ဒီမိုကရေစီရနေသလို ပျော်ပါးနေကြတဲ့လူတစ်စုကို ပြင်းထန်တဲ့စကားလုံးတွေနဲ့ ဆူလိုက်တဲ့ မင်းမော်ကွန်း
ပရိသတ်တိုင်း ချစ်ခင်ရတဲ့ ပြည်သူချစ်သရုပ်ဆောင် မင်းသားချော အကယ်ဒမီ မင်းမော်ကွန်း ကတော့ ဆယ်စုနှစ်တစခုကြာ ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးထားပြီးတော့
ယခင်အချိန်တည်းက ပရိသတ်အားပေးချစ်ခင်မှု့ကို အပြည့်အဝရရှိထားတဲ့ မင်းသားချောတစ်လက်ဖြစ်ပါတယ်။
အမှန်တရားအတွက် ပြည်သူတွေနဲ့အတူ ရပ်တည်ခဲ့တာကြောင့် စစ်ကောင်စီမှ ၅၀၅ က ဖြင့်တရားစွဲဆိုခံထားရပါတယ်။
ဒါကြောင့်လဲ ခက်ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေကို မိသားစုနဲ့အတူ အလျင်အမြန်တိမ်းရှောင်ခဲ့ရပါတယ်။
မင်းသား မင်းမော်ကွန်း ကတော့ စစ်ကောင်စီကိုနည်းမျိုးစုံနဲ့ တော်လှန်ဖို့ ကြိုးစားနေတာကို တွေ့ရပါတယ်နော်။
ဒါအပြင် တပ်ထောက်ခံနေတဲ့ အနုပညာရှင်တွေနဲ့ ပြည်သူတွေရဲ့ဒုက္ခကို မျက်ကွယ်ပြုပြီး အနုပညာလုပ်ငန်းတွေ ပြန်လည်လုပ်ကိုင်နေတဲ့ အနုပညာရှင်တွေနဲ့
စစ်တပ်ပိုင်ပစ္စည်းတွေကို ကြော်ငြာပေးနေတဲ့ နယ်ပယ်ပေါင်းစုံက မိတ်ဆွေဟောင်း အနုပညာရှင်တွေရဲ့ နာမည်တစ်ခုချင်းဆီကို bycotte လုပ်ဖို့တိုက်တွန်းနေပါသေးတယ်။
မင်းမော်ကွန်း ဟာ လက်ရှိမှာ လွတ်မြောက်နယ်မြေမှတစ်ဆင့် သြစတေးလျနိုင်ငံကို ရောက်ရှိနေပြီးတော့ တော်လှန်ရေးအတွက် ဆက်လက်ကြိုးစားနေပါတယ်။
ဒီလိုကြိုးစားနေရင်းက လွန်ခဲ့တဲ့ရက်ပိုင်းလောက်က နမိုးနီးယားရောဂါကို အပြင်းအထန်ခံစားခဲ့ရပြီး လက်ရှိအချိန်မှာ သက်သာပျောက်ကင်းသွားပြီလို့ ပရိသတ်တွေကို အသိပေးထားပါတယ်။
မင်းမော်ကွန်း ဟာ သီတင်းကျွတ်မှာ အလွန်အကျူးပျော်ရွှင်နေကြတဲ့ လူတွေကို အခုလိုပဲ လူမှု့ကွန်ယက်ပေါ်ကနေ အစဥ်အလာမပျက် ဆူလိုက်ပြန်ပါပြီ။
” ခင်များတို့ကွက်ပြီးဒီမိုကရေစီရနေပြီဆိုရင် ကျုပ်တို့တွေဘာမှစောက်ဖက်လုပ်နေဖို့ ဘာစောက်ကြောင်းမှမရှိလောက်ဘူးထင်တယ် လုပ်ပါပျော်ပါ
ပြီးမှ လီးစကားလာမပြောကြနဲ့ ဆဲတယ်မအေလိုးများ” လို့ မင်းမော်ကွန်း ရဲ့ လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။
Crd CeleOnly
ZAWGYI VERSION
Crd CeleOnly