တဲ့အတွက် သံဝေဂရပြီး ကျောင်း ကို ဆယ်ခေါက်ရောက်သွားလိမ့်မယ်လို့ဆိုတာပါ။
မူရင်း Credit