တော်လှန်ရေးဟာ ကိုယ်နဲ့မဆိုင်သလို နေထိုင်နေကြတဲ့သူတွေကို မေတ္တာရပ်ခံလိုက်တဲ့ ကိုပေါက်
ပရိသတ်ကြီးရေ ဒါရိုက်တာ ကိုပေါက် ကတော့ ပရိသတ်တွေနဲ့မစိမ်းတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။ လူတိုင်းကချစ်ခင်ကြရတဲ့ ကိုပေါက်ကြီးကတော့
ဇာတ်ကားတွေမှာ ကျရာဇာတ်ရုပ်ကို အကောင်းဆုံး အပိုင်နိုင်ဆုံး သရုပ်ဆောင်နိုင်တဲ့အပြင် ဇာတ်ကားတွေကိုလဲ ဖန်တီးရိုက်ကူးနိုင်တဲ့ ဒါရိုက်တာ
တစ်ဦးလဲဖြစ်တာကြောင့် ပရိသတ်ချစ်ခင်အားပေးမှု့များစွာကို ရရှိထားသူကြီးတစ်ဦးလဲဖြစ်ပါတယ်နော်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေတွေနဲ့ ပတ်သတ်ပြီး
အမှန်တရားကိုချစ်မြတ်နိုးသူပီပီ ပြည်သူတွေဘက်နေ ပြတ်ပြတ်သားသားရပ်တည်ခဲ့တဲ့ အနုပညာရှင်တစ်ဦးလဲဖြစ်ပါတယ်။ ကိုပေါက် ဟာ အခုချိန်ထိ တော်လှန်ရေးဟာ
ကိုယ်နဲ့မဆိုင်သလို နေထိုင်နေကြတဲ့ အနုပညာရှင်တွေကို မေတ္တာရပ်ခံလိုက်ပါတယ်။ ” ပြည်သူကျွေးတဲ့ ထမင်းကိုစား ပြည်သူအားပေးလို့ နေရာရလာတဲ့ အနုပညာရှင်များကို
သတင်းစကားလေးပါးချင်ပါတယ်။ ချစ်လို့ ခင်လို့ ပြောတာနော်။ အထူးသဖြင့် ခင်ဗျားတို့ကို အားပေးနေတဲ့ ပြည်သူတွေ၊ အထူးသဖြင့် ခင်ဗျားတို့ရဲ့ ဇာတ်ကားတွေကို
ငှါးကြည့်၊ဝယ်ကြည့်၊ရုပ်ရှင်ရုံထဲအထိ ရောက်အောင်အားပေး၊ခင်ဗျားတို့ကိုထိရင် မခံဘဲ ပြန်ကာဘာလုပ်ပေး၊ ခင်ဗျားတို့ရဲ့ကောင်းသတင်းတွေ တဆင့်စကားတဆင့်နားကြားအောင် သယ်ဆောင်ပေးခဲ့တဲ့
သူတွေ အခု အာဏာရှင်က သတ်နေတာနော်။ အများကြီးပဲ။ ခင်ဗျားတို့ရဲ့ ညီအရွယ် ညီမအရွယ် သားသမီးအရွယ် ဦးလေးအရွယ် အဖိုးအဖွားအရွယ် အားလုံးကိုသတ်နေတာနော်။ဒါကို သိသလား။
မသိချင်ဟန်ဆောင်နေတာလား။ ခင်ဗျားတို့တွေပါးစပ်က ကျေးဇူးရှင်တွေ ကျေးဇူးရှင်တွေလို့ ခဏခဏ ပြောတာ ကျနော်ကြားခဲ့ရတယ်။ တကယ် ကျေးဇူးရှင်လို့သတ်မှတ်ခဲ့တာလား။ စားကောင်းရုံ
ကြားကောင်းရုံ ပြောခဲ့တာလား။ ခင်ဗျားတို့အစား ကျနော် ပြည်သူကိုအားနာတယ်။ ခင်ဗျားတို့ကိုလည်း ကျနော် ချစ်တယ်ခင်တယ်။ ပြီးတော့ သံယောဇဉ်မပြတ်သေးဘူး။ ဒါက အနုပညာသမားဆိုတဲ့ခေါင်းစဉ်နဲ့
ဖြစ်တဲ့ ချစ်ခြင်းတရားပါ။ အဲ့ဒီတော့ ပြောချင်တာက တော်လှန်ရေးကို ဆက်မပါနိုင်တော့ လို့လည်း ကျနော်တို့ အပြစ်မပြောဘူး။ ရှေ့မထွက်ကြလို့လည်း ဖောင်းထုတဲ့အထဲ ကျနော်မပါခဲ့ဘူး။
အဆင်ပြေသလိုနေပါ။ ရပါတယ်။ ဟီးဟီးဟားဟား သာသာယာယာလေးတွေ နေချင်သပ ဆိုရင်လည်း ကိုယ့်လူနဲ့ကိုယ် အိမ်ထဲမှာ နေလို့ရပါတယ်။ ဘယ်သူမှ မသိဘူးပေါ့။ ဘုရားဖူး သွားချင်လည်းသွားပါ။
ဘားထိုင် ကလပ် သွားချင်လည်းသွားပါ ရပါတယ်။ ဒါပေမယ့် online ပေါ်ကနေတော့ အရွဲ့မတိုက်ကြပါနဲ့လို့ ပြောချင်တာပါ။ တိတ်တိတ်နေခြင်းဖြင့် တော်လှန်ရေးကိုထောက်ခံပေးပါ။တောထဲမှာရော
မြို့ပေါ်မှာပါ အသက် အိုးအိမ် ခြေလက်အင်္ဂါစွန့်ပြီး တော်လှန်ရေးအောင်ဖို့ ကြိုးစားနေသူတွေရင်ထဲကို ခဏလောက် အလည်လာပြီး ကိုယ်ချင်စာစိတ်နဲ့ငါဆိုရင်ဘယ်လိုနေမလဲလို့ ခဏလေးပဲဝင်ကြည့်ပေးဖို့
ဖိတ်ခေါ်ချင်တယ်။ အထူးသဖြင့် လူစိတ် ရှ်ိဖို့ပါ။ ကျနော် အဆင်ပြေပါတယ်ခင်ဗျားတို့အဆင်မပြေမှာပဲ စိုးတာ”လို့ ကိုပေါက် ဟာ သူ့ရဲ့လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားပါတယ်။
Crd