ရဟန္းေတာ္တို႔ မိဘကို ရွိခိုးေကာင္းပါသလား..?

ရဟန္းေတာ္တို႔ မိဘကို ရွိခိုးေကာင္းပါသလား..?

ရဟန္းေတာ္ေတြ ရွိခိုးေကာင္းတဲ့ ပုဂၢိဳလ္(၃) ဦးရွိပါတယ္။ အဲဒီ (၃) ဦးကေတာ့…

၁။ ျမတ္စြာဘုရား၊

၂။ မိမိထက္ သိကၡာဝါေတာ္ ႀကီးေတာ္မူေသာရဟန္း၊

၃။ မိမိႏွင့္ မတည့္ေသာ္လည္း ဓမၼဝါဒီျဖစ္သည့္ သိကၡာဝါေတာ္ ႀကီးေတာ္မူေသာရဟန္း၊

{ ဘုရားရွင္၏ အယူဝါဒႏွင့္ ဆန္႔က်င္သည့္ အဓမၼဝါဒီတို႔ကို မိမိထက္ သိကၡာဝါေတာ္ ႀကီးေသာ္လည္း ရွိမခိုးေကာင္းပါ။ }

ဒီသုံးဦးကိုသာ ရဟန္းေတာ္မ်ားအေနနဲ႔ ရွိခိုးေကာင္းပါသည္။ ရွိခိုးထိုက္ပါသည္။

ရဟန္းေတာ္ေတြ ရွိမခိုးေကာင္းေသာ အဝႏၵိယပုဂၢိဳလ္ (၂၅) ဦး….


၁။ ၿမိဳ႕ထဲ႐ြာထဲ ဝင္ေနေသာရဟန္း၊

၂။ လမ္းမွာေရာက္ေနေသာ ရဟန္း၊

၃။ အေမွာင္ထဲတြင္ ေရာက္ေနေသာ ရဟန္း၊

၄။ ရွိခိုးေနသည္ကို ျမင္လွ်က္အေလးမျပဳ ဂ႐ုမစိုက္ေသာရဟန္း၊

၅။ အိပ္ေပ်ာ္ေနေသာရဟန္း၊

၆။ ယာဂုေသာက္ေနရာတြင္ ေရာက္ေနေသာရဟန္း၊

၇။ ဆြမ္းယူရာေနရာတြင္ ေရာက္ေနေသာရဟန္း၊

၈။ တဖက္ရန္သူရွိရာကို သြားေနေသာရဟန္း၊

၉။ အာ႐ုံတစ္ပါး စိတ္ေရာက္ေနေသာရဟန္း၊

၁၀။ အဝတ္ဗလာ ကိုယ္တုံးလုံးျဖစ္ေနေသာရဟန္း၊

၁၁။ အခ်ိဳပြဲစသည့္ ခဲဖြယ္ကို ဘုဥ္းေပးေနေသာရဟန္း၊

၁၂။ ဆြမ္းေဘာစဥ္ကို ဘုန္းေပးေနေသာရဟန္း၊


၁၃။ က်င္ႀကီးစြန္႔ {ကုဋိတက္} ေနေသာရဟန္း၊

၁၄။ က်င္ငယ္စြန္႔ေနေသာ ရဟန္း၊

၁၅။ သံဃာ့ေဘာင္မွ ႏွင္ထုတ္ထားသည့္ ဥကၡိတၱက ရဟန္း၊

၁၆။ မိမိထက္ သိကၡာဝါေတာ္ငယ္သည့္ သီတင္းငယ္ရဟန္း၊

၁၇။ လူ သာမေဏ၊

၁၈။ အဓမၼဝါဒီျဖစ္ေနသည့္ရဟန္း {အဓမၼဝါဒီရဟန္းကို မိမိထက္ သိကၡာဝါေတာ္ႀကီးလည္း ရွိမခိုးထိုက္}၊

