သီတင်းကျွတ်ပွဲတော်ကာလက ထင်ဟပ်ပြနေတဲ့ မြန်မာ့စီးပွားရေးအခြေအနေနဲ့ အနာဂတ်
ဗုဒ္ဓဘာသာ မြန်မာတို့ရဲ့ သီတင်းကျွတ်ပွဲတော်သည် ဘာသာရေးရှုထောင့်၊ ယဉ်ကျေးမှုရှုထောင့်က ကြည့်လျှင် မြတ်နိုးစရာ ဓလေ့ထုံးတမ်းစဉ်လာ တစ်ခုဖြစ်သည်။ နှစ်စဉ်မပျက်မကွက် လူကြီးမိဘ၊ ဆရာသမား၊ ကျေးဇူးရှိသူများကို ကန်တော့ကြ၊ ဘာသာရေးအရ လျူကြတန်းကြဆိုတော့ ယခုရက်ပိုင်း စားသောက်ကုန်၊ လူသုံးကုန်များ ပုံမှန်ထက် အရောင်းဝယ်တွေပိုကောင်း၊ ပိုစည်ကားလို့နေပါတယ်။
မနေ့က ရှော့ပင်းစင်တာတခုရောက်တော့ ရှိသမျှမုန့်ဆိုင်တွေမှာ တန်းစီပြီးငွေရှင်းနေကြတာ တွေ့တယ်။ ထိုင်စားရတဲ့ဆိုင်တွေမှာလည်း စားသောက်နေသူတွေက ဝိုင်းအလွတ် နေရာအလွတ်ကို မရှိသလောက်ပဲ တွေ့တယ်။ အခြားနေရာတွေမှာတော့ ဘယ်လိုအခြေနေရှိလဲ မသိပါဘူး။ သီတင်းကျွတ်မီးထွန်းပွဲတော်ကြောင့် ကန်တော့ဖို့ ဝယ်ကြချမ်းကြ၊ မုန့်ဘိုးပြန်ပေးကြ၊ ခရီးထွက်ကြနဲ့ စီးပွါးရေးရှုထောင့်က ကြည့်လျင်လည်း အရောင်းအဝယ်ကောင်းပြီး ငွေလည်ပတ်မှုဖြစ်သွားတယ် ပြောရမယ်။
ကျမတို့ဝန်ထမ်းတွေက နှစ်စဉ်ထုံးစံအတိုင်း တစ်ယောက်ငါးထောင်စုပြီး ပစ္စည်းတွေဝယ်ကန်တော့ကြတယ်။ ကျမတို့က တစ်ယောက်ငါးသောင်း မုန့်ဘိုးပြန်ပေးတယ်။ တခြားလုပ်ငန်းတွေလည်း ဒီလိုပဲနေမှာပါပဲ။ သူ့အထွာနဲ့သူ၊ သူ့ပုံစံနဲ့သူ မိမိဝန်ထမ်းတွေကို ပံ့ပိုးကြမှာပါ။
ရန်ကုန်မြို့ရဲ့ ဝင်ထွက်ပေါက်လမ်းမကြီးတွေမှာ ကားတန်းရှည်ကြီးတွေနဲ့ အသွားအလာအတော်များတာလည်းတွေ့ပါတယ်။ နာရီနဲ့ချီပြီး အကြာကြီးစောင့်ရတယ်လည်း ပြောကြတယ်။ အဲလောက်ထိ ကားအသွားအလာများတာလား၊ တခြားဘာကြောင့်လဲတော့ မသိပါ။
ဟော်တယ်တွေလည်း ဘွတ်ကင် အပြည့်ရကြတယ်ဆိုတော့ မြန်မာ့စီးပွါးရေးက ထင်သလောက် အခြေနေသိပ်မဆိုးဘူးပြောရမလား။ ပွဲတော်ပြီးတာနဲ့ အရောင်းဝယ်တွေ ပြန်ပါးသွားမလားလဲ စဉ်းစားမိပါတယ်။ ဖွင့်ရက်အချိန်မီ အလုပ်ပြန်ဝင်ကြဖို့လည်း လိုပါတယ်။
ပြည်သူတွေသုံးစွဲခြင်း(household spending)ကြောင့် ပိုက်ဆံက လုပ်ငန်းတွေဆီရောက်ပြီး လုပ်ငန်းတွေကောင်းတဲ့ ဥပမာပါပဲ။ ပိုက်ဆံကို အိပ်ခိုင်းထားလို့ စီးပွါးမတက်ပါဘူး။ ပိုက်ဆံကို စီးပွားရေး စနစ် (economy) ထဲမှာ အကြိမ်ရေများများလည်အောင် လုပ်ပေးမှ စီးပွါးတက်မှာပါ။
လုပ်ငန်းတွေရဲ့ ရင်းနှီးမြှုပ်နှံမှု (investment spending) တွေဖြစ်မှ အလုပ်သစ်တွေ ပေါ်ပေါက်လာမှု (job creation) ဖြစ်ပြီး ပြည်သူ (households) များလည်း ဝင်ငွေပြန်ရနဲ့ လည်ပတ်မှုကောင်းလာပြီး ကုန်ထုတ်လုပ်မှုတွေ တက်လာမှာပါ။ သို့သော် စျေးအတက်အကျလှိုင်းများကြောင့် ဆူလွယ်နပ်လွယ်တဲ့ ငွေဖြစ်လွယ် ပစ္စည်း (liquid assets) တွေကို ကစားတာက ပိုအဆင်ပြေနေကြသလိုပါပဲ။
ရေရှည်လုပ်ရမယ့် ရင်းနှီးမြှုပ်နှံမှု (investment) တွေကလည်း တည်ငြိမ်မှုမရှိလျှင်၊ မသေချာမရေရာလျှင် အများစုက မလုပ်ချင်ကြပါဘူး။ အများမလုပ်ချင်တဲ့အချိန်မှာ တချို့သူတွေအတွက်တော့ လုပ်ကိုင်ဖို့ အခွင့်အခါကောင်းဖြစ်ချင်လည်း ဖြစ်နေမှာပါ။
အဆင်ပြေနေတဲ့လုပ်ငန်းများ၊ speculation မှ အမြတ်ရနေသူများကို တတ်နိုင်သလောက် လူမှုစောင့်ရှောက်ရေး (CSR social responsibility) ပိုယူပါလို့လည်း တိုက်တွန်းပါတယ်။ မင်္ဂလာရှိသော သီတင်းကျွတ်အချိန်အခါမှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။ (Thinn Thinn Nwe)
Unicode

Credit