CDM သူနာပြုဆရာမတစ်ဦး ထိုင်းနိုင်ငံသို့ နယ်စပ်ဖြတ် ကျော်သွားစဉ်

CDM သူနာပြုဆရာမတစ်ဦး ထိုင်းနိုင်ငံသို့ နယ်စပ်ဖြတ် ကျော်သွားရောက်စဉ် ရဲတပ်ဖွဲ့ကဖမ်းဆီး၍ ချောင်းအတွင်း ခုန်ချအဆုံးစီရင်

အိုက်မောင်/People’s Spring


ကရင်ပြည််နယ်မှ CDM သူနာပြုဆရာမတစ်ဦးသည် ထိုင်းနိုင်ငံသို့ နယ်စပ်ဖြတ်ကျော်ပြီး အောက်လမ်းမှ သွားရောက်စဉ် ထိုင်းရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးမှုကြုံတွေ့၍ ချောင်းအတွင်း ခုန်ချအဆုံးစီရင်မှုပြုလုပ်ခဲ့သည်။

သူငယ်ချင်းများက အနောဟု ချစ်စနိုးခေါ်ကြသည့် CDM သူနာပြုဆရာမ မသိင်္ဂီသည် အောက်တိုဘာ ၇ ရက်တွင် ထိုင်းနိုင်ငံ၌ အထက်ပါအတိုင်း ဖြစ်ရပ်မျိုးကြုံတွေ့၍ အဆုံးစီရင်သွားခြင်းဟု ဘားအံမြို့ခံတစ်ဦးက ပြောသည်။


“ဆရာမသိင်္ဂီက CDM ကိုတောင့်ခံပြီး နေခဲ့တာ။ သူ့ယောင်္ကျားနဲ့အတူ ထိုင်းမှာ အလုပ်သွားလုပ်ရင်း ပုလိပ်(ထိုင်းရဲ) လိုက်ဖမ်းလို့ ထွက်ပြေးရင်း ချောင်းထဲ ခုန်ချသွားတာ”ဟု ဆရာမသိင်္ဂီ၏ သူငယ်ချင်းတစ်ဦးက ပြောသည်။

ဆရာမသိင်္ဂီနှင့် သူမ၏ အမျိုးသားသည် ထိုင်းရဲတပ်ဖွဲ့က လိုက်ဖမ်း၍ နှစ်ဦးစလုံးထွက်ပြေးစဥ် ဆရာမသိင်္ဂီက ချောင်းအတွင်းခုန်ချသွားခဲ့ခြင်းဟု သိရသည်။ ကွယ်လွန်ချိန်တွင် အသက် ၂၅ နှစ်ခန့်သာ ရှိသေးသည်။ ဇာတိမြေတွင် ၎င်း၏ ကလေးငယ်တစ်ဦးလည်း ကျန်ရစ်ခဲ့သည်ဟု ဆိုသည်။

“အာဏာရူးတွေကိုလည်းမုန်းတယ်။ နင်တို့တွေကြောင့် ဒီလိုဖြစ်ရတာ။ငါ့သူငယ်ချင်းတွေ ဒုက္ခရောက်နေတာမြင်လေ ပိုနာကျည်းလေပဲ။ ပညာတတ်တွေ သူများနိုင်ငံ ခိုးဝင်ကြရ၊အောက်ခြေသိမ်း အလုပ် လုပ်ကြရ၊အနာဂတ်ပျောက်ရ ၊ ဘဝပျက်ကြရနဲ့”ဟု ဆရာမသိင်္ဂီ၏ သူငယ်ချင်းတစ်ဦးက လူမှုကွန်ရက်တွင် ရေးသားထားသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် စီးပွားရေးကျဆင်းမှု၊အလုပ်အကိုင်အခွင့်အလမ်းရှားပါးလာမှုများကြောင့် လူငယ်အများအပြားမှာ ပြည်ပနိုင်ငံများသို့ အလုပ်သွားရောက်လုပ်ကိုင်မှု စံချိန်တင် များပြားနေသည်။ အိမ်နီးချင်း ထိုင်းနိုင်ငံသို့ တရားမဝင် သွားရောက်ကြသည့် မြန်မာများ မကြားခဏအဖမ်းခံရသလို လမ်းခုလတ်တွင် ယာဉ်တိမ်းမှောက်၍ သေဆုံးသည့် ဖြစ်ရပ်များလည်း မကြာခဏ ဖြစ်ပေါ်နေသည်။

CDM သူနာျပဳဆရာမတစ္ဦး ထိုင္းနိုင္ငံသို႔ နယ္စပ္ျဖတ္ ေက်ာ္သြားေရာက္စဥ္ ရဲတပ္ဖြဲ႕ကဖမ္းဆီး၍ ေခ်ာင္းအတြင္း ခုန္ခ်အဆုံးစီရင္