၁၉။ မာတုဂါမ၊

၂၀။ နပုံး ပ႑ဳက္၊

၂၁။ ပရိဝါသ္ေဆာက္တည္ေနေသာရဟန္း၊

၂၂။ အရင္းသို႔ ငင္ထိုက္ေသာရဟန္း၊

၂၃။ မာနတ္က်င့္ထိုက္ေသာရဟန္း၊

၂၄။ မာနတ္က်င့္ဆဲေသာ ရဟန္း၊


၂၅။ အဗာၻန္သြင္းထိုက္ေသာ ရဟန္းဟူ၍ သံဃာေတာ္မ်ား ရွိမခိုးေကာင္းသည့္ “အဝႏၵိယပုဂၢိဳလ္” (၂၅)ဦး ရွိပါတယ္။

ထိုရွိမခိုးေကာင္းသည့္ “အဝႏၵိယပုဂၢိဳလ္” (၂၅) ဦးတြင္ အမွတ္စဥ္ (၁၅)မွ (၂၅)အထိ ပုဂၢိဳလ္တို႔ကို ရွိခိုးရင္ “အာပတ္” သင့္ပါတယ္။

မိဘ ဆရာသမားတို႔ဟာ ရွိမခိုးေကာင္းတဲ့ စာရင္းထဲမွာ ပါေနတဲ့အတြက္ လုံးဝရွိမခိုးေကာင္း ရွိမခိုးထိုက္ပါဘူး။

ရဟန္းေတာ္မ်ား မိဘကို လုပ္ေကြၽးျပဳစုထိုက္ပါသည္။ ျပဳစုလုပ္ေကြၽးေကာင္းပါတယ္။

ေဖာ္ျပပါ ရွိမခိုးေကာင္းတဲ့ပုဂၢိဳလ္ (၂၅) ဦးဟာ ရဟန္းအခ်င္းခ်င္း ရွိမခိုးေကာင္းတဲ့ ပုဂၢိဳလ္မ်ားသာျဖစ္ၿပီး “လူပုဂၢိဳလ္မ်ား ဒကာ ဒကာမမ်ားႏွင့္ မသက္ဆိုင္ပါ”။

က်မ္းၫႊန္း။ ။စူဠဝါပါဠိေတာ္ျမန္မာျပန္ (စာမ်က္ႏွာ၊၃၁၆၊ ၃၁၇။)

ပရိဝါပါဠိေတာ္ျမန္မာျပန္ (စာမ်က္ႏွာ၊ ၄၇၃၊၄၇၄။)တို႔ကို ၾကည့္ရႈေတာ္မူၾကပါဘုရား။


credit to orginal

unicode

ရဟန်းတော်တို့ မိဘကို ရှိခိုးကောင်းပါသလား..?

ရဟန်းတော်တွေ ရှိခိုးကောင်းတဲ့ ပုဂ္ဂိုလ်(၃) ဦးရှိပါတယ်။ အဲဒီ (၃) ဦးကတော့…

၁။ မြတ်စွာဘုရား၊

၂။ မိမိထက် သိက္ခာဝါတော် ကြီးတော်မူသောရဟန်း၊

၃။ မိမိနှင့် မတည့်သော်လည်း ဓမ္မဝါဒီဖြစ်သည့် သိက္ခာဝါတော် ကြီးတော်မူသောရဟန်း၊

{ ဘုရားရှင်၏ အယူဝါဒနှင့် ဆန့်ကျင်သည့် အဓမ္မဝါဒီတို့ကို မိမိထက် သိက္ခာဝါတော် ကြီးသော်လည်း ရှိမခိုးကောင်းပါ။ }

ဒီသုံးဦးကိုသာ ရဟန်းတော်များအနေနဲ့ ရှိခိုးကောင်းပါသည်။ ရှိခိုးထိုက်ပါသည်။

ရဟန်းတော်တွေ ရှိမခိုးကောင်းသော အဝန္ဒိယပုဂ္ဂိုလ် (၂၅) ဦး….

