အတိတ်မေ့လွယ်တဲ့သူတွေနဲ့ တဒင်္ဂ အပျော်ရှာချင်တဲ့သူတွေကို ထမ်းပိုးထားရတဲ့ ရန်ကုန်မြို့ကြီး

အတိတ်မေ့လွယ်တဲ့သူတွေနဲ့ တဒင်္ဂ အပျော်ရှာချင်တဲ့သူတွေကို ထမ်းပိုးထားရတဲ့ ရန်ကုန်မြို့ကြီး

ယနေ့သည် မြန်မာပြည်သားတို့ အထွတ်အမြတ်ထားရာ သီတင်းကျွတ် လပြည့်နေ့ ဖြစ်ပါတယ်။ လပြည့်နေ့ ဖြစ်တာနဲ့ အညီ ဗုဒ္ဓဘာသာဝင်တို့ အနေနဲ့ ဘုရားကျောင်းကန်များကို အများအပြား သွားရောက် ဖူးမြှော်ကြတာကိုလည်း တွေ့ရပါတယ်။

မနက် ၈ နာရီလောက်ကတည်းက ရန်ကုန်မြို့ရဲ့ ဘုရားစေတီတွေမှာ လူတွေ ပြည့်နေတယ်ဆိုတဲ့ အကြောင်း လူမှုကွန်ရက် စာမျက်နှာတွေမှာ သတင်းဌာန အသီးသီးက ဖော်ပြလာကြပါတယ်။ တချို့သတင်းဌာနတွေကလည်း လူများနေတဲ့ နေရာတွေကို ရွေးပြီး ကင်မရာ မပြည့်ပြည့်အောင် ရိုက်ပြီး ဖော်ပြကြသလို တချို့သတင်းဌာနတွေကတော့ လူနည်းတဲ့ နေရာကို တမင်ရွေးပြီး ဓာတ်ပုံရိုက် ဖော်ပြထားတာကိုလည်း တွေ့ရပါတယ်။

လူမှုကွန်ရက်ပေါ်မှာလည်း ဘုရားသွားတဲ့သူတွေကို အမှတ်မရှိတဲ့သူတွေ ဆိုပြီး ဝေဖန်နေကြတဲ့ သူတွေ ရှိသလို အားလပ်ရက်မှာ အပန်းဖြေကြတဲ့ ပြည်သူတွေကို အပြစ်မတင်သင့်ဘူးလို့ ဆိုကြတဲ့ သူတွေလည်း ရှိနေကြပါတယ်။ လူမှုကွန်ရက် သုံးစွဲသူတွေအနေနဲ့ အမြင်အမျိုးမျိုးကို ပွင့်ပွင့်လင်းလင်း ပြောဆို ဆွေးနွေးကြပြီး အငြင်းအခုံ များခဲ့တဲ့ နေ့တနေ့လို့လည်း ဆိုနိုင်ပါတယ်။

ရန်ကုန်မြို့ရဲ့ အချက်အချာဖြစ်တဲ့ ရွှေတိဂုံစေတီတော်ကြီးရဲ့ အနားပတ်ဝန်းကျင်မှာရှိတဲ့ ကန်တောင်မင်္ဂလာပန်းခြံနဲ့ ဟက်ပီးဝေါ အပန်းဖြေဥယျာဉ်တွေမှာ တိုးမပေါက်အောင် စည်ကားခဲ့ပြီး ဘုရားပတ်လမ်းတွေမှာလည်း ကားလမ်းကြောင်း ပိတ်ဆို့တဲ့အထိ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပြည်သူ့ရင်ပြင်ထဲမှာတော့ စကစက ပြုလုပ်တဲ့ ဈေးရောင်းပွဲမှာ ဒီဂျေ တေးဂီတတွေနဲ့ ကခုန်နေကြတဲ့ သူတွေ ရှိတယ်လို့လည်း သိရပါတယ်။

ပျော်ပွဲရွှင်ပွဲကို အလွန်နှစ်သက်တဲ့ မြန်မာပြည်သူတွေဟာ ယခုလို အခါကြီးရက်ကြီးတွေမှာ ဒီလို လမ်းတွေ ပိတ်တဲ့အထိ ပျော်ရွှင်ကြတာဟာ လွန်ခဲ့တဲ့ ၁၀ နှစ်နီးပါးကတည်းက ဖြစ်ပါတယ်။ ကိုဗစ်နဲ့ စစ်တပ် အာဏာသိမ်းမှုကြောင့် ပွဲလမ်းသဘင်တွေ ပျောက်ကွယ်ခဲ့ရပြီး ပွဲငတ်နေတဲ့ မြန်မာပြည်သူတချို့ဟာ ယခုလို အချိန်မှာ စိတ်လွတ်ကိုယ်လွတ် ပျော်တာကို မပြစ်မဆိုသာပေမယ့် “ညောင်သီးလည်းစား လေးသံလည်း နားထောင်” ဆိုတဲ့ စကားပုံလို အပျော်ကနေ အပျက် ဖြစ်မသွားဖို့ အရေး သတိထားသင့်ပါတယ်။

