သြစတေးလျနိုင်ငံမှာနေထိုင်ရင်း နမိုးနီးယားရောဂါခံစားနေရပြီး နှစ်ပတ်ကျော်ကြာနေမကောင်းဖြစ်ခဲ့ကြောင်းပြောလာတဲ့ မင်းမော်ကွန်း

Unicode

သြစတေးလျနိုင်ငံမှာနေထိုင်ရင်း နမိုးနီးယားရောဂါခံစားနေရပြီး နှစ်ပတ်ကျော်ကြာနေမကောင်းဖြစ်ခဲ့ကြောင်းပြောလာတဲ့ မင်းမော်ကွန်း

နိုင်ငံကျော် ပြည်သူချစ် သရုပ်ဆောင်၊ အဆိုတော်တစ်ယောက်ဖြစ်တဲ့ မင်းမော်ကွန်းကတော့ အသက်လေးဆယ်ကျော်အရွယ် လူလတ်ပိုင်းမင်းသားဖြစ်ပေမယ့် ပရိသတ်တွေရဲ့ အားပေးမှုကို မလျော့စတမ်းရရှိနေဆဲဖြစ်ပါတယ်။

မင်းမော်ကွန်းဟာ လက်ရှိမြန်မာနိုင်ငံစစ်အာဏာသိမ်းမှုဖြစ်စဉ်မှာလည်း ပြည်သူတွေနဲ့တစ်သားတည်းရပ်တည်ခဲ့သလို ပရိသတ်ပြည်သူတွေကလည်း ဓမ္မဘက်တော်သားကြီး မင်းမော်ကွန်းကို ချစ်ခင်လေးစားပြီး အမြဲတမ်းအားပေးနေကြတာပဲဖြစ်ပါတယ်။

လက်ရှိမှာတော့ မင်းမော်ကွန်းဟာ နိုင်ငံရေးခိုလှုံခွင့်နဲ့ သြစတေးလျနိုင်ငံမှာနေထိုင်ပြီး တော်လှန်ရေးအတွက်ထောက်ပို့တပ်သားအဖြစ် ဆောင်ရွက်နေဆဲဖြစ်ပါတယ်။

မင်းမော်ကွန်းဟာ လွန်ခဲ့တဲ့ရက်တွေက သြစတေးလျနိုင်ငံမှာနေထိုင်ရင်း နေမကောင်းဖြစ်ခဲ့ပြီး သူ့ရဲ့လက်ရှိကျန်းမာရေးအခြေအနေကို “၂ပါတ်ကျော်ဖျားတယ်။ ချောင်းဆိုးရင်တညလုံးအိပ်မရ အသံတွေပါဝင်တယ်။ နမိုးနီးယားပါ။

ကုသပေးတဲ့ဆရာရော စောင့်လျှောက်ပေးသူအကိုများရော ရင်ထဲကကျေးဇူးတင်နေပါတယ်။ ကျွန်တော်ပိုကိဆံတစ်ပြားမှအကူအညီမယူရလာရင်တောင် တော်လှန်ရေးကိုပဲ ချက်ချင်းလွဲလှူ certificate ချက်ချင်းပေး ဆိုတာသိတဲ့သူတချို့ကူကြတာ ကျေးဇူးအထူးပါခင်ဗျာ။

ကျွန်တော့်ကို Dental လုပ်ပေးခဲ့တဲ့ဆရာဆရာမ ကျေးဇူးပါခင်မျာ။ တော်လှန်ရေးကိုကူနေကြတာသိရတဲ့အတွက် ပိုပိုကျေးဇူးတင်လေးစားပါကြောင်း” ဆိုပြီး ပြောလာပါတယ်။

Crd

Zawgyi

သြစတေးလျနိုင်ငံမှာနေထိုင်ရင်း နမိုးနီးယားရောဂါခံစားနေရပြီး နှစ်ပတ်ကျော်ကြာနေမကောင်းဖြစ်ခဲ့ကြောင်းပြောလာတဲ့ မင်းမော်ကွန်း







Crd

Leave a Reply

Your email address will not be published. Required fields are marked *