၁။ မြို့ထဲရွာထဲ ဝင်နေသောရဟန်း၊

၂။ လမ်းမှာရောက်နေသော ရဟန်း၊

၃။ အမှောင်ထဲတွင် ရောက်နေသော ရဟန်း၊

၄။ ရှိခိုးနေသည်ကို မြင်လျှက်အလေးမပြု ဂရုမစိုက်သောရဟန်း၊

၅။ အိပ်ပျော်နေသောရဟန်း၊

၆။ ယာဂုသောက်နေရာတွင် ရောက်နေသောရဟန်း၊

၇။ ဆွမ်းယူရာနေရာတွင် ရောက်နေသောရဟန်း၊


၈။ တဖက်ရန်သူရှိရာကို သွားနေသောရဟန်း၊

၉။ အာရုံတစ်ပါး စိတ်ရောက်နေသောရဟန်း၊

၁၀။ အဝတ်ဗလာ ကိုယ်တုံးလုံးဖြစ်နေသောရဟန်း၊

၁၁။ အချိုပွဲစသည့် ခဲဖွယ်ကို ဘုဉ်းပေးနေသောရဟန်း၊

၁၂။ ဆွမ်းဘောစဉ်ကို ဘုန်းပေးနေသောရဟန်း၊

၁၃။ ကျင်ကြီးစွန့် {ကုဋိတက်} နေသောရဟန်း၊

၁၄။ ကျင်ငယ်စွန့်နေသော ရဟန်း၊

၁၅။ သံဃာ့ဘောင်မှ နှင်ထုတ်ထားသည့် ဥက္ခိတ္တက ရဟန်း၊

၁၆။ မိမိထက် သိက္ခာဝါတော်ငယ်သည့် သီတင်းငယ်ရဟန်း၊

၁၇။ လူ သာမဏေ၊

၁၈။ အဓမ္မဝါဒီဖြစ်နေသည့်ရဟန်း {အဓမ္မဝါဒီရဟန်းကို မိမိထက် သိက္ခာဝါတော်ကြီးလည်း ရှိမခိုးထိုက်}၊

၁၉။ မာတုဂါမ၊


၂၀။ နပုံး ပဏ္ဍုက်၊

၂၁။ ပရိဝါသ်ဆောက်တည်နေသောရဟန်း၊

၂၂။ အရင်းသို့ ငင်ထိုက်သောရဟန်း၊

၂၃။ မာနတ်ကျင့်ထိုက်သောရဟန်း၊

၂၄။ မာနတ်ကျင့်ဆဲသော ရဟန်း၊

၂၅။ အဗ္ဘာန်သွင်းထိုက်သော ရဟန်းဟူ၍ သံဃာတော်များ ရှိမခိုးကောင်းသည့် “အဝန္ဒိယပုဂ္ဂိုလ်” (၂၅)ဦး ရှိပါတယ်။

ထိုရှိမခိုးကောင်းသည့် “အဝန္ဒိယပုဂ္ဂိုလ်” (၂၅) ဦးတွင် အမှတ်စဉ် (၁၅)မှ (၂၅)အထိ ပုဂ္ဂိုလ်တို့ကို ရှိခိုးရင် “အာပတ်” သင့်ပါတယ်။

မိဘ ဆရာသမားတို့ဟာ ရှိမခိုးကောင်းတဲ့ စာရင်းထဲမှာ ပါနေတဲ့အတွက် လုံးဝရှိမခိုးကောင်း ရှိမခိုးထိုက်ပါဘူး။

ရဟန်းတော်များ မိဘကို လုပ်ကျွေးပြုစုထိုက်ပါသည်။ ပြုစုလုပ်ကျွေးကောင်းပါတယ်။

ဖော်ပြပါ ရှိမခိုးကောင်းတဲ့ပုဂ္ဂိုလ် (၂၅) ဦးဟာ ရဟန်းအချင်းချင်း ရှိမခိုးကောင်းတဲ့ ပုဂ္ဂိုလ်များသာဖြစ်ပြီး “လူပုဂ္ဂိုလ်များ ဒကာ ဒကာမများနှင့် မသက်ဆိုင်ပါ”။


ကျမ်းညွှန်း။ ။စူဠဝါပါဠိတော်မြန်မာပြန် (စာမျက်နှာ၊၃၁၆၊ ၃၁၇။)

ပရိဝါပါဠိတော်မြန်မာပြန် (စာမျက်နှာ၊ ၄၇၃၊၄၇၄။)တို့ကို ကြည့်ရှုတော်မူကြပါဘုရား။

credit to orginal

Leave a Reply

Your email address will not be published. Required fields are marked *