လက်ထဲ ကိုင်မိရင် ဘာမှ မသိတော့ဘဲ ဖြစ်သွားတဲ့ ထူးဆန်းတဲ့ တို့ဆေး တမျိုးအကြောင်း

လက်ထဲ ကိုင်မိရင် ဘာမှ မသိတော့ဘဲ ဖြစ်သွားတဲ့ ထူးဆန်းတဲ့ တို့ဆေး တမျိုးအကြောင်း

ကုန်စျေးနှုန်းတွေကတက်/ အလုပ်အကိုင်တွေက ရှားပါးလာချိန်မှာ လူတွေရဲ့ အပြုအမူနဲ့ ခံယူချက်တွေက ပြောင်းလဲလာကြပြီ။ မိမိဘဝ အသက်ရှင်နေထိုင်ရေးအတွက် ဘာမဆို လုပ်ရဲလာကြလို့ အသက်ကို ဉာဏ်စောင့်ပါတယ်။ အသိ သတိ ထားကြပါ။

တို့ဆေးလို လူကို ထုံထိုင်းပြီး ကြောင်ငေးသွားစေတဲ့ ဆေးပါ။ ပုံက ဆားထုပ်လေးလိုမို့ မသိဘဲ အလွယ်တကူ ကိုင်မိတတ်လို့ပါနော် (ပုံအရောင်က အလင်းနဲ့ အမှောင်ထဲမို့ပါ အပြင်မှာက အဖြူဆားမှုန့်လိုထဲ လိမ္မော်ရောင်အမှုန့်လေးတေ ရောထားတာပါ) အဲ့အမှုန့်ကြောင့် ဟုတ်လားမဟုတ်လား မသိရပေမယ့် သူပြန်ပါလာတာ အဲ့တာပဲ ရှိလို့ပါ။

ကျမ အမ ခုလေးတင် အိမ်ပြန်ရောက်လာတာ လက်ထဲ အဲ့အထုပ်လေး တထုပ်ပဲ ပြန်ပါလာပါတယ်။ သူပြောပြတာက သူစံပြဈေးမှာ လမ်းလျှောက်နေတုန်း အမျိုးသမီးတယောက်က ဖုန်းလေးပါရင် ပေးဆက်ဖို့ အရေးကြီးလို့ လို့ပြောပါတယ်တဲ့။

လက်ထဲလည်း ဈေးဝယ်ထားသလို ပစ္စည်းထုတ်တွေ အပြည့်နဲ့မို့ ဈေးဝယ်ရင်း မလောက်လို့ အိမ်ကို ဖုန်းဆက်ချင်တယ်လို့ ထင်ပြီး ပါတယ် တခြားကဒ်တော့မရဘူး အက်တမ် ပေါ့ အာ့အချင်းချင်းပဲ ရမယ်ပြောတော့ ရတယ် သူ့အိမ်ကလည်း အဲ့နံပါတ် ကိုင်တယ်လို့ ပြောပါတယ်တဲ့။


အာ့နဲ့ ဖုန်းဆက်ဖို့ ဖုန်းပေးမလို့လုပ်တုန်း အထုပ်တေ မနိုင်လို့ လက်ဆွဲအိတ်တခုကို သူ့ကို ခဏလေး ကိုင်ထားပေးပါဆိုပြီး ပေးလို့ သူက အားနာပြီး ကိုင်ပေးလိုက်တယ်တဲ့ အဲ့အထုပ်လည်း ကိုင်ပြီးရော ခု ပြထားတဲ့ အမှုန့်ထုပ်လေးကိုပါ အမ ဒါလေးလည်း ခဏ ကိုင်ထားပေးနော်ဆိုပြီးထဲက ဘာမှ မမှတ်မိတော့တာတဲ့။


ခု နောက်ဆုံး ပြန်သတိရချိန်က စံပြဈေး ကားဂိတ်နား ဆူးလေကို ဘာကားရောက်လည်းဆိုပြီး မေးနေတာကို ဘာမှ မဖြေဘဲ ဒီတိုင်းကြီး ကြောင်ရပ်နေလို့ဆိုပြီး လက်မောင်းကို ပုတ်ပြီး မေးလိုက်တဲ့ ကောင်မလေးကြောင့် သတိပြန်ရပြိး အိမ်ပြန်ရောက်လာတာပါ တကယ်လို့သာ ခုချိန်ထိ ဘယ်သူမှ သူ့ကို မထိ မပုတ် စကားမပြောဘဲသာ နေနေအုံးမယ်ဆို ဘယ်ချိန်ထိ အဲ့လိုပဲ ကြောင်တောင်ရပ်နေမလဲ မသိရပါဘူးနော်။


ကျမ အမကတော့ သတိရရချင်း နေရာတင် ကားဂိတ်လည်း မရှက်နိုင် ငိုချခဲ့ပါတယ်တဲ့ ဘယ်ချိန်ထဲက ရပ်နေမိမှန်းတောင် သူ့ဖာသာ မသိဘူး လက်ထဲလဲ အဲ့အမျိုးသမီးပေးခဲ့တဲ့ အမှုန့်ထုပ်နဲ့ ဘယ်က အစုတ်တေ ထည့်ထားမှန်း မသိတဲ့


ဝယ်ချင်ယောင်ဆောင်လာတဲ့ အဝတ်စုပ်အိတ်တခုကလွဲပြီး သူ့ကိုယ်ပိုင်ပစ္စည်း ဘာတခုမှ ပြန်ပါမလာပါဘူး လူမြင်ကွင်းတင် လုပ်နေတာမို့ ပိုပြီး သတိထားကြပါနော် ဖြစ်နိုင်ရင် အဖော်လေးနဲ့ သွားလာကြပါနော်။


ကိုယ်က လိုအပ်နေတယ် ထင်လို့ ကူညီဖို့ လုပ်မိတာကနေတောင် ခုလို အန္တရာယ်တေ ဖြစ်နေတဲ့ ခေတ် ဖြစ်နေပါပြီနော် အားလုံးပဲ သတိထားပြီး သွားလာကြပါနော် ပုံလေးကတော့ ကိုယ်လည်း မြင်ဖူးတုန်း သိထားလို့ရအောင် ပြပေးတာပါ အဝတ်စုတ်တေကတော့ အိမ်က လက်နှီးစုတ်ထပ်တောင် စုတ်ပျက်နေလို့ မရိုက်ပြတော့ပါဘူးနော်။ (Aung Delivery)

crd

Leave a Reply

Your email address will not be published. Required fields are marked *