လူအများအပြား စုဝေးမှုကြောင့် ပထမဆုံး သတိထားရမှာကတော့ ကိုဗစ်ကူးစက်မှုပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ရန်ကုန်မြို့နေ လူအများအပြား ဖျားနာမှုတွေ ဖြစ်နေကြပါတယ်။ အဲဒါကြောင့် လူထူထပ်တဲ့နေရာတွေ သွားရင် ကိုဗစ်ကို အထူး သတိထားရပါမယ်။ နောက်တချက်ကတော့ ခါးပိုက်နှိုက်နဲ့ ခိုးဆိုးလုယက် အဖွဲ့‌တွေ ဖြစ်ပါတယ်။ ယခုလို ကာလမှာ အပြင်ထွက်လည်ပတ်တဲ့သူ အများဆုံးက စက်ရုံလုပ်သားလို အခြေခံ လူတန်းစားတွေ များပြားပါတယ်။ အဆိုပါလူတွေကို ဦးတည်ပြီး လုယက်မယ့် အဖွဲ့တွေကို အထူး သတိထားရမှာ ဖြစ်ပါတယ်။

ဒီကာလမှာ ဘယ်မှ မထွက်ဘဲ အိမ်ထဲ နေနေတဲ့ သူတွေကိုလည်း ကျန်းမာရေး ဂရုစိုက်ပြီး ကိုယ်လုပ်နေတဲ့ အရာတွေကို စူးစူးစိုက်စိုက် လုပ်ကြဖို့ တိုက်တွန်းလိုပါတယ်။ လူတချိို့က ရင်ထဲမှာ ရှိတဲ့ အပူတွေကို တဒင်္ဂ အပျော်တွေနဲ့ ငြိမ်းအေးအောင် လုပ်နေပေမယ့်လည်း ဒီနေ့ ကုန်လို့ နောက်နေ့ ရောက်လာရင် အပူတွေက ထပ်ပေါ်လာဦးမှာပါပဲ။

လွတ်လပ်မှု၊ တရားမျှတမှုတွေ ဆိတ်သုဉ်းနေတဲ့ နေရာမှာ ဘယ်လိုပဲ ပျော်ပွဲရွှင်ပွဲတွေ ရှိရှိ လူတွေရဲ့ စိတ်နှလုံးတွေကတော့ ညှိုးနွမ်းနေဦးမှာပဲ ဖြစ်ပါတယ်။ ခေတ်ပျက်ကြီးထဲမှာ တဒင်္ဂထွက်ပေါက် ရှာတဲ့သူတွေကို အပြစ်မတင်ရက်သလို ဦးတည်ရာ ရည်မှန်းချက်အတွက် ကြိုးစားနေတဲ့သူတွေကိုလည်း အောင်မြင်ပါစေလို့ အားပေးလိုက်ရပါတယ်။

အတိတ်မေ့လွယ်တဲ့သူတွေ၊ အပျော်ရှာချင်တဲ့သူတွေကို ထွေးပိုက်ပြီး မကျက်သေးတဲ့ ဒဏ်ရာတွေကို ကုစားရင်း မလွတ်မြောက်သေးတဲ့ ရန်ကုန်မြို့ကြီးကတော့ အမှောင်ည တညကို ထပ်မံ ဖြတ်သန်းရဦးမှာပဲ ဖြစ်ပါတော့တယ်။ သီတင်းကျွတ်ကာလမှာ မြန်မာတပြည်လုံး ကပ်ရောဂါဘေးကနေ ကင်းစင်ပြီး ပြည်သူတွေအားလုံး လွတ်လပ်ခြင်း၊ တရားမျှတခြင်းတွေ ရရှိကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ခင်ဗျာ။

Crd

Zawgyi

အတိတ်မေ့လွယ်တဲ့သူတွေနဲ့ တဒင်္ဂ အပျော်ရှာချင်တဲ့သူတွေကို ထမ်းပိုးထားရတဲ့ ရန်ကုန်မြို့ကြီး

