စစ်သားနှင့်ရဲများ ဖမ်းမိသည့်သူခိုး ၁ ဦး လက်ထိပ်တန်းလန်းဖြင့် ထွက်ပြေး

ဧရာဝတီတိုင်းမ်

အောက်တိုဘာလ

ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့တွင် ညဘက်၌ ပစ္စည်းများလိုက်လံခိုးယူနေသည့် သူခိုး ၁ ဦးအား စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သားနှင့် ရဲများက အောက်တိုဘာလ ၅ ရက်နေ့ညပိုင်းက ဖမ်းဆီးရမိခဲ့ပြီးနောက် အဆိုပါသူခိုးမှာ ရဲများအလစ်တွင် လက်ထိပ်တန်းလန်းဖြင့် ထွက်ပြေးသွားခဲ့ကြောင်း သတင်းရရှိသည်။

ကျောင်းကုန်းမြို့အဝင်တွင် ဂိတ်ချ၍စစ်ဆေးရေးပြုလုပ်နေသည့် စစ်ကောင်စီတပ်သားနှင့်ရဲများက အောက်တိုဘာ ၅ ရက် ညပိုင်းတွင် သူခိုး ၁ ဦးအား ဖမ်းမိပြီးနောက် လက်ထိပ်ခတ်၍ ထိမ်းသိမ်းထားစဉ် ၎င်းတို့အလစ်၌ လက်ထိပ်တန်းလန်းဖြင့် ထွက်ပြေးသွားခြင်းဖြစ်ကြောင်း မြို့ခံများထံက သိရသည်။

‘‘သူတို့က (စစ်သားနဲ့ရဲတွေ) ညဘက်မှာ မီးကြိုးတွေဖြတ်ခိုးနေတဲ့ သူခိုးတစ်ယောက်ကို မိတာ။ လက်ထိပ်ခတ်ပြီး ထိမ်းသိမ်းထားတုန်း အလစ်မှာ သူခိုးက လက်ထိပ်တန်းလန်းနဲ့ကို ထွက်ပြေးတာ။ လိုက်ဖမ်းတာ မမိလိုက်ဘဲ လွတ်သွားတယ်’’ ဟု ကျောင်းကုန်းမြို့မှ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ကုန်ဈေးနှုန်းများတက်၍ စီးပွားရေးကြပ်တည်းလာခြင်း၊ တရားဥပဒေစိုးမိုးမှု မရှိခြင်းတို့ကြောင့် ကျောင်းကုန်းမြို့တွင် ခိုးဖွက်မှုများ ပိုမိုဖြစ်ပွားနေပြီး စစ်တပ်နှင့်ရဲများက သေနတ်များပစ်ဖောက်၍ ခြောက်လှန့်နေရကြောင်း သိရသည်။

‘‘အခုက လူတွေက စားစရာမရှိ၊ ငတ်ကုန်ကြတော့ ခိုးကြဖွက်ကြတာတွေ အရမ်းများလာတယ်။ လစ်တာနဲ့ အကုန်ခိုးတာ။ မီးပြတ်ချိန်ဆို မီးကြိုးတွေပါ ဖြတ်ခိုးနေတာ။ ညဘက် သူခိုးတွေသောင်းကျန်းလို့ ဂိတ်က စစ်သားနဲ့ရဲတွေက သေနတ်ဖောက်ပြီး ခြောက်လှန့်တာတွေတောင် လုပ်နေရတယ်’’ဟု ကျောင်းကုန်းမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

ဧရာဝတီတိုင်းတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြို့နယ်အများအပြား၌ ခိုးဖွက်မှု၊ လုယက်မှု၊ အနုကြမ်းစီးမှုနှင့် ဓားပြတိုက်မှုများ မကြာခဏဖြစ်ပွားနေပြီး ရဲတပ်ဖွဲ့ကို အားကိုးသဖြင့် တိုင်ကြားသူများ ရှိသလို စစ်ကောင်စီအပေါ် အယုံအကြည်မရှိသဖြင့် တိုင်တန်းခြင်းမပြုသူများလည်း အများအပြားရှိနေကြောင်း ဒေသခံများထံက သိရသည်။

crd

Leave a Reply

Your email address will not be published. Required fields are marked *