အိုက္ေမာင္/People’s Spring

ကရင္ျပည္္နယ္မွ CDM သူနာျပဳဆရာမတစ္ဦးသည္ ထိုင္းနိုင္ငံသို႔ နယ္စပ္ျဖတ္ေက်ာ္ၿပီး ေအာက္လမ္းမွ သြားေရာက္စဥ္ ထိုင္းရဲတပ္ဖြဲ႕က လိုက္လံဖမ္းဆီးမႈၾကဳံေတြ႕၍ ေခ်ာင္းအတြင္း ခုန္ခ်အဆုံးစီရင္မႈျပဳလုပ္ခဲ့သည္။


သူငယ္ခ်င္းမ်ားက အေနာဟု ခ်စ္စနိုးေခၚၾကသည့္ CDM သူနာျပဳဆရာမ မသိဂႌသည္ ေအာက္တိုဘာ ၇ ရက္တြင္ ထိုင္းနိုင္ငံ၌ အထက္ပါအတိုင္း ျဖစ္ရပ္မ်ိဳးၾကဳံေတြ႕၍ အဆုံးစီရင္သြားျခင္းဟု ဘားအံၿမိဳ႕ခံတစ္ဦးက ေျပာသည္။

“ဆရာမသိဂႌက CDM ကိုေတာင့္ခံၿပီး ေနခဲ့တာ။ သူ႔ေယာကၤ်ားနဲ႔အတူ ထိုင္းမွာ အလုပ္သြားလုပ္ရင္း ပုလိပ္(ထိုင္းရဲ) လိုက္ဖမ္းလို႔ ထြက္ေျပးရင္း ေခ်ာင္းထဲ ခုန္ခ်သြားတာ”ဟု ဆရာမသိဂႌ၏ သူငယ္ခ်င္းတစ္ဦးက ေျပာသည္။

ဆရာမသိဂႌႏွင့္ သူမ၏ အမ်ိဳးသားသည္ ထိုင္းရဲတပ္ဖြဲ႕က လိုက္ဖမ္း၍ ႏွစ္ဦးစလုံးထြက္ေျပးစဥ္ ဆရာမသိဂႌက ေခ်ာင္းအတြင္းခုန္ခ်သြားခဲ့ျခင္းဟု သိရသည္။ ကြယ္လြန္ခ်ိန္တြင္ အသက္ ၂၅ ႏွစ္ခန္႔သာ ရွိေသးသည္။ ဇာတိေျမတြင္ ၎၏ ကေလးငယ္တစ္ဦးလည္း က်န္ရစ္ခဲ့သည္ဟု ဆိုသည္။


“အာဏာ႐ူးေတြကိုလည္းမုန္းတယ္။ နင္တို႔ေတြေၾကာင့္ ဒီလိုျဖစ္ရတာ။ငါ့သူငယ္ခ်င္းေတြ ဒုကၡေရာက္ေနတာျမင္ေလ ပိုနာက်ည္းေလပဲ။ ပညာတတ္ေတြ သူမ်ားနိုင္ငံ ခိုးဝင္ၾကရ၊ေအာက္ေျခသိမ္း အလုပ္ လုပ္ၾကရ၊အနာဂတ္ေပ်ာက္ရ ၊ ဘဝပ်က္ၾကရနဲ႔”ဟု ဆရာမသိဂႌ၏ သူငယ္ခ်င္းတစ္ဦးက လူမႈကြန္ရက္တြင္ ေရးသားထားသည္။

စစ္တပ္အာဏာသိမ္းၿပီးေနာက္ စီးပြားေရးက်ဆင္းမႈ၊အလုပ္အကိုင္အခြင့္အလမ္းရွားပါးလာမႈမ်ားေၾကာင့္ လူငယ္အမ်ားအျပားမွာ ျပည္ပနိုင္ငံမ်ားသို႔ အလုပ္သြားေရာက္လုပ္ကိုင္မႈ စံခ်ိန္တင္ မ်ားျပားေနသည္။ အိမ္နီးခ်င္း ထိုင္းနိုင္ငံသို႔ တရားမဝင္ သြားေရာက္ၾကသည့္ ျမန္မာမ်ား မၾကားခဏအဖမ္းခံရသလို လမ္းခုလတ္တြင္ ယာဥ္တိမ္းေမွာက္၍ ေသဆုံးသည့္ ျဖစ္ရပ္မ်ားလည္း မၾကာခဏ ျဖစ္ေပၚေနသည္။

crd

Leave a Reply

Your email address will not be published. Required fields are marked *