ယေန႔သည္ ျမန္မာျပည္သားတို႔ အထြတ္အျမတ္ထားရာ သီတင္းကြၽတ္ လျပည့္ေန႔ ျဖစ္ပါတယ္။ လျပည့္ေန႔ ျဖစ္တာနဲ႔ အညီ ဗုဒၶဘာသာဝင္တို႔ အေနနဲ႔ ဘုရားေက်ာင္းကန္မ်ားကို အမ်ားအျပား သြားေရာက္ ဖူးေျမႇာ္ၾကတာကိုလည္း ေတြ႕ရပါတယ္။

မနက္ ၈ နာရီေလာက္ကတည္းက ရန္ကုန္ၿမိဳ႕ရဲ႕ ဘုရားေစတီေတြမွာ လူေတြ ျပည့္ေနတယ္ဆိုတဲ့ အေၾကာင္း လူမႈကြန္ရက္ စာမ်က္ႏွာေတြမွာ သတင္းဌာန အသီးသီးက ေဖာ္ျပလာၾကပါတယ္။ တခ်ိဳ႕သတင္းဌာနေတြကလည္း လူမ်ားေနတဲ့ ေနရာေတြကို ေ႐ြးၿပီး ကင္မရာ မျပည့္ျပည့္ေအာင္ ႐ိုက္ၿပီး ေဖာ္ျပၾကသလို တခ်ိဳ႕သတင္းဌာနေတြကေတာ့ လူနည္းတဲ့ ေနရာကို တမင္ေ႐ြးၿပီး ဓာတ္ပုံ႐ိုက္ ေဖာ္ျပထားတာကိုလည္း ေတြ႕ရပါတယ္။

လူမႈကြန္ရက္ေပၚမွာလည္း ဘုရားသြားတဲ့သူေတြကို အမွတ္မရွိတဲ့သူေတြ ဆိုၿပီး ေဝဖန္ေနၾကတဲ့ သူေတြ ရွိသလို အားလပ္ရက္မွာ အပန္းေျဖၾကတဲ့ ျပည္သူေတြကို အျပစ္မတင္သင့္ဘူးလို႔ ဆိုၾကတဲ့ သူေတြလည္း ရွိေနၾကပါတယ္။ လူမႈကြန္ရက္ သုံးစြဲသူေတြအေနနဲ႔ အျမင္အမ်ိဳးမ်ိဳးကို ပြင့္ပြင့္လင္းလင္း ေျပာဆို ေဆြးေႏြးၾကၿပီး အျငင္းအခုံ မ်ားခဲ့တဲ့ ေန႔တေန႔လို႔လည္း ဆိုႏိုင္ပါတယ္။

ရန္ကုန္ၿမိဳ႕ရဲ႕ အခ်က္အခ်ာျဖစ္တဲ့ ေ႐ႊတိဂုံေစတီေတာ္ႀကီးရဲ႕ အနားပတ္ဝန္းက်င္မွာရွိတဲ့ ကန္ေတာင္မဂၤလာပန္းၿခံနဲ႔ ဟက္ပီးေဝါ အပန္းေျဖဥယ်ာဥ္ေတြမွာ တိုးမေပါက္ေအာင္ စည္ကားခဲ့ၿပီး ဘုရားပတ္လမ္းေတြမွာလည္း ကားလမ္းေၾကာင္း ပိတ္ဆို႔တဲ့အထိ ျဖစ္ခဲ့တယ္လို႔ သိရပါတယ္။ ျပည္သူ႔ရင္ျပင္ထဲမွာေတာ့ စကစက ျပဳလုပ္တဲ့ ေဈးေရာင္းပြဲမွာ ဒီေဂ် ေတးဂီတေတြနဲ႔ ကခုန္ေနၾကတဲ့ သူေတြ ရွိတယ္လို႔လည္း သိရပါတယ္။

ေပ်ာ္ပြဲ႐ႊင္ပြဲကို အလြန္ႏွစ္သက္တဲ့ ျမန္မာျပည္သူေတြဟာ ယခုလို အခါႀကီးရက္ႀကီးေတြမွာ ဒီလို လမ္းေတြ ပိတ္တဲ့အထိ ေပ်ာ္႐ႊင္ၾကတာဟာ လြန္ခဲ့တဲ့ ၁၀ ႏွစ္နီးပါးကတည္းက ျဖစ္ပါတယ္။ ကိုဗစ္နဲ႔ စစ္တပ္ အာဏာသိမ္းမႈေၾကာင့္ ပြဲလမ္းသဘင္ေတြ ေပ်ာက္ကြယ္ခဲ့ရၿပီး ပြဲငတ္ေနတဲ့ ျမန္မာျပည္သူတခ်ိဳ႕ဟာ ယခုလို အခ်ိန္မွာ စိတ္လြတ္ကိုယ္လြတ္ ေပ်ာ္တာကို မျပစ္မဆိုသာေပမယ့္ “ေညာင္သီးလည္းစား ေလးသံလည္း နားေထာင္” ဆိုတဲ့ စကားပုံလို အေပ်ာ္ကေန အပ်က္ ျဖစ္မသြားဖို႔ အေရး သတိထားသင့္ပါတယ္။

လူအမ်ားအျပား စုေဝးမႈေၾကာင့္ ပထမဆုံး သတိထားရမွာကေတာ့ ကိုဗစ္ကူးစက္မႈပဲ ျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာ ရန္ကုန္ၿမိဳ႕ေန လူအမ်ားအျပား ဖ်ားနာမႈေတြ ျဖစ္ေနၾကပါတယ္။ အဲဒါေၾကာင့္ လူထူထပ္တဲ့ေနရာေတြ သြားရင္ ကိုဗစ္ကို အထူး သတိထားရပါမယ္။ ေနာက္တခ်က္ကေတာ့ ခါးပိုက္ႏႈိက္နဲ႔ ခိုးဆိုးလုယက္ အဖြဲ႕‌ေတြ ျဖစ္ပါတယ္။ ယခုလို ကာလမွာ အျပင္ထြက္လည္ပတ္တဲ့သူ အမ်ားဆုံးက စက္႐ုံလုပ္သားလို အေျခခံ လူတန္းစားေတြ မ်ားျပားပါတယ္။ အဆိုပါလူေတြကို ဦးတည္ၿပီး လုယက္မယ့္ အဖြဲ႕ေတြကို အထူး သတိထားရမွာ ျဖစ္ပါတယ္။

ဒီကာလမွာ ဘယ္မွ မထြက္ဘဲ အိမ္ထဲ ေနေနတဲ့ သူေတြကိုလည္း က်န္းမာေရး ဂ႐ုစိုက္ၿပီး ကိုယ္လုပ္ေနတဲ့ အရာေတြကို စူးစူးစိုက္စိုက္ လုပ္ၾကဖို႔ တိုက္တြန္းလိုပါတယ္။ လူတခ်ိို႔က ရင္ထဲမွာ ရွိတဲ့ အပူေတြကို တဒဂၤ အေပ်ာ္ေတြနဲ႔ ၿငိမ္းေအးေအာင္ လုပ္ေနေပမယ့္လည္း ဒီေန႔ ကုန္လို႔ ေနာက္ေန႔ ေရာက္လာရင္ အပူေတြက ထပ္ေပၚလာဦးမွာပါပဲ။

လြတ္လပ္မႈ၊ တရားမွ်တမႈေတြ ဆိတ္သုဥ္းေနတဲ့ ေနရာမွာ ဘယ္လိုပဲ ေပ်ာ္ပြဲ႐ႊင္ပြဲေတြ ရွိရွိ လူေတြရဲ႕ စိတ္ႏွလုံးေတြကေတာ့ ညႇိဳးႏြမ္းေနဦးမွာပဲ ျဖစ္ပါတယ္။ ေခတ္ပ်က္ႀကီးထဲမွာ တဒဂၤထြက္ေပါက္ ရွာတဲ့သူေတြကို အျပစ္မတင္ရက္သလို ဦးတည္ရာ ရည္မွန္းခ်က္အတြက္ ႀကိဳးစားေနတဲ့သူေတြကိုလည္း ေအာင္ျမင္ပါေစလို႔ အားေပးလိုက္ရပါတယ္။

အတိတ္ေမ့လြယ္တဲ့သူေတြ၊ အေပ်ာ္ရွာခ်င္တဲ့သူေတြကို ေထြးပိုက္ၿပီး မက်က္ေသးတဲ့ ဒဏ္ရာေတြကို ကုစားရင္း မလြတ္ေျမာက္ေသးတဲ့ ရန္ကုန္ၿမိဳ႕ႀကီးကေတာ့ အေမွာင္ည တညကို ထပ္မံ ျဖတ္သန္းရဦးမွာပဲ ျဖစ္ပါေတာ့တယ္။ သီတင္းကြၽတ္ကာလမွာ ျမန္မာတျပည္လုံး ကပ္ေရာဂါေဘးကေန ကင္းစင္ၿပီး ျပည္သူေတြအားလုံး လြတ္လပ္ျခင္း၊ တရားမွ်တျခင္းေတြ ရရွိၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ ခင္ဗ်ာ။

Crd

Leave a Reply

Your email address will not be published. Required fields